နစ်မြှုပ်သွားတာ ၁၀ နှစ်ရှိလာခဲ့ပေမယ့် အသက်ရှင်ကျန်ရစ် သူတွေအတွက် ခြောက်လှန့်နေဆဲဖြစ်တဲ့ Costa Concordia သင်္ဘောကြီး

//s9.kh1.co/4b/4b81a40732b499f653acf2d74239badb77536c81.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

အီတလီနိုင်ငံ Tuscany ကမ်းခြေမှာ လွန်ခဲ့တဲ့ ၂၀၁၂ ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၉:၄၅ မိနစ်မှာ Costa Concordia ဇိမ်ခံအပျော်စီးသင်္ဘောကြီးဟာ ရေအောက်ကျောက်ဆောင်ကို ဝင်တိုက်မိပြီး နစ်မြှုပ်ခဲ့တာဖြစ်ပါတယ်။ ယခုဆိုရင်တော့ သင်္ဘောကြီးနစ်မြှုပ်ခဲ့တာဟာ ၁၀ နှစ်တောင်ရှိလာခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီတုန်းက ခရီးသည် (၃၄) ယောက်၊ သင်္ဘောသား (၅) ယောက်သေဆုံးခဲ့သလို သင်္ဘောကြီးကို ပြန်ဖော်ရာမှာ ကယ်ဆယ်ရေးအဖွဲ့ လူ(၂) ဦးလည်း ထပ်မံသေဆုံးခဲ့ပါတယ်။

Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters

Costa Concordia ဇိမ်ခံသင်္ဘောကြီး ဖြစ်ရပ်ဆိုးတွေက ၁၀ နှစ်အတိုင်းအတာရှိလာခဲ့ပေမယ့် အသက်ရှင်ကျန်ခဲ့တဲ့သူတွေ နဲ့ သင်္ဘောကြီးနစ်မြှုပ်ခဲ့တဲ့ နေရာမှာ နေထိုင်ကြတဲ့ ကျွန်းသားတွေအတွက်တော့ လက်ရှိအချိန် ခြောက်လှန့်နေဆဲပါ။ ဘာလို့လဲဆိုရင် အဲ့ဒီသင်္ဘောကြီးနစ်မြှုပ်တဲ့ အချိန်တုန်းက သေဆုံးသွားသူတွေဟာ ယခုအချိန် မကျွတ်မလွတ်ကြသေးဘဲ အော်ငိုသံရယ်သံတွေ ကြားနေရသလို တစ်ခါတလေမှာ ပြေးလွှားနေကြတာကိုလည်း ထိတ်လန့်စရာ မြင်တွေ့ရပါတယ်တဲ့..။

Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters

သင်္ဘောကြီးနစ်မြှုပ်မှုမှာ အသက်ရှင် ကျန်ရစ်သူများကလည်း ထင်ကျန်ခဲ့တဲ့ ထိတ်လန့်စရာ အမှတ်တရတွေကို ပြန်လည်အသက်သွင်းဖို့နဲ့ သေဆုံးသွားသူများအတွက် နစ်မြှုပ်ခဲ့တဲ့ ကျွန်းဆီလာရောက်ပြီး ဝတ်ပြုဆုတောင်းပွဲတွေကို နှစ်စဥ်နှစ်တိုင်းပြုလုပ်ပေးပါတယ်။ Costa Concordia ဇိမ်ခံအပျော်စီးသင်္ဘောကြီးပေါ်မှာ အဲ့ဒီအချိန်တုန်းက ခရီးသည် ၄၂၀၀ ပါရှိပြီး ဥရောပ တခွင်ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောကြီးရဲ့ ကပ္ပတိန်ကတော့ လူသတ်မှု စွဲချက်ဖြင့် ၂၀၁၇ ခုနှစ်မှာ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သတင်း အရင်းအမြစ်Source - Reuters

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T