ကမ္ဘာဂြိုလ်နဲ့တခြားဂြိုလ်တွေမရှိခင်တုန်းက ဖြစ်ခဲ့တဲ့ ကြယ်ပေါက်ကွဲမူ (Supernova) ကိုလက်ရှိအချိန်မှာ မြင်တွေ့နိုင်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ် ဒါပေမဲ့မဖြစ်နိုင်တာတော့မဟုတ်ပါဘူး နက္ခတ္တဗေဒပညာရှင်တွေဟာ ပထမဆုံးအနေနဲ့ Supernova တစ်ခုကို မျက်ဝါးထင်ထင်မြင်ရခဲ့ပါတယ် ပေါက်ကွဲတဲ့ဖြစ်စဉ်က လေ့လာသူတွေ ခန့်မှန်းထားတာထက် ပိုကြမ်းတယ်ဆိုတာကိုလည်း သိလိုက်ရပါပြီ

ကမ္ဘာကနေ အလင်းနှစ်သန်းပေါင်း 120 လောက်မှာရှိပြီး ပျက်စီးတော့မှာဖြစ်တဲ့ အနီရောင်ကြယ်ကြီး SN 2020tlf ကိုသိပ္ပံပညာရှင်တွေစောင့်ကြည့်နေတာ ရက်ပေါင်း 100 ကျော်ခဲ့တယ်လို့ ပြီးခဲ့တဲ့ 6 ရက်နေ့က နက္ခတ္တရူပဗေဒဂျာနယ်မှာ ထုတ်ပြန်ခဲ့ပါတယ် စောင့်ကြည့်နေစဉ်ကာလအတွင်းမှာ ကြယ်ကြီးရဲ့မျက်နှာပြင်ပေါ်မှာ ဓာတ်ငွေ့အလုံးကြီး တောက်ပစွာပေါက်ကွဲနေတာကို မြင်ရတယ်လို့ဆိုပါတယ် ဒီလို Supernova အကြိုဖြစ်စဉ်ကြောင့် အရမ်းအံ့ဩခဲ့ပြီး အရင်တုန်းက လေ့လာခဲ့တဲ့ ပေါက်ကွဲလုနီးပါး ကြယ်ကြီးတွေမှာဆို ဒီလိုဖြစ်စဉ်မတွေ့ရဘူးလို့ ပြောပါတယ်

“ဒါဟာကြယ်ကြီးတွေသေခါနီး ဘယ်လိုဖြစ်တတ်လဲဆိုတာနဲ့ပတ်သက်တဲ့ ကျွန်တော်တို့နားလည်မူတွေကို လုံးဝပြောင်းလဲသွားစေပါတယ်”လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်က Wynn Jacobson-Galán ကပြောခဲ့ပါတယ် “ပထမဆုံးအနေနဲ့ ကြယ်ကြီးပေါက်ကွဲတာကို မြင်ခဲ့ရတာပါ”
အနီရောင်ကြယ်ကြီးတွေဟာ စကြာဝဌာထဲမှာ ထုထည်အကြီးဆုံးကြယ်ကြီးတွေပါ နေထပ်ကို အချင်းက အဆတစ်ရာ ဒါမှမဟုတ် အဆတစ်ထောင်လောက်ထိ ပိုကြီးနိုင်ပါတယ် နေလိုပဲ အူမကျောရိုးတိုင်ကနေ နျူကလီးယားဓာတ်ထုတ်လုပ်ပြီး စွမ်းအင်ထုတ်တာကြောင့် ဟိုက်ဒရိုဂျင်နဲ့ ဟီလီယံထက်ပိုလေးတာတွေပါ ပါလာတာမလို့ ကျောရိုးတိုင်ပိုပူလာ ပိုဖိအားများလာတဲ့နောက် သံနဲ့နီကယ်သတ္ထုတွေ ဖြစ်ပေါ်လာတဲ့အခါ စွမ်းအင်ကုန်၊ကျောရိုးတိုင်ပျက်စီးကာ ဓာတ်ငွေ့တွေထုတ်ပြီး Type II Supernova ဖြစ်ပေါ်လာပါတော့တယ်

ဒီကြယ်ဂာ 2020 ခုနှစ်ကတည်းက မျက်နှာပြင်ကနေ ဓာတ်ငွေ့တွေထုတ်ပြီး တောက်တောက်ပပဖြစ်နေလို့ သိပ္ပံပညာရှင်တွေဟာ ဟာဝိုင်ရီနက္ခတ္တဗေဒတက္ကသိုလ်က Pan-STARRS မှန်ပြောင်းနဲ့ Mauna Kea က W.M.Keck မှန်ပြောင်းတို့ကိုအသုံးပြုပြီး ရက်ပေါင်း 130 အထိလေ့လာခဲ့ကြတာပါ အဲ့အချိန်ကုန်တော့ ပေါက်ကွဲသွားပြီး ပေါက်ကွဲချိန် ကြယ်ရဲ့ဘေးပတ်ပတ်လယ်မှာ ဓာတ်ငွေ့တိမ်တိုက်တွေ တွေ့ခဲ့ရတယ်လို့ သိရပါတယ်

“သေနေတဲ့ အနီရောင်ကြယ်ကြီးတစ်လုံးက ဒီလောက်ထိ တောက်တောက်ပပဖြစ်ပြီး ပေါက်ကွဲပျက်စီးသွားတာမျိုးကို အခုမှသာမြင်ခဲ့၊အတည်ပြုနိုင်ခဲ့တာပါ”လို့ UC Berkeley ကနက္ခတ္တဗေဒပညာရှင် Raffaella Margutti ကထုတ်ပြန်ချက်တစ်ခုမှာ ပြောခဲ့ပါတယ်