ပလတ်စတစ်ဘူးကနေ ရှူးဖိနပ်တွေအတွက် ချည်မျှင်တွေထုတ်လုပ်နေတဲ့ Adidas

//s9.kh1.co/12/12ceec01f734f7ce2176c6ec6e2e79a7660b0ad4.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-ဒီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၄ နှစ် က

.

Sneaker တွေနဲ့ အဝတ်အစားတွေထုတ်လုပ်နေတဲ့ နာမည်ကြီး ကုမ္ပဏီ Adidas ဟာ 2015 ခုနှစ်ကစတင်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဥ်တစ်ခုကို စတင်ခဲ့ပါတယ် အဲ့ဒီအစီအစဥ်ကတော့ ပင်လယ်ထဲက ပလတ်စတစ်ရေဘူးတွေကနေတဆင့် ရှူးဖိနပ်တွေထုတ်လုပ်ခြင်းပါ 

credit
credit

Adidas ဟာ နှစ်တိုင်း ဖိနပ်အရံပေါင်း သန်း 400 ကျော်ထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးပါ ဒီလိုဖိနပ်တွေအများကြီးကို ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ကုန်ပစ္စည်းတွေကလည်း မနည်းမနောပါပဲ နှစ်တိုင်းဒီလိုကုန်ပစ္စည်းတွေကို ထုတ်လုပ်နေရတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး ပစ္စည်းအသစ်တွေသုံးရတာကလည်း ပတ်ဝန်းကျင်အတွက် မကောင်းတဲ့ကိစ္စတစ်ခုဖြစ်ပါတယ် 2019 ခုနှစ်ကစလို့ နောက်နှစ် 30 နေရင် ပင်လယ်ထဲမှာ ငါးပမာဏထက် ပလတ်စတစ်ပမာဏတွေက ပိုများလာမယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးပြောဆိုထားပါတယ် ပင်လယ်ကမ်းစပ်တွေမှာနေထိုင်တဲ့ ငှက်တွေရဲ့စားအသောက်ထဲမှာလည်း 90% လောက်က ပလတ်စတစ်တွေဖြစ်ပါတယ် ဒီလိုကိစ္စတွေဟာ လူတွေအတွက်ရော ပင်လယ်နေသတ္တဝါတွေအတွက်ရော ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး

credit
credit

Adidas ဟာ 2015 ခုနှစ်မှာ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့အစည်း Parly the Ocean နဲ့ သဘောတူညီချက်တစ်ခုယူခဲ့ပါတယ် သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ပလတ်စတစ်ဘူးတွေကနေ ရှူးဖိနပ်တွေ ထုတ်လုပ်ဖို့ပါ 2019 ခုနှစ်အထိ ပလတ်စတစ်တန်ပေါင်း 2810 တန်ကို ပင်လယ်ထဲရောက်မှာကနေ ကာကွယ်နိုင်ခဲ့ပါတယ် လုပ်ငန်းစဥ်ကတော့ Parlay က ပလတ်စတစ်ဘူးတွေကောက်ပြီး Adidas စက်ရုံကို ပို့ပေးရပါတယ် စက်ရုံကိုရောက်လာတဲ့ဘူးတွေကို ခြေမွ ရေဆေးပြီး အခြောက်ခံပါတယ် အဲ့နောက်ပလတ်စတစ်တွေကို အမှုန့်ခြေပြီး ပိုလီစတာလို့ခေါ်တဲ့ ဓာတုချည်မျှင်လေးတွေ လုပ်ယူပါတယ်

credit
credit

များသေားအားဖြင့် PET လို့ခေါ်တဲ့ Polyethylene terephthalate ပါတဲ့ဘူးတွေကို အသုံးပြုပါတယ် မလိုအပ်တဲ့ဘူးခွံတွေကိုတော့ တခြား Recycle စက်ရုံတွေကို ပို့ဆောင်ပါတယ် အဲ့ကနေရရှိတဲ့ချည်တွေကို အင်္ကျီတွေပေါ်ကချည်တွေ ဖိနပ်ပေါ်ကချည်တွေအဖြစ် အသုံးပြုပါတယ် ဒီလိုချည်နဲ့အပေါ်ယံထားတဲ့ ဖိနပ်တွေဟာ Adidas ရဲ့ တခြားဖိနပ်တွေအတိုင်း အရည်အသွေးအတူတူပါပဲ ဒီဖိနပ်တွေကို ကျောင်းဘောလုံးပွဲတွေ ဘေ့စ်ဘောပွဲတွေ NHL နဲ့ တခြားအားကစားပွဲတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိပါတယ် ဒါပေမဲ့ဒီလိုချည်နဲ့လုပ်ထားတဲ့ အဝတ်အစားတွေကိုလျှော်ရင် ဖိုက်ဘာမျှင်သေးသေးလေးတွေ ထွက်နိုင်တာကြောင့် မကြာခဏမလျှော်သင့်ပဲ လျှော်ရင်လည်း ရေအေးကိုသုံး စက်ကိုအပြည့်ဖြည့်သင့်တယ်လို့ အကြံပေးထားပါတယ် 

Futurecraft Loop
Futurecraft Loop

ဒီလိုဖိနပ်တင်မကပဲ Adidas မှာ Futurecraft Loop လို့ခေါ်တဲ့ ဖိနပ်မော်ဒယ်တစ်ခု ရှိပါသေးတယ် အဲ့ဒီဖိနပ်ကတော့ စီးပြီးပျက်သွားချိန်ကျရင် Adidas ကိုပြန်ပေးပြီး ကုမ္ပဏီက အဲ့ဒီဖိနပ်နဲ့ နောက်ထပ်အသစ်တစ်ရံဖန်တီးနိုင်မှာပါ ပလတ်စတစ်နဲ့ပဲ ရာခိုင်နှုန်းပြည့်ပြုလုပ်တဲ့ ဖိနပ်တွေကို ထပ်ထုတ်လုပ်ဖို့လည်း Adidas ကကြိုးစားလျက်ရှိပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T