နှစ်သစ်ကူးမှာ ချပြခဲ့တဲ့ LEGO set အသစ်များ

//s9.kh1.co/23/23a6df76f841cf9c3f5b35ad04ecbe2425728cf7.png
ဗဟုသုတအဖြာဖြာ

 ၀၁-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၄ နှစ် က

.

နှစ်သစ် 2022 ဆီကို ကူးသန်းရောက်ရှိလာပါပြီ နှစ်သစ်မှာ အကြောင်းအရာအသစ်တွေနဲ့ အရာဝတ္ထုအသစ်တွေလည်း အများကြီးပေါ်ထွက်လာပါတယ် အဲ့လိုတွေထဲမှာ LEGO အရုပ်တွေလည်း တစ်ခုအပါအဝင်ပါပဲ 2022 ရဲ့ ပထမဆုံး LEGO အရုပ်တွေကို နှစ်သစ်ကူးညမှာ ချပြခဲ့ပါတယ်

မနေ့က ပြသခဲ့တဲ့ LEGO အရုပ်တွေကတော့ Star Wars,Sonic the Hedgehog,Super Mario,Harry Potter တို့ပါဝင်ပြီး တခြား set တွေလည်း ပါဝင်ပါသေးတယ် Marvel Set ကိုလည်း မြင်နိုင်မှာဖြစ်ပြီး တခြား Christmas theme တွေ New Year Theme တွေနဲ့ LEGO Set တွေကိုပါ အများအပြား ချပြထားပါတယ်  မနေ့ကချပြခဲ့တဲ့ Set တွေကို လက်ရှိအချိန်မှာဆို ဝယ်ယူရရှိ‌နိုင်နေပါပြီ

Star War Lego set(credit:lego.com)
Star War Lego set(credit:lego.com)
Star Wars Lego set(credit:lego.com)
Star Wars Lego set(credit:lego.com)

Star Wars set ထဲမှာဆို ဒီ set နှစ်ခုကို ချပြခဲ့ပါတယ်

Sonic the Hedgehog logo set(credit:lego.com)
Sonic the Hedgehog logo set(credit:lego.com)

Sonic ဂိမ်းထဲက Theme ပုံစံနဲ့ set ကို မနေ့ကချပြခဲ့ပါတယ်

Marvel Lego set(credit:lego.com)
Marvel Lego set(credit:lego.com)

လတ်တလော နာမည်ကြီးနေတဲ့ Spider-Man ဇာတ်ကောင်အပြင် Mile Moral Spider-Man,Spider-Gwen တို့ကိုပါ တွေ့ရမှာပါ

Ice Lego set(credit:lego.com)
Ice Lego set(credit:lego.com)

ဒါကတော့ New Year theme နဲ့ ရေခဲစကိတ်ကွင်း lego set ဖြစ်ပါတယ်

Harry Potter Lego set(credit:lego.com)
Harry Potter Lego set(credit:lego.com)

ကာရိုက်တာတွေ အများကြီးနဲ့ Harry Potter lego set ဖြစ်ပါတယ်

ငယ်ငယ်တုန်းက အတုံးလေးတွေဆက်ပြီး ဆော့ခဲ့ကြတဲ့ Lego အရုပ်လေး‌တွေဟာ ခုချိန်ထိ ကလေးလူကြီးမရွေး ကြိုက်နှစ်သက်တဲ့ Accessories တစ်ခုဖြစ်ယုံသာမက Brand တစ်ခု Luxury ပစ္စည်းတစ်ခုအဖြစ်ပါ သတ်မှတ်ခံနေရပါပြီ Lego ကုမ္ပဏီကလည်း နာမည်ကြီးဂိမ်းတွေ Public Figure တွေ ဇာတ်ကားတွေကို Lego set တွေအဖြစ် အသက်သွင်းရင်းနဲ့ ကမ္ဘာတဝှမ်းက အရွယ်မျိုးစုံ Lego ပရိသတ်တွေအများကြီးကို သိမ်းပိုက်ထားဆဲပါ

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T