ကိုရီးယားလည်းမဟုတ်သလို ဂျပန်လည်းမဟုတ်ပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ ဆီးနှင်းတွေဖွေးဖွေလှုပ်ကျနေတဲ့နေရာ

//s9.kh1.co/bc/bc6c30e6404256a1d766610be392455e269c34fd.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ကိုရီးယားလည်းမဟုတ်သလို ဂျပန်လည်းမဟုတ်ပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ ဆီးနှင်းတွေဖွေးဖွေလှုပ်ကျနေတဲ့နေရာ

ကိုရီးယားလည်းမဟုတ်သလို ဂျပန်နိုင်ငံလည်းမဟုတ်ပေမယ့် နိုင်ငံရပ်ခြားတိုင်းပြည်တစ်ခုကိုရောက်သွားသလိုမျိုးနှင်းတွေ ဖွေးဖွေးလှုပ်ကျနေတဲ့ နေရာလေးတစ်နေရာ မြန်မာနိုင်ငံမှာ ရှိပါတယ်။ နေရာလေးကတော့ ကချင်ပြည်နယ် ၊ ပူတာအိုခရိုင် ၊ ခေါင်လန်ဖူးမြို့နယ် ၊ ဇီးထန်းအုပ်စုမှာရှိတဲ့ ရေခဲပြင်ရွာလေးဖြစ်ပါတယ်။ရွာလေးနာမည်က ရှိန်းခေါင်းရွာပါ။ ပူတာအိုခရိုင် ဟာ အာရှတိုက်ရဲ့ "ဆီးနှင်းမြို့တော်" စာရင်းမှာပါဝင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

Photo - Crd
Photo - Crd

ရှိန်းခေါင်းရွာလေးမှာဆိုရင် ဆောင်းလလယ်လောက်ကစလို့ နွေဦးကာလရောက်တဲ့ အထိ ဆီးနှင်းများထူထပ်စွာ ဖုံးလွှမ်းနေတတ်ပါတယ်။ သွာရလာရခက်ခဲသလို ရောက်သွားရင်လည်း မြန်မာနိုင်ငံကို ရောက်နေတယ်လို့ကို မခံစားရတော့အထိကိုဖြစ်သွားစေမယ့် ရေခဲပြင် ရွာလေးပါ။ ဆီးနှင်းများဖြင့် အရမ်းကိုလှပလွန်းတဲ့ ရှိန်းခေါင်းရွာလေးမှာ လူဦးရေ ၁၅၀၀ လောက် နေထိုင်ကြတယ်လို့ သိရပါတယ်။

Photo - Crd
Photo - Crd
Photo - Crd
Photo - Crd
Photo - Crd
Photo - Crd

ရှိန်းခေါင်းရွာလေးကို သွားနိုင်မယ့် လမ်းကြောင်းလေးကတော့ မြန်မာပြည်တွင်းကနေ သွားမယ်ဆို မြစ်ကြီးနား - ပူတာအို - မချမ်းဘော့ - မဂွေဇ - ရီဒမ်း - ခေါင်လန်ဖူး - အဘွမ်ထန် - ညီဝါး - ဇန်ယော့ မှ ရှိန်းခေါင် ကိုသွားရမှာဖြစ်ပါတယ်။

Photo - Crd
Photo - Crd
Photo - Crd
Photo - Crd

လမ်းခရီးက အရမ်းကြမ်းပြီး တချို့နေရာတွေ ကားလမ်းမပေါက်သေးတာကြောင့် သွားလည်ချင်တယ်ဆိုရင်တော့ အစီအစဉ်လေး သေချာချပြီး သွားမှ အဆင်ပြေမယ့်နေရာလေးဖြစ်ပါတယ်။ ရာသီဥတုကွာခြားချက်အရမ်းမြင့်တာကြောင့် အရိုးခိုက်လောက်အောင် အေးတဲ့ဒဏ်ကို ခံနိုင်ပြီး ကျန်းမာရေးတော်တော်လေးကောင်းမှ သွားဖို့တော့ အကြံလေး ပြုပါရစေနော်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T