အိမ်မွေးတိရစ္ဆာန်တွေဟာဆိုရင် သခင်ရဲ့ကျေးဇူးကို သိရှိကြပါတယ်။ အိမ်ထဲသူစိမ်းရောက်လာတဲ့အချိန်ေတွမှာဆိုရင် ခွေးတွေဟာအမြဲဟောင်းတက်လေ့ရှိကြပြီး တချို့ခွေးတွေဆို သခင်ပြန်အလာကို နှစ်ချီထိုင်စောင့်နေတက်ကြပါတယ်။ ခုအခါမှာတော့ ကြောင်လေးတစ်ကောင်က အဘွားအိုတစ်ေယာက်ရဲ့ အသက်ကို ကယ်တင်ရန် အကူအညီတောင်းခံခဲ့တာပဲဖြစ်ပါတယ်။ ကြောင်လေးကြောင့်လည်း သခင်ဖြစ်သူဟာ အသက်ရှင်ခဲ့ရပါတယ်။


ဒီကြောင်လေးကတော့ အင်္ဂလန်နိုင်ငံ Cornwall မှာရှိတဲ့ လျှိုထဲမှာ အသက် 83 နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျခဲ့ပြီး ကယ်ဆယ်သူတွေကို ရှာဖွေရာမှာ ကူညီပေးခဲ့တဲ့ ကြောင်တစ်ကောင်ဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးဟာ တစ်နာရီကျော်ကြာ ပျောက်ဆုံးနေပြီး သက်ဆိုင်ရာ အိမ်နီးချင်းများက အရေးပေါ် ဝန်ဆောင်မှုများ ခေါ်ယူခဲ့ကြောင်း BBC သတင်းက ဖော်ပြခဲ့ပါတယ်။ ရဲများက သူမကို ရှာဖွေခဲ့ေပမယ့်လည်း မတွေ့ရှိခဲ့ကြပါဘူး။


ဒါပေမယ့်ရှာဖွေရေးလုပ်နေတုန်းမှာ ကြောင်တစ်ကောင်ရဲ့ အော်နေသံကို ကြားခဲ့ရတာကြောင့် အော်သံနောက်လိုက်ခဲ့ရာမှာ ပျောက်ဆုံးနေတဲ့အမျိုးသမီးကို တွေ့ရှိခဲ့ကြပါတယ်။ လမ်းသွားလမ်းလာတစ်ဦးက ကြောင် Piran ရဲ့ ကျယ်လောင်စွာအော်သံကိုကြားရခဲ့ေကြာင်းေပြာပြခဲ့ပါတယ်။ အဲ့နောက် ကယ်ဆယ်ရေးသမားများက အဆိုပါ အမျိုးသမီးဟာ ပေ ၇၀ အမြင့်ရှိ ချောင်းထဲကို ပြုတ်ကျခဲ့တာကြောင့် ရှာတွေ့ဖို့မလွယ်ကူကြောင်း BCC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ CBS news





