အခြားငါးမန်းများရဲ့ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်တစ်၀က် မရှိပေမယ့်လည်း အစာရှာအမဲလိုက်နေတဲ့ 'ဖုတ်ကောင်ငါးမန်း' ကို သိပ္ပံပညာရှင်များက တွေ့ရှိပြီးနောက် မယုံကြည်နိုင်ဖြစ်ကာ ကျန်ရစ်ခဲ့ပါတယ်။ ဒေါက်တာ မာရီယို လီဘရာတိုဟာ သမုဒ္ဒရာ အနက်ရောင် ထိပ်ဖျား ငါးမန်းကို စပိန် ကမ်းရိုးတန်း ကမ်းလွန်ရေပြင်အတွင်းသို့ ပြန်လည် လွှတ်ပေးခဲ့ေပမယ့်လည်း မကြာမီ ခြုံခို တိုက်ခိုက် ခံခဲ့ရပါတယ်။

Mirror ရဲ့ဖော်ပြချက်အရ အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသားဟာ လွှတ်ပေးလိုက်တဲ့ငါးမန်းဟာ မယုံနိုင်လောက်အောင် အလေးချိန် ၄၀၀ ကီလိုဂရမ်အထိရှိတဲ့ နွားရိုင်းငါးမန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ ငါးမန်းနက်ကြီးဟာ သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းများစွာကို အကိုက်ခံရပေမယ့်လည်း တိုက်ခိုက်မှုမှလွတ်မြောက်ရန် မယုံနိုင်လောက်အောင်ပင် ဆက်လက်ကြိုးစားခဲ့ပါတယ်။


ဒေါက်တာ Lebtrato က ငါးမန်းဟာ သူ့ရဲ့ဒဏ်ရာကို မသေဆုံးမီ မိနစ် 20 ခန့် ရုန်းကန်ခဲ့ရကြောင်း ရှင်းပြခဲ့ပါတယ်။ သူက “ငါးမန်းတွေက ငါးမန်းတွေကို စားပါတယ်၊ ဒါက နာမည်ကြီးပေမယ့် ရုပ်ရှင်နဲ့ မှတ်တမ်းတင်ဖို့က အရမ်းခက်ပါတယ်။” ပြောခဲ့ပါတယ်။ ငါးမန်းနက်ကြီးဟာ လွှတ်မြောက်ပြီးနောက် သူရဲ့အစာကိုလည်း ဆက်လက်ပြီး လိုက်လံရှာဖွေခဲ့ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် များမကြာမီမှာပဲ ငါးမန်းဟာ သေဆုံးသွားခဲ့ပါတော့တယ်။
သတင်း အရင်းအမြစ်៖ Daily Record





