တာ့ခ်မင်နစ္စတန်နိုင်ငံက "ငရဲတံခါးဝ" လို့ခေါ်တဲ့ ကမ္ဘာ့အံဖွယ်ရာ တွင်းနက်ကြီးကို အပြီးတိုင်ပိတ်သွားအောင် အာဏာပိုင်တွေက စီစဉ်နေ

//s9.kh1.co/f5/f54ad5b505d65fb638e69ee98908e0d5719c6354.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-ဇန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

တာ့ခ်မင်နစ္စတန်နိုင်ငံက ကမ္ဘာ့အံဖွယ်နေရာတွေထဲကတစ်ခုဖြစ်တဲ့ Darvaza Gas Crater ခေါ် တစ်နည်းအားဖြင့် " ငရဲတံခါးဝ" ခေါ်ကြတဲ့ သဘာဝဓာတ်ငွေ့ မီးတွင်းကြီးကို အပြီးတိုင်ရပ်တန့်သွားဖို့ သမ္မတက ကြိုးစားနေပြီဖြစ်ပါတယ်။ မြို့တော် Ashgabat ရဲ့ မြောက်ဘက် မိုင် ၁၆၀ ခန့်အကွာတွင်ရှိတဲ့ အဆိုပါ ကန္တာရမီးတွင်းကြီးဟာ ဆယ်စုနှစ်များစွာကြာ မီးလောင်ကျွမ်းခဲ့ပြီး တာ့ခ်မင်နစ္စတန်သို့ လာရောက် လည်ပတ်တဲ့ ခရီးသွားတွေအတွက် ရေပန်းစားရာ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

Photo Credit - The National
Photo Credit - The National
Photo Credit - The National
Photo Credit - The National

၁၉၇၁ ခုနှစ်က ဆိုဗီယက် ဘူမိဗေဒပညာရှင်များဟာ အဆိုပါနေရာကို ရေနံတူးဖို့အတွက်ရောက်ရှိခဲ့ပြီး ရေနံထွက်နိုင်တယ်လို့ ထင်ရတဲ့နေရာကို စပြီးတူးတဲ့အခါမှာတော့ မြေကြီးဟာ ကျွံဝင်ပြီး ၂၂၆ ပေကျယ်ပြီး ၉၆ ပေနက်တဲ့ မီးတွင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ ဘူမိဗေဒပညာရှင်များက အဆိုပါ မီးတောက်လောင်နေတဲ့ တွင်းကြီးကို နှစ်ပတ်အကြာလောက်မှာ မီးငြိမ်းသွားမယ်လို့ ယူဆထားပေမယ့် ထင်ထားတဲ့အတိုင်း ဖြစ်မလာတော့ဘဲ မီးဟာ ယခုချိန်ထိ လောင်ကျွမ်းနေတာ ဖြစ်ပါတယ်။

Photo Credit - The National
Photo Credit - The National

ထိုစဉ်ကတည်းက လောင်ကျွမ်းခဲ့တဲ့ မီးဟာ အံ့သြစရာ ကောင်းလောက်အောင် တောက်လောင်ခဲ့တာကြောင့် သမ္မတ Gurbanguly Berdymukhamedov ဟာ ၂၀၁၉ ခုနှစ်က ထရပ်ကားတစ်စီးကို မောင်းပြီး ပတ်ပတ်လည်ကို ကြည့်ရှုခဲ့ကြောင့် နိုင်ငံပိုင် ရုပ်သံလိုင်းများမှာ ဖော်ပြခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ သမ္မတဟာ ဂေဟစနစ်ပျက်စီးပြီး ထိုဒေသမှာ နေထိုင်တဲ့ပြည်သူတွေအတွက် ကျန်းမာရေး ထိခိုက်စေနိုင်တာကြောင့် မီးတွင်းကြီးကို အပြီးတိုင်ရပ်တန့်သွားအောင် နည်းလမ်းကောင်းများများရှာဖွေဖို့ သမ္မတက အမိန့်ပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ Neitralny Turkmenistan မှာ ဖော်ပြခဲပါတယ်။

Photo Credit - The National
Photo Credit - The National

သတင်း အရင်းအမြစ်Source - The National

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T