တွစ်တာမှာ နာမည်ကြီးသွားတဲ့ အမေရီးကားမှ ချစ်စရာ နွားပေါက်လေးများ

//s9.kh1.co/0a/0a51fe3dd5acc3bf83d19bc8e30fc2ae54fbebdf.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

.

ပြီးခဲ့တဲ့ ဒီဇင်ဘာက တွစ်တာအသုံးပြုသူတစ်ယောက် ဖြစ်တဲ့ Rob N Roll အမည်ရ အကောင့်ပိုင်ရှင်ဟာ ချစ်စရာကောင်းတဲ့ နွားပေါက်လေးတွေ ပုံကို တင်ခဲ့ပြီး နှစ်သက်သူနဲ့  ဝေမျှသူ အများအပြား ရခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/f8/f85e03e33a89585c795c97dbebcb8b097b4368a7.jpeg

အမေရိကန်ပြည်ထောင်စုမှာ ဆောင်းတွင်းဆို အအေးလွန်ကဲတာကြောင့် နွားပေါက်လေးတွေရဲ့ နားရွက်ကလေးတွေကို နွေးထွေးအောင် အထူးပြုလုပ်ထားတဲ့ နားရွက်စွပ်ကလေးတွေနဲ့ ပုံကို တင်ခဲ့တာပါ။ အရုပ်ကလေးတွေလို ချစ်ဖို့ကောင်းလို့ လူတွေက နှစ်သက်ခဲ့ကြပြီး သူတို့မွေးထားတဲ့ နွားလေးတွေအတွက်ပါ လုပ်ပေးချင်လာကြပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/71/71c27ddb4580c588808cff8691fc1fe3d4795158.jpg

တကယ်တော့ ၂၀၁၉ ခုနှစ်က အမေရိကန်ပြည်နယ် ဝစ်စကိုစင်ပြည်နယ်က လယ်ပိုင်ရှင် ညီအစ်မဟာ သူတို့ နွားတင်းကုပ် မီးလောင်သွားတာမို့ အမိုးအကာမရှိဘဲ ချမ်းနေတဲ့ နွားပေါက်လေးတွေအတွက် ဒီဟာလေးကို စတင် တီထွင်ခဲ့တာလို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=882,q=100/78/7843cdf2b6656a5be2f1e96192b714a2bee1e945.jpg

အခုချိန်မှာတော့ နာမည်ကြီးနေပြီး Etsy လို ဘရန်းတွေကပါ ထုတ်လုပ်ရောင်းချနေကြပါပြီ။ အပူပိုင်းဒေသ ဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ မလိုအပ်လှပေမဲ့ ချစ်စရာကောင်းလို့ ဝေမျှလိုက်ပါတယ်။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T