သင်္ချိုင်းကုန်း ဆိုတာဟာ ကြောက်တဲ့သူတွေမသွားရဲတဲ့နေရာတစ်ခုပါ။ တကယ်လို့ သင်အနေနဲ့ သွားရဲရင်တောင်မှ ညဘက်သွားခိုင်းတဲ့အခါကျ နည်းနည်းတော့ တွန့်ဆုတ်နေမိပါလိမ့်မယ်။ ညဘက်အခါမှာ သွားဖို့မပြောပါနဲ့....အဲ့ရှေ့ကပဲ ဖြတ်ပါဆိုရင်တောင် ကျောချမ်းသလို ခံစားရမှာအမှန်ပါပဲ။ ဒီလိုအလားတူဖြစ်ရပ်မျိုးနဲ့ ကြုံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဇာတ်လမ်းကို ပြောပြသွားမှာဖြစ်ပါတယ်။


တစ်ညမှာ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ဆိုင်ကယ်လေး ဆီကုန်နေတာကြောင့် အလုပ်မှာပဲထားခဲ့ပြီး လမ်းလျှောက်ပြန်လာခဲ့ပါတယ်။ သူမအိမ်ပြန်လမ်းမှာတော့ သင်္ချိုင်းကုန်းတစ်ခုရှိပါတယ်။ သူမကလည်း အမြဲညဘက်တွေမှာပြန်ရပြီး ဒီရှေ့ကအမြဲဖြတ်နေရတာကြောင့် လမ်းလျှောက်မဖြတ်ရဲတာမို့ လစာလေးစုပြီး ဆိုင်ကယ်တစ်စီး၀ယ်ထားရတာပါ။ ခုတော့သူမ ကျောချမ်းစွာနဲ့ ဖြတ်ရတော့မှာပါ။ သင်္ချိုင်းကုန်းဂိတ်နားနီးလာတာနဲ့ သူမလည်း သူမလည်းကြောက်လာပြီး တုန်လှုက်နေခဲ့ပါတယ်။


ရုတ်တရက် သူမရှေ့ကနေ လူတစ်ယောက် လမ်းလျှောက်လာတာကို တွေ့လိုက်ရတာကြောင့် သူမလည်း စိတ်သက်သာရာ ရသွားခဲ့ပါတယ်။ ဒါနဲ့သူမလည်း ထိုအမျိုးသားဆီကနေအကူအညီတောင်းခဲ့ပါတယ်။ " အစ်ကိုရေ ကျွန်မကိုကျေးဇူးပြုပြီးတော့ အိမ်အထိ လမ်းအတူတူလျှောက်ပို့ပေးလို့ရမလား " ဆိုပြီးကူညီတောင်းခဲ့တာ အမျိုးသားကလည်း ကူညီပေးခဲ့ပါတယ်။ သင်္ချိုင်းကုန်းနား ရောက်တဲ့အချိန်မှာတော့ ကောင်မလေးက ထိုအမျိုးသားကို သူမက လူသေတွေကိုကြောက်ကြောင်းပြောခဲ့ပါတယ်။ အဲ့ချိန်မှာ အမျိုးသားက သူမကိုကြည့်ပြီး ပြုံးကာ " မင်းဘာလို့ ငါတို့ကို ကြောက်တာလဲ " ဆိုပြီးမေးလိုက်ပါတော့တယ်။ သင်လည်းညဘက်အိမ်ပြန်ရင် သရဲနဲ့အတူတူ လမ်းလျှောက်မမိပါစေနဲ့အုန်း။