လူ့ဘဝဆိုတာ တစ်သက်မှာတစ်ခါပဲရှင်သန်ရတာပါ။ လူသားတွေဟာ မိခင်ဗိုက်ထဲကနေ မွေးဖွားလာခဲ့စဉ် အချိန်ကစလို့ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ အသက်အရွယ် အပိုင်းအခြား အဆင့်ဆင့်ကို ဖြတ်သန်းကြရပါတယ်။ ဘဝအတွေ့အကြုံကို ယှဉ်ကြည့်မယ်ဆိုရင်တော့ အသက်ကြီးတဲ့သူတွေက အသက်ငယ်တဲ့သူတွေထက် တွေ့ကြုံရတဲ့အဖြစ်အပျက်တွေပိုပြီးများပါတယ်။ သက်ကြီးစကား သက်ငယ်ကြားဆိုသလို အဘိုးအဘွားတွေကြုံခဲ့ရတဲ့ ဘဝအတွေ့အကြုံသက်တမ်းဟာ လူငယ်တွေထက် ပိုပြီးများပါတယ်။ဒီတစ်ခေါက်မှာလည်း အမေရိကန်နိုင်ငံ Wheatland Manor မှာနေထိုင်တဲ့ ဘဝရဲ့နောက်ဆုံးအသက် အပိုင်းအခြားကိုရောက်ရှိနေတဲ့ အဘိုးအဘွားတွေရဲ့ အဖိုးတန် စကားလက်ဆောင်လေးတွေက လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားလျက်ရှိပါတယ်။
Wheatland Manor မှာနေထိုင်တဲ့ အဘိုးအဘွားတွေကပေးတဲ့ လူငယ်တွေအတွက် အကြံဉာဏ်လေးတွေကို အားလုံးပဲ သိရှိရစေဖို့ ဝေမျှပေးလိုက်ရပါတယ်နော်။ အောက်ကစာလေးတွေနဲ့ ပုံလေးတွေနဲ့ကို တစ်ပုံချင်းကြည့်သွားပေးကြပါ။

အဘွား - Helen
အသက် - ၉၈ နှစ်
လူငယ်တွေကိုပေးချင်သောစကားလက်ဆောင် - လူတိုင်းအပေါ်ကောင်းပေးပါ။

အဘွား - Lois
အသက် - ၉၃ နှစ်
လူငယ်တွေကိုပေးချင်သောစကားလက်ဆောင် - ချစ်တတ်ဖို့ပဲ ကြိုးစားပါ။ မုန်းတတ်ဖို့ မကြိုးစားပါနဲ့။

အဘွား - Doris
အသက် - ၈၉ နှစ်
လူငယ်တွေကိုပေးချင်သောစကားလက်ဆောင် - ဘဝမှာပျော်ရွှင်ဖို့ အချိန်များများ ပိုသုံးပေးပါ။

အဘိုး - Charles
အသက် - ၉၁ နှစ်
လူငယ်တွေကိုပေးချင်သောစကားလက်ဆောင် - ပိုက်ဆံစုပါ။

အဘွား - Mary
အသက် - ၉၀ နှစ်
လူငယ်တွေကိုပေးချင်သောစကားလက်ဆောင် -ကိုယ်ပျော်ရွှင်တဲ့အလုပ်ကိုသာလုပ်ပါ။

အဘွား - Alice
အသက် - ၉၄ နှစ်
လူငယ်တွေကိုပေးချင်သောစကားလက်ဆောင် - ပြုံးပါ ။ ကမ္ဘာကြီးက မင်းနဲ့အတူလိုက်ပြုံးနေပါတယ်။

အဘွား - Lola
အသက် - ၈၆ နှစ်
လူငယ်တွေကိုပေးချင်သောစကားလက်ဆောင် - အရှိန်လျော့ပါ။ (ဖြည်းဖြည်းသွားပါ။)

အဘွား - Natalie
အသက် - ၉၉ နှစ်
လူငယ်တွေကိုပေးချင်သောစကားလက်ဆောင် - ကိုယ်ကိုယ်တိုင်နဲ့ရော အခြားသူတွေနဲ့ပါ အမြဲပျော်ရွှင်အောင်နေတတ်ပါစေ။

အဘိုး - Gail
အသက် - ၇၇ နှစ်
လူငယ်တွေကိုပေးချင်သောစကားလက်ဆောင် - အလုပ်ကြိုးစားပါ။

အခုပြောသွားတဲ့ စာသားနဲ့ပုံလေးတွေက ဘဝမှာ ရှင်သန်ဖို့ အချိန်အများကြီးမကျန်တော့တဲ့ အဘိုးအဘွားတွေရဲ့ စကားလက်ဆောင်လေးတွေပဲဖြစ်ပါတယ်။ ဒီအချက်လေးတွေထဲမှာ အဘိုးအဘွားတွေကိုယ်တိုင် လိုက်မလုပ်ဖြစ်ခဲ့ရတဲ့ အရာတွေလည်းပါပါတယ်။ အဘိုး အဘွားတွေရဲ့ ဘဝမှာ လိုက်မလုပ်ဖြစ်ခဲ့ရလို့ နောင်တအဖြစ်ကျန်နေတဲ့စကားလေးတွေကို လူငယ်တွေသတိထားမိစေဖို့ အသိပေးထားတဲ့ စာသားလေးတွေဖြစ်တာကြောင့် ယူတတ်တဲ့သူတွေအတွက် အရမ်းကို အဖိုးထိုက်တန်လှပါတယ်။ အားလုံးပဲ ဘဝရဲ့ နေဝင်ချိန်ကို ရောက်တဲ့အချိန်မှာ နောင်တတရားတွေ မကျန်နေရအောင် အဘိုးအဘွားတွေရဲ့ စကားလက်ဆောင်လေးအတိုင်း လိုက်ပြီးလုပ်ကြည့်ပေးကြပါနော်။