နှစ်ပေါင်း ဘီလီယံနှင့်ချီရှိတဲ့ ကမ္ဘာ့ရှားပါးဆုံး Enigma အနက်ရောင်စိန်ကို ဒူဘိုင်းမှာ ထုတ်ဖော်ပြသ

//s9.kh1.co/d0/d088fb0896858f18847a9c8a5b26dc959c5d8462.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-ဇန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

နှစ်ပေါင်း ဘီလီယံနှင့်ချီရှိတဲ့ ကမ္ဘာ့ရှားပါးဆုံး Enigma အနက်ရောင်စိန်ကို ဒူဘိုင်းမှာ ထုတ်ဖော်ပြသထားပြီဖြစ်ပါတယ်။ Enigma စိန်ဟာ အလေးချိန် ၅၅၅.၅၅ ကာရက်ရှိပြီး ၅၅ မျက်နှာပါရှိပါတယ်။ Sotheby's Dubai မှ လက်ဝတ်ရတနာကျွမ်းကျင်သူ Sophie Stevens ကတော့ ဒီကာဗွန်ဒိုးနက်စိန်များဟာ ထူးခြားတဲ့ စိန်အမျိုးစားဖြင့် ခန့်မှန်းခြေအားဖြင့် နှစ် ၂.၆ မှ ၃.၈ ဘီလီယံအထိရှိပြီလို့ဆိုပါတယ်။ အဆိုပါ စိန်ကိုတော့ ပညာရှင်များက ပြင်ပကနေ ဆင်းသက်လာတယ်လို့လည်း ယုံကြည်ထားပါတယ်။ စိန်ဖြူများ နှင့် အခြားရောင်စုံစိန်များကို Kimberlite ကျောက်ဆောင်မှာ ပုံမှန်အားဖြင့် တွေ့ရပြီး ဒီစိန်တွေကတော့ မီးတောင်ပေါက်ကွဲမှုကနေ ကမ္ဘာမြေမျက်နှာပြင်ပေါ်သို့ ထွက်လာခဲ့တာလို့ ဆိုပါတယ်။

Photo Credit - The National
Photo Credit - The National
Photo Credit - The National
Photo Credit - The National

ကာဗွန်ဒိုစိန်များဟာ ဘရာဇီးလ်နှင့် ဗဟိုအာဖရိကသမ္မတနိုင်ငံများတွင်သာ ရှိတာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ဘီလီယံနှင့်ချီက ကမ္ဘာနှင့် ဥက္ကာခဲများ ရိုက်ခတ်မှုကနေ ထွက်ပေါ်လာတယ်လို့လည်း မှတ်ယူထားကြပါတယ်။ လက်ဝတ်ရတနာကျွမ်းကျင်သူ Sophie Stevens ရဲ့ ပြောဆိုချက်တွေအရ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဟာ ကမ္ဘာနဲ့ တိုက်မိပြီး ဒီစိန်တွေကို ဖြစ်ပေါ်စေတဲ့ ဓာတုအငွေ့တွေ ထွက်လာတာ၊ (ဒါမှမဟုတ်) ဒီစိန်တွေဟာ ကမ္ဘာနဲ့ တိုက်မိခဲ့တဲ့ ဥက္ကာခဲတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ ဒူဘိုင်းရှိ လက်ဝတ်ရတနာ စျေးကွက်မှာ ယခင်က မမြင်ဖူးသေးတဲ့ Enigma စိန်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။

Photo Credit - The National
Photo Credit - The National
Photo Credit - The National
Photo Credit - The National

အဲ့ဒီစိန်ကိုတော့ ကြာသပတေးနေ့အထိ ပြသထားမှာဖြစ်ပြီး ဖေဖော်ဝါရီ (၃) ရက်မှာ အွန်လိုင်းကနေ လေလံတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ Enigma စိန်ကို လက်ရှိပိုင်ရှင်မှ ၁၉၉၀ ခုနှစ်များမှာ ကျောက်ကြမ်းအဖြစ် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီစိန်နက်တွေရဲ့ ထူးခြားချက်က စိန်ဖြူတွေလို ဓာတုဗေဒ ဖော်စပ်မှုမျိုး မပါဝင်တာကြောင့် ပုံဆောင်ခဲတစ်ကြောင်းတည်းရှိတဲ့ စိန်တုံးတွေကို ဖြတ်ရတာ ပိုလွယ်ကူစေပါတယ်။ ကမ္ဘာ့အကြီးဆုံး Fancy Black လို့ခေါ်တဲ့ စိန်ကိုတော့ Dubai International Financial Centre ရှိ Sotheby's မှာ လက်ရှိပြသထားပါတယ်။

Photo Credit - The National
Photo Credit - The National
Photo Credit - The National
Photo Credit - The National

သတင်း အရင်းအမြစ် Source - The National

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T