Joachim Kroll ဟာ ၁၉၃၃ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ကလေး ရှစ်ဦးတွင် အငယ်ဆုံးတစ်ေယာက် ဖြစ်ပါတယ်။ သူဟာ အားနည်းတဲ့ ကလေးတစ်ဦးဟု သတ်မှတ်ခံရပြီး မကြာခဏ သူ့ရဲ့ အိပ်ရာဟာ စိုစွတ်နေကာ ဂျာမနီကအစပြုခဲ့တဲ့ ဒုတိယကမ္ဘာစစ်ရဲ့ သက်ရောက်မှုကြောင့် ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားခဲ့ရပါတယ်။ ဆယ်ကျော်သက်ဘ၀နှင့် ငယ်ရွယ်စဉ်ဘ၀တွင် Kroll ဟာ သူ့ရဲ့လိင်စိတ်ဆန္ဒများကို ဖြည့်ဆည်းပေးတဲ့ နည်းလမ်းအဖြစ် မုဒိမ်းကျင့်ရန် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။


အဲ့ဒီစိတ်နဲ့ပဲသူဟာ သက်တူအမျိုးသမီးများကို အနိုင်ထက်ပြုကျင့်ဖို့ စိတ်အားထက်သန်ခဲ့ပါတော့တယ်။ Kroll ရဲ့မိခင်ဟာ 1955 ခုနှစ်တွင်သေဆုံးသွားခဲ့ပြီးမကြာမီ Kroll ဟာ သူရဲ့ ပထမဆုံးလူသတ်မှုကိုကျူးလွန်ခဲ့ပါတယ်။ 1955 နှင့် 1976 ခုနှစ်ကြားတွင် လူမသိသူမသိတဲ့ ဂျာမန်လူသတ်သမား Joachim Kroll ဟာ လူသိအများဆံုး ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုအချို့ကို ကျူးလွန်ခြင်းဖြင့် အနောက်ဂျာမနီကို အကြမ်းဖက်ခဲ့ပါတယ်။


Kroll ဟာ လူ ၁၄ ဦးထက်မနည်းကို သိလျက်နှင့် သတ်ဖြတ်ခဲ့ပြီး လူအများအပြားကိုလည်း မုဒိမ်းပြုကျင့်ခဲ့ချေရှိပါတယ်။ Joachim Kroll ဟာ နောက်ပိုင်းတွင် အနှစ် 20 ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ သူ့ရဲ့ ထူးထူးဆန်းဆန်း လူသားစား ရာဇ၀တ်မှုများအတွက် Ruhr Hunter၊ Duisburg Man-Eater နှင့် Ruhr Cannibal အဖြစ် လူသိများလာခဲ့ပါတယ်။ အကြောင်းမှာ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ လူသတ်မှုကျူးလွန်သူအနေနဲ့ စားသုံးခဲ့နိုင်ချေရှိတာကြောင့်ပဲဖြစ်ပါတယ်။ သူအဖမ်းခံရခဲ့ချိန်မှာ သူဟာ သူ့ရဲ့နောက်ဆုံးသားကောင်ဖြစ်တဲ့ အသက် ၄ နှစ်အရွယ် Marion Ketter ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ကိုင်ဆောင်ထားခဲ့တာဖြစ်ပါတယ်။






