Lego လို့ပြောလိုက်တာနဲ့ ကလေးဘဝတုန်းက ပိုက်ဆံအသည်းအသန်စုပြီး ဝယ်ခဲ့ရတဲ့ အတုံးအတုံးပုံစံအရုပ်လေးတွေဆိုတာ အားလုံးသိကြမှာပါ 1932 ခုနှစ်ကတည်းက စတင်ခဲ့တဲ့ Lego ရုပ်လေးတွေဟာ အခုချိန်ထိ ကလေးလူကြီး အရွယ်စုံကြားမှာ အောင်မြင်နေဆဲ အရုပ်လေးတွေပါ

Set အကြီးကြီးတွေကို ကလေးတွေသာမက လူကြီးတွေပါ သဘောကျအောင် အသေးစိတ်ကျကျ ထုတ်လုပ်ပေးတတ်တာမလို့ အဲ့ဒီ Set တွေကို ဝယ်စုထားကြသူတွေ Set တစ်ခုနဲ့တစ်ခုရောပြီး တခြား Lego ရုပ်အသစ်အသစ်တွေ တည်ဆောက်ကြသူတွေလည်း မနည်းပါဘူး အဲ့လူတွေထဲမှာ ဂျပန်လူမျိုးတစ်ယောက်ဖြစ်သူ Mitsuru Nikaido လည်းအပါအဝင်ပါပဲ

သူဟာ Lego ရုပ်တွေကို အရမ်းစိတ်ဝင်စားသူတစ်ယောက်ဖြစ်ပြီး Lego တွေကို တည်ဆောက်နေတာလည်း နှစ်ပေါင်းတော်တော်ကြာနေယုံသာမက Lego ချစ်သူတွေကြားမှာ နာမည်ကြီးသူတစ်ယောက်ပါ ဘာကြောင့်နာမည်ကြီးရသလဲဆို နာမည်ကြီး ဒိန်းမတ် Lego set တွေကို အသုံးပြုပြီး တိရစ္ဆာန်တွေရဲ့ ပုံစံတွေကို တည်ဆောက်ထားတာကြောင့်ဖြစ်ပါတယ် သူတည်ဆောက်တဲ့ တိရစ္ဆာန်အမျိုးအစားက တော်တော်လေးများပါတယ် အညိုရောင်နဲ့ အဖြူရောင်အတုံးတွေကို အဓိကအသုံးပြုထားတဲ့ အရုပ်တွေဟာ ရှင်းရှင်းလင်းလင်းနဲ့ စက်ရုပ်ပုံစံတွေဖြစ်ပါတယ်

သူတည်ဆောက်တဲ့ တိရစ္ဆာန်တွေဟာ ပင်လယ်ဖျံ ခရု ရှူးဘေငှက်ကြီး ပုစဉ်းရင်ကွဲ ရေဘဝဲနဲ့ ဒိုင်နိုဆောခေတ်က ချိုသုံးချောင်းနဲ့ ကြံ့ကြီးတွေအပါအဝင် တခြားတိရစ္ဆာန်တွေ အများကြီးပါ သူ့ရဲ့အရုပ်တစ်ခုတိုင်းဟာ ကွဲပြားတဲ့ စတိုင်တွေနဲ့ပါ အားလုံးကတော့ အဖြူရောင်မှာ အညိုရောင်ဖောက်ထားတဲ့ စတိုင်ဖြစ်ပြီး cyberpunk စတိုင် စက်ရုပ်စတိုင်တွေပါ

Lego အပိုင်းအစတွေနဲ့ပဲ အသေးစိတ်ကျတဲ့ ခြေတွေလက်တွေ လှုပ်ယမ်းနိုင်တဲ့အမြှီးတွေပါ တပ်ဆင်ထားပါတယ် တချို့အရမ်းအသေးစိတ်ကျတဲ့ အရုပ်တွေမှာတော့ မျက်လုံးတွေ နှုတ်သီးတွေအတွက် တခြားအရောင်တွေကို ထည့်သွင်းအသုံးပြုထားတာရှိပါတယ်

ခုရာရှီခီမြို့တော်က Lego တည်ဆောက်သူ Mitsuru Nikaido ရဲ့အရုပ်တွေကို ဝယ်ချင်တယ်ဆိုရင် သူ့ Website ကနေတဆင့်ဝယ်ယူနိုင်ပါတယ် သူ့ရဲ့ Followers ပေါင်း 19000 ကျော်ရှိတဲ့ Instagram မှာလည်း အရုပ်ပုံတွေကို တင်ယုံသာမက တချို့အရုပ်တွေကို ဒိန်းမတ်နိုင်ငံမှာရှိတဲ့ Lego အိမ်တော်မှာတောင် ပြသထားပါတယ် တကယ်လို့ရှေ့လျှောက် သူဘာအရုပ်တွေ ဆက်လုပ်ပြဦးမလဲ တခြားလုပ်ထားတဲ့အရုပ်တွေကရော ဘယ်လိုပုံစံတွေလဲသိချင်ရင်တော့ အောက်မှာဖော်ပြထားတဲ့ သူ့ Instagram အကောင့်ကို Follow လုပ်ထားလိုက်ပါ





