မျက်စိသုံးလုံး နှာခေါင်းပေါက်လေးခုပါတဲ့ နွားလေးတစ်ကောင် အိန္ဒိယတွင် မွေးဖွား

//s9.kh1.co/96/960ee029c1585968b42fb95a2193ec85f1b960f2.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

.

အိန္ဒိယနိုင်ငံတွင် မွေးဖွားလာတဲ့ မျက်စိသုံးလုံးရှိ နွားမတစ်ကောင်ကို ဟိန္ဒူဘုရားရှီဗာရဲ့ ဝင်စားခြင်းလို့ အခိုင်အမာဆိုကြကာ “မြင့်မြတ်သော အံ့ဖွယ်အမှုများ” လို့ အမည်ပေးခဲ့ပါတယ်။ ရှားပါးနွားသငယ်‌ေလးဟာ သူ့ရဲ့နဖူးနှင့် နှာခေါင်းပေါက်လေးခုတွင် အပိုမျက်လုံးတစ်ခုဖြင့် မွေးဖွားလာတာကြောင့် ဒေသခံများဟာ အံ့ဩသင့်ခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံ Rajnandgaon ခရိုင်ရှိ Chhattisgarh ရွာမှ ဒေသခံ တစ်ချို့ က မျက်လုံးသုံးလုံး နွားသငယ်လေးဟာ နဖူးတွင် မျက်စိရှိတာ‌ေကြာင့် လူသိများတဲ့ ဘုရားသခင် Viswanatha ရဲ့ ဝင်စားတာဖြစ်ကြောင်း ဆိုကြပါတယ်။

https://s9.kh1.co/__image/w=650,h=467,q=100/2c/2c794529e897f97059a4b7708b5751b1b43c6c87.png
https://s9.kh1.co/__image/w=615,h=346,q=100/1d/1db2fec4d19e9675cfc19c63842e64e948a26cbf.jpg

နွားကိုကိုးကွယ်ရန် အနီးနားကျေးရွာများမှ လူအများအပြား စုပြုံရောက်ရှိလာကြပြီး ဒီနွားလေးဟာ Shiva ရဲ့မွေးဖွားခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း Sputnik က ဖော်ပြခဲ့ပါတယ်။ မျက်လုံးသုံးလုံးနှင့် နှာခေါင်းလေးပေါက်ဖြင့် မွေးဖွားလာတဲ့ ဒီတိရစ္ဆာန်ကို ဟိန္ဒူဘုရားနှင့် နှိုင်းယှဉ်ကြပေမယ့်လည်း တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးက ဒီနှိုင်းယှဉ်ချက်ကို သဘောမတူပါဘူး။ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့တဲ့ နွားကလေးဟာ ဒေသ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရ နံ့သာချောင်း၊ အုန်းသီးနှင့် ငွေများ ပူဇော်တဲ့ လူအုပ်ကြီးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=346,q=100/b6/b6a43fd75f46af77df4b0e8f688383212de357a3.jpg

ဟိန္ဒူ ရိတ်သိမ်းပွဲ ဖြစ်တဲ့ မကာ သင်္ကြန်မှာ စတင်ခဲ့တဲ့ အချိန်ဟာ တိုက်ဆိုင်မှု မဟုတ်ဘူးလို့ တချို့က ဆိုကြပါတယ်။ အိန္ဒိယသတင်းဌာန ANI နှင့် စကားပြောရာတွင် ရွာသူရွာသား Neelkumar Verma က "မျက်စိသုံးလုံးနဲ့နွားကို တခါမှ မတွေ့ဖူးပါဘူး။ အရှင် Shiva တစ်ပါးတည်းသာ ရှိပါတယ်။ အဲဒါက နတ်ဘုရားရဲ့ အံ့ဖွယ်အမှုပါ။" လို့ပြောပြခဲ့ပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန် Kamlesh Chaudhary က သန္ဓေသားလောင်းရဲ့ ပုံမှန်မဟုတ်တဲ့ ဖွံ့ဖြိုးမှုကြောင့် ထိုသို့သောဖြစ်ရပ်များ ဖြစ်ပေါ်လာရခြင်းမှာ အံ့ဖွယ်ကောင်းသည်ဟု မယူဆသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/20/2013c285d1b619615b02d27d0d2c1995cd1b7493.jpg

သတင်း အရင်းအမြစ် Daily Star

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T