မော်ဒယ်ဟောင်းတစ်ဦးဟာ သူ့ရဲ့ကျင်ငယ်ရည်ကိုသောက်သုံးခြင်းဖြင့် ဗိုက်က Six-Pack ကို ထိန်းသိမ်းထားနိုင်တယ်လို့ ပြောပြခဲ့ပါတယ်။ Troy Casey ဟာ အသက် 50 အရွယ်တွင် အထင်ကြီးရလောက်အောက် သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ထိန်းသိမ်းထားနိုင်ပါတယ်။ Troy ရဲ့ပြောပြချက်အရ လွန်ခဲ့တဲ့ 17 နှစ်လုံးလုံး သူဟာ နေ့စဉ်ေန့တိုင် သူ့ရဲ့ ကျင်ငယ်ရည်ကို သောက်သံုးနေခဲ့တာ ဖြစ်ပါတယ်။


သူအနေနဲ့ ခုလိုမျိုး ကျင်ငယ်ရည်ကို စစသောက်ချင်းမှာတော့ ခက်ခဲခဲ့ကြောင့်လည်း ပြောပြခဲ့ပါတယ်။ Casey ဟာ ရက်သတ္တပတ်ကြာအောင် ဆီးမြန်မြန်သွားခြင်းနှင့် သက်ကြီးရွယ်အို ကျင်ငယ်ရည်များကို သူရဲ့ စအိုတွင် ထည့်ထားလေ့လည်း ရှိပါတယ်။ သူဟာ ယခင်က Versace အတွက် Model လုပ်ခဲ့ပြီး ယခုအခါ Life Coach နဲ့ Healer တစ်ယောကခအဖြစ် နေထိုင်လျက်ရှိပါတယ်။


အမေရိကန်ပြည်ထောင်စု Arizona မှ Casey ဟာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုတွင် "ဆီးကုထုံးဟာ ရှေးကျတဲ့ အလေ့အထတစ်ခုဖြစ်တယ်၊ ဒါပေမယ့် ဒီကိစ္စကို များများစားစားပြောလေ့မရှိကြဘူး။ သင့်ရဲ့ဆီးထဲမှာ အမိုင်နိုအက်ဆစ်၊ ပင်မဆဲလ်များနှင့် ပဋိပစ္စည်းများ အပြည့်ရှိပါတယ်။ ကျွန်ေတာ် မနက်တိုင်း ကိုယ့်ဆီးကိုယ်သောက်တယ်။ ခံစားချက်က လျှပ်စစ်စီးသလိုပါပဲ။ သက်ကြီးရွယ်အို ကျင်ငယ်ရည် လိမ်းခြင်းဟာ ငယ်ရွယ်ေနရခြင်း အကြောင်းအရင်းဖြစ်ပြီး ကိုယ့်ဆီုးကိုယ်သောက်ချင်းဟာ ကျွန်တော့်ဗိုက်က Six-Pack ကိုထိန်းသိမ်းတဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။" လို့ပြောပြခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ Female First