ထူးဆန်းသတ္တဝါတစ်ကောင်ကြောင့် တိရစ္ဆာန်ရုံတစ်ခုလုံး ထိတ်လန့်ခဲ့ရ

//s9.kh1.co/6b/6baa695ff367ae4f7c01a846dd26fc64e649e21b.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

.

ဗြိတိန်နိုင်ငံရှိ တိရစ္ဆာန်ရုံတစ်ခုမှ တာဝန်ရှိသူများဟာ မကြာသေးမီက ကြိုးဝိုင်းပတ်ထားတဲ့ မွန်ငုပ်လှောင်အိမ်အတွင်းမှာ “လျှို့ဝှက်ဆန်းကြယ်တဲ့သတ္တဝါ” တစ်ကောင် ရေကူးနေတာကို တွေ့ရှိခဲ့ရတာကြောင့် အံ့အားသင့်ခဲ့ရပါတယ်။ ဝေလပြည်နယ်၊ Kilgetty ရှိ Folly Farm Adventure Park နှင့် တိရစ္ဆာန်ရုံမှ တိရစ္ဆာန်ဥယျာဉ်စောင့်များအား သတိပေးခဲ့တဲ့ ဧည့်သည်တစ်ဦးက ဒီ ထူးဆန်းတဲ့ သတ္တဝါကို ပထမဆုံး တွေ့ရှိခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=401,q=100/74/74877047f23bd5867e2e15f33f76ba233bd3248f.jpg

တိရစ္ဆာန်ရုံက ဒီသတ္တဝါဟာ “ငါတို့အားလုံးကို ခေါင်းကုတ်စဥ်းစား‌ေစတယ်” လို့ ပြောပါတယ်။ အဲ့နောက် ဒီသတ္တဝါကဘာလဲဆိုတာကို သိရှိကြဖို့ စတင်အမဲလိုက်ခဲ့ကြပါတယ်။ "ဒါဟာ သေးငယ်တဲ့ Loch Ness Monster ပဲလား။ အဲ့ Monster ကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရေအိမ်မြှောင်တစ်ကောင်ပါ” လို့ တိရစ္ဆာန်ရုံက ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုမှာ မေးမြန်းခဲ့ပါတယ်။ ဒဏ္ဍာရီအရ Loch Ness Monster ဟာ စကော့တလန်ရှိ Loch Ness ရေကန်တွင် နေထိုင်ပါတယ်။ အာဏာပိုင်များဟာ အဆိုပါ သတ္တဝါကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ကို ဖြန့်ကြက်ထားပြီး စုံစမ်း‌ေနကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/c0/c074722203ca1345224c56ceeb291fce696f9f07.jpg
https://s9.kh1.co/__image/w=650,h=520,q=100/d8/d8cdb4d8c58a11356913ffc272a63c559e8a7084.jpg

အဲ့ဒီနောက် ပြီးတော့ ရေကန်ထဲမှာ တစ်ယောက်ယောက် ပြုတ်ကျခဲ့တဲ့ မိကျောင်းရုပ်ကလွဲလို့ ဘာသတ္တဝါမှ မဟုတ်တာကို တွေ့ရှိခဲ့ပါတယ်။ ဒီထူးဆန်းနေတဲ့သတ္တဝါဟာ မိကျောင်းအရုပ်တစ်ခုသာဖြစ်ကြောင်း သိရှိလာပြီးနောက် တာဝန်ရှိသူများက “သက်ပြင်းနည်းနည်းချမိသည်” ဟု တိရစ္ဆာန်ရုံမှ ပြောကြားခဲ့ပါတယ်။ "ဒါပေမယ့် ဒီမီးခိုးရောင် တနင်္လာနေ့မနက်ခင်းမှာ ငါတို့အားလုံးကို ရယ်မောစေခဲ့တယ်" လို့ သူက ထပ်မံပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=418,q=100/f5/f5f8a086d11f95026fe89a2b93f8302736193c4a.jpg
https://s9.kh1.co/__image/w=650,h=375,q=100/95/95150734e879b75bd256677e72a2c65a31737d64.jpg

သတင်း အရင်းအမြစ် NDTV

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T