ဗြိတိန်နိုင်ငံ Buckley မြို့မှာ ခရစ္စမတ်ကာလတုန်းက သောင်းကျန်းခဲ့တဲ့ "စိတ်ရောဂါသည်" ရှဉ့်လေးတစ်ကောင်ဟာ တိရစ္ဆာန်ဆေးကုဆရာဝန်ဆီမရောက်မှီ ၂ ရက်အတွင်း လူ ၁၈ ဦး ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်ခဲ့တယ်လို့ မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ရှဉ့်တစ်ကောင်ကြောင့်ခုလို လူအများအပြား ဒဏ်ရာရမယ်လို့ မတွေးထင်ခဲ့မိကြပါဘူး။

ဒီရှဉ့်လေးဟာ 'Gremlins' ဇာတ်ကားတွင် ရက်စက်ကြမ်းကြုတ်တဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရမှာဖြစ်ပြီး သူ့ကို Stripe လို့ အမည်ပြောင်ပေးထားပါတယ်။ ရှဉ့်လေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က Buckley, Flintshire တွင် လူများကို နှစ်ရက်ကြာ တိုက်ခိုက်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားပါတယ်။ ဒီကိစ္စဟာ အသက် ၆၅ နှစ်ရှိပြီးဖြစ်တဲ့ Corinne Reynolds အတွက် တော်တော်လေး ဒုက္ခရောက်ခဲ့ရပါတယ်။ ဘာလို့ဆိုသူမဟာ ပြီးခဲ့တဲ့ March လကတည်းက ရှဉ့်လေးကိုအစားကျွေးနေခဲ့ရတာဖြစ်ပြီး သူမရဲ့ပန်းခြံထဲကိုလည်းမကြာခဏလာလေ့ရှိကြောင်း ပြောခဲ့ဖူးပါတယ်။


Stripe ဟာ အစပိုင်းတွင် ငှက်အစာခိုးရန် လာခဲ့ပြီး Reynolds က မိသွားတဲ့အချိန်မှာ သူ့ကိုအစာကျွေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ ပြီးခဲ့တဲ့ အပတ်က ဥယျာဉ်မှာ ကျွေးမွေးရင်း အကိုက်ခံခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီနောက် မြို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အခြားအကိုက်ခံရမှုတွေနဲ့ တိုက်ခိုက်ခံရမှု သတင်းတွေကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ သူမက လူတွေရဲ့ ဒဏ်ရာပုံတွေကို မြင်ပြီးတာနဲ့ ရှည်လေး ဘယ်လိုများ ဖြစ်သွားတာလဲလို့ တွေးမိေနခဲ့ပါတယ်။ ခုချိန်မှာတော့ ရှဉ့်လေးဟာ လူ ၁၈ ယောက်ကို ဒဏ်ရာအနာတရ ရစေမှုနဲ့ တိရစ္ဆာန်ဆရာ၀န်လက်ထဲ ရောက်ရှိသွားပြီဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ Mid-Day





