စပိန်ဘုရားကျောင်းအပြင်ဘက် လှေကားထစ် ၁၀၀ ကျော်တက်ချိန်မှာတော့ ဗီယက်နမ် ကာယဗလသမား ညီအစ်ကိုနှစ်ေယာက်ဟာ ဂင်းနစ်ကမ္ဘာ့စံချိန်ကို ပြန်လည်ရရှိခဲ့ပါတယ်။ လှေကားပေါ်ကို ရိုးရိုးတက်ခဲ့ကြတာတော့မဟုတ်ပါဘူး။ တစ်ယောက်ေခါင်းပေါ်ကို နောက်တစ်ေယာက်က ဇောက်ထိုးခေါင်းနဲ့နေပြီး လှေကားထစ်ေတွကို တက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီညီအစ်ကိုနှစ်ဦးကတော့ ဆပ်ကပ်ဖျော်ဖြေတဲ့ ညီအစ်ကိုများဖြစ်ကြပြီး Giang Quoc Co, 37 နှစ်နှင့် Giang Quoc Nghiep, 32 နှစ်တို့ပဲဖြစ်ပါတယ်။ သူတို့ဟာ Girona ရှိ St. Mary's Cathedral အပြင်ဘက် လှေကားထစ် 100 ကျော်ကို တက်ခဲ့ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့ကြတာပါ။


ဘုရားကျောင်းမှာ လှေကားထစ် ၉၀ သာရှိတာကြောင့် ပွဲစီစဉ်သူတွေက ဒီပွဲအတွက် နောက်ထပ်လှေကား ၁၀ ခု ဆောက်ခဲ့တယ်လို့ ညီအစ်ကိုတွေက ပြောပြခဲ့ပါတယ်။ "ခြေလှမ်းသစ်တွေဟာ ရှိပြီးသား လှေကားထစ် 90 နဲ့ ယှဉ်ရင် မတူညီတဲ့ အမြင့်နဲ့ မတူညီတဲ့ လှေကားအမျိုးအစားပါ။ ဒီလှေကား 10 ထစ်ကို ကြိုပြီး လေ့ကျင့်ဖို့ အခွင့်အရေး မရှိခဲ့ပါဘူး" လို့ Giang Quoc Co မှ VNexpress သို့ ပြောကြားခဲ့ပါတယ်။ "ကျွန်ေတာ်တို့ဟာ ကျွန်ေတာ်တို့ရဲ့ အတွေ့အကြုံကို အသုံးပြုကာ၊ တည်ငြိမ်သော အသက်ရှုမှုနှင့် ခြေနှုန်းများကို ထိန်းသိမ်းထားပြီး ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိရန် အလယ်အလတ်အမြန်နှုန်းကို အသုံးပြုထားခဲ့ပါတယ်" ဆိုပြီး ပြောပြခဲ့ပါတယ်။


ဒီညီအစ်ကိုနှစ်ဦးဟာ လှေကားထစ် ၁၀၀ ကို 53 စက္ကန့်အတွင်း လျှောက်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ Giangs များဟာ တူညီသောဘုရားကျောင်းရှိ လှေကား 90 ကိုတက်ခဲ့ဖူးပြီး 2016 ခုနှစ်တွင် အလားတူစံချိန်တင်ခဲ့ပါတယ်။ 2018 ခုနှစ်တွင် ပီရူး ကာယဗလသမား Pablo Nonato Panduro နှင့် Joel Yaicate Saavedra တို့က လှေကားပေါင်း 91 ခုဖြင့် စံချိန်ချိုးခဲ့ပါတယ်။ခုတော့သူတို့ရဲ့ အံ့မခန်းလုပ်ရပ်ကြောင့် စံချိန်ပြန်ချိုးနိုင်ခဲ့ပြီး အောက်မှာလည်း သူတို့ရဲ့ ရုပ်သံကို ဖော်ပြလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ UPI





