သုတေသီတွေ အံ့သြနေရတဲ့ ကျိုက်ထီးရိုးဆံတော်ရှင်ရဲ့ ထူးထွေဆန်းပြားမှုနဲ့ သမိုင်းကြောင်း​

//s9.kh1.co/c7/c760cd103e32823bd69659880f95cc97ea59568a.webp
ဗဟုသုတအဖြာဖြာ

 ၁၀-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

သဘာဝလွန် တည်ရှိနေပုံကြောင့် နိုင်ငံတကာ ရှေးဟောင်းသုတေသီများ အံ့သြနေ

မြန်မာနိုင်ငံ၊ မွန်ပြည်နယ်ရဲ့ အထင်ကရဖြစ်တဲ့ အရှေ့ရိုးမမှာ သဘာဝအတိုင်းတည်နေတဲ့ ထူးခြားအံ့ဖွယ် ကျိုက်ထီးရိုး စေတီတော်ဟာ တိမ်တွေအလယ် သပ္ပာယ်စွာ စံနေတော်မူပါတယ်။ ဆံတော်ရှင်ရဲ့ မူလအစနဲ့ နောက်ခံသမိုင်းကြောင်းများကလည်း ဘုရားဖူးပြည်သူတွေအတွက် ဒဏ္ဍာရီဆန်ဆန် အံ့သြစေပါသေးတယ်။

Image : GETTY
Image : GETTY

ကျိုက်ထီးရိုး တောင်စွန်းမှာ ၂၅ ပေ မြင့်တဲ့ ကျောက်တုံးကြီးဟာ ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်ပြီး တဲတဲလေး တင်နေပါတယ်။ လူသာမန်တစ်ယောက်အတွက် ဒါကို မြင်ရတာ ယုံနိုင်ဖွယ်ရာ ရှိမနေပါဘူး။ ဗုဒ္ဓဘာသာဝင်များကတော့ ကျောက်တုံးနဲ့ တောင်ကုန်းကြားမှာ ဆံတော် စံပယ်တော်မူနေပြီး ဆံတော်တန်ခိုးနဲ့ ကျောက်တုံး မလိမ့်သွားတာလို့ ယုံကြည်ကြပါတယ်။

Image : Smithsonian Channel
Image : Smithsonian Channel

မြန်မာလူမျိုးတွေဟာ ဒီလိုကျောက်တုံးနဲ့ စေတီတည်ပုံကို စိတ်မဝင်စားဘဲ ဒဏ္ဍာရီကိုပဲ အာရုံစိုက်နေကြပါတယ်။ အမေရိကန် ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Smithsonian channel က ကျိုက်ထီးရိုးဘုရားအကြောင်းကို "Wonders of Burma : Shrines of Gold" - ဗမာ့အံ့ဖွယ် ရွှေစေတီအနေနဲ့ တင်ဆက်ခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်မှန် ရုပ်သံမှာ ဇာတ်ကြောင်းပြောသူဟာ သဘာဝရဲ့ ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်နေနိုင်တဲ့အကြောင်းကို အထူးအလေးပေးပြီး ပြောသွားပါတယ်။ သူတို့လို သိပ္ပံသမားတွေအတွက်ကတော့ ဒါဟာ သဘာဝရဲ့ ထူးခြားဆန်းကြယ်မှုပဲ ဖြစ်ပြီး ပုံပြင်ဒဏ္ဍာရီတွေနဲ့ ပိုပြီး ကြည်ညိုအောင် လုပ်ထားတယ်လို့ ယူဆကြပါတယ်။

Image : GETTY
Image : GETTY

ကျိုက်ထီးရိုးဆံတော်ရှင်ရဲ့ သမိုင်းကြောင်းက လွန်ခဲ့တဲ့ နှစ်ထောင်ချီက မွန်ဘုရင့်လက်ထက်မှာ စခဲ့ပါတယ်။ တစ်နေ့မှာ ရသေ့တစ်ပါးဟာ သူ့ခမောက်ထဲက ဆံတော်တစ်မျှင်ကို မြတ်စွာဘုရားရဲ့ ဆံတော်ဖြစ်ကြောင်း ပြောပြီး ဘုရင်ကို လှူခဲ့ပါတယ်။ အခုလို လှူရတဲ့အတွက် ဘုရင်ဟာ အဲဒီရသေ့ရဲ့ ဦးခေါင်းနဲ့ ပုံစံတူတဲ့ ကျောက်တုံးတစ်ခုပေါ်မှာ ဆံတော်ဌာပနာပြီး စေတီ တည်ပေးရမယ် ဆိုပါတယ်။

Image : GETTY
Image : GETTY

ဘုရင်ကလည်း နယ်နယ်ရရတော့ မဟုတ်ပါဘူး။ ဖခင်က ဇော်ဂျီဖြစ်ပြီး မိခင်က နဂါးမင်းသမီးကနေ မွေးဖွားလာတဲ့အတွက် ထူးခြားတဲ့စွမ်းအင်တွေ ပိုင်ဆိုင်ထားပါသတဲ့။ သူဟာ သိကြားမင်းရဲ့ အကူအညီနဲ့ ရသေ့ဦးခေါင်းနဲ့ တူတဲ့ ကျောက်တုံးကို သမုဒ္ဒရာ ကြမ်းပြင်မှာ ရှာတွေ့သွားပါလေရော။ ရေထဲက ဆွဲထုတ်ပြီး တောင်ထိပ်ကို ရောက်အောင် ဘုရင်ကိုယ်တိုင် ဆွဲတင်ခဲ့ပါတယ်တဲ့။

Image : GETTY
Image : GETTY

ကျောက်တုံးကို တောင်စွန်းမှာ နေရာချပြီးတဲ့အခါ ကတိအတိုင်း ဆံတော်ရှင်မြတ်ကို တည်ထားကိုးကွယ်ခဲ့ပါတယ်။ ကျောက်တုံးကို ရေပေါ် သယ်တုန်းက သုံးခဲ့တဲ့ လှေကိုလည်း ကျောက်အသွင်ပြောင်းကာ ကျိုက်ထီးရိုးနဲ့ မီတာ ၃၀၀ အကွာမှာ ပူဇော်ထားပါတယ်။ ကျောက်သံပန်း စေတီတော်လို့ အမည်ရပါတယ်။

Image : GETTY
Image : GETTY

အခြားသော ဇာတ်ကြောင်းများလည်း အများကြီး ရှိပါသေးတယ်။ နောက်ခံဇာတ်လမ်းက ဘယ်လိုပဲ ဖြစ်ဖြစ် ကျိုက်ထီးရိုးစေတီတော်ဟာ ဘုရားဖူးများနဲ့ နိုင်ငံခြားသားတွေ လာရောက်ကြည်ညိုရာ နေရာတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် နိုဝင်ဘာနဲ့ မတ်လကြားမှာ လူအများဆုံး လာတာ တွေ့ရပြီး ဘုရားကို ကြည်ညိုတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကြည်နူးစရာ မြင်ကွင်းက အမြဲ ကြိုဆိုနေမှာပါ။

express.co.uk မှ "Archaeologists stunned by ancient Myanmar monument that 'defies gravity' ဆောင်းပါးကို ဘာသာပြန်ဆိုသည်။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T