မျောက်ကလေးသေဆုံးမှုကြောင့် ခွေးကောင်ရေ ၂၅၀ ကို ကလဲ့စားချေခဲ့ကြတဲ့ မျောက်များ

//s9.kh1.co/81/8190881d3893dac458963e9aa19187951981ebc5.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၄ နှစ် က

.

ကလဲ့စားချေခဲ့ကြတဲ့ မျောက်တွေဟာ ခွေးကောင်ရေ ၂၅၀ ကို အဆောက်အဦတွေနဲ့ သစ်ပင်တွေကနေ ပစ်ချပြီး သတ်ပစ်ခဲ့တယ်လို့ အခိုင်အမာဆိုခဲ့ကြပါတယ်။ မျောက်ကလေးတစ်ကောင်ကို ခွေးတစ်ကောင်က ကိုက်သတ်ပြီးနောက် ဒေါသတကြီးနဲ့ မျောက်တွေက ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံရှိ အစီရင်ခံစာများအရ အနောက်ပိုင်း Maharashtra ပြည်နယ်ရှိ Majalgaon နှင့် Lavul ရွာများမှ မျောက်များဟာ သူတို့ကလေးကို သတ်ဖြတ်မှုကြောင့် ဒေါသထွက်ခဲ့ကြပြီး ပြီးခဲ့သောလက ရက်စက်ကြမ်းကြုတ်စွာ လက်စားချေမှုများ ပြုလုပ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/39/395797cf5b4b1c0b352c4b21c671e99aa5c0afeb.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/43/433bdfb38987c5310794ddd38dbc8b8537aad6bd.jpeg

Lavul ရွာတွင် ခွေးကောင်ရေ‌ေတာ်‌ေတာ်များများကုိ သုတ်သင်ရှင်းလင်းပြီးတာနှင့် မျောက်များဟာ ကလေးများအပေါ် ဒေါသအမျက်ထွက်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောပြခဲ့ပါတယ်။ ခွေးတွေရဲ့အနီးအနားမှာ မျောက်တွေဝိုင်းနေတာကို တွေ့ရှိရပြီး သူတို့ကို မြင့်တဲ့နေရာတွေဆီ ဆွဲငင်‌ေခါ်‌ေဆာင်သွားကြောင်း ရွာသားများက News18 ဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့ပါတယ်။ အဲ့နောက် ခွေးများကို ပြုတ်ကျသေဆုံးစေခဲ့ကြောင်း သိရှိရပါတယ်။ ပုံတစ်ပုံတွင် မျောက်တစ်ကောင်ဟာ အဆောက်အအုံတစ်ခုရဲ့ အစွန်အဖျားကို ခွေးလေးတစ်ကောင် သယ်ဆောင်လာသည်ကို မြင်တွေ့ရပါတယ်။

https://s9.kh1.co/__image/w=615,h=345,q=100/1b/1b638d242d16718259f2a097a26b78df813ac351.jpg

သီးခြားဗီဒီယိုများတွင် လမ်းမများပေါ်တွင် ခွေးများနှင့် မျောက်များအကြား ပြေးလွှားနေတဲ့ပုံကို ပြသထားပါတယ်။ ခွေးများကို ကယ်ဆယ်ရန် ကြိုးပမ်းရာတွင် ဒေသခံများက ကြားဝင်ဆောင်ရွက်ပေးခဲ့ပြီး အချို့မှာ ဒဏ်ရာများ ရရှိနေကြကြောင်း သိရှိရပါတယ်။ ဒေါသများ ပွက်ပွက်ဆူလာသည်နှင့်အမျှ ရှစ်နှစ်အရွယ် ကလေးတစ်ဦးကို မျောက်များက ဆွဲထုတ်သွား‌‌ေသး‌ေကြာင်းလည်း ပြောပါတယ်။ ဒါ‌ေပမယ့် ကံကောင်းစွာပဲ ရွာသားတွေက အဲ့မျောက်ကို ကျောက်ခဲနဲ့ ပစ်တဲ့ အချိန်မှာပဲ ကလေးငယ်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=590,h=350,q=100/12/12f72280ff0626676f46ce954a6053355dd36a23.jpg

သတင်း အရင်းအမြစ် The Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T