Meta လို အမည်ပြောင်းထားတဲ့ Facebook ဟာ Gaming ပိုင်းနဲ့ Digital ဖျော်ဖြေရေးပိုင်းမှာ အထူးအာရုံစိုက်လာပါတယ် Meta ကတဆင့် VR နဲ့လုပ်တဲ့ အစည်းအဝေးတွေ ဂိမ်းတွေသာမက ဖျော်ဖြေရေးရှိးပွဲတွေကိုပါ ခပ်စိတ်စိတ်တွေ့လာရပါပြီ Meta ဟာ VR ထဲမှာတင် ရပ်မနေပဲ ဂိမ်းတွေကို လူတွေနေ့စဉ်အသုံးပြုနေကြတဲ့ Messenger နဲ့ Instagram ပေါ်ကိုပါ ယူဆောင်လာပါပြီ အဲ့လိုဂိမ်းတွေထဲကမှ Meta နဲ့ Ellen DeGeneres တိုပူးပေါင်းထုတ်လုပ်ခဲ့တဲ့ Head Up! ဆိုတဲ့ဂိမ်းကို သူငယ်ချင်းတွေ မိသားစုတွေနဲ့အတူ Video Call ပြောရင်း ကစားနိုင်ပြီဖြစ်ပါတယ်

Meta က ဖြန့်ပေးထားတဲ့ ဒီဂိမ်းဗားရှင်းအသစ်ကို Messenger နဲ့ Instagram တိုရဲ့ AR video calling feature ကနေတဆင့် ဆော့ကစားနိုင်မှာပါ မူလ Head Up! ဂိမ်းက ကိုယ့်ရဲ့ခေါင်းပေါ်မှာ ကဒ်ပြားတစ်ခုကိုထောင်ထားပြီး အဲ့ကဒ်ပြားပေါ်မှာ ရေးထားတာကို ကိုယ်သိနိုင်အောင် သူငယ်ချင်းက ကိုယ့်ဆီ သဲလွန်စလေးတွေ ပြောပြပေးရမဲ့ ပုံစံမျိုးပါ တိုက်ရိုက်ကြီးအဖြေကို ပြောပြမရပါဘူး အရင်တုန်းက ကစားသူနှစ်ယောက် အတူတူရှိနေဖို့လိုအပ်ပေမဲ့ အခုအခါမှာတော့ တစ်ယောက်တစ်နေရာစီ ရောက်နေရင်တောင် Video Call နဲ့ အတူတူကစားနိုင်ပါပြီ
ဒီဂိမ်းထဲမှာ Animals gone wild,That's so 90s,Pantry Raid နဲ့ Act your face off ဆိုပြီး ကဒ်ပုံစံလေးမျိုး ပါဝင်ပါတယ် တစခုချင်းစီမှာ မတူညီတဲ့ သဲလွန်စတွေ ပါတာကြောင့် အကုန်စုံအောင် အချိန်တော်တော်ယူရမှာပါ Meta က ဒီဂိမ်းကို “ကစားသူရဲ့ နဖူးပေါ်ကကဒ်မှာ ဘာရေးထားလဲဆိုတာ သူသိနိုင်အောင် တခြားသူတွေက သဲလွန်စတွေ ပေးပေးရမဲ့ ရယ်စရာ စကားဝှက်ဂိမ်းတစ်ခုပါ”လို ပြောထားပါတယ် တကယ်လို Ellen ရဲ့ ရှိးကိုကြည့်ဖူးသူတွေဆိုရင် ဒီဂိမ်းကို ရင်းနှီးကြမှာပါ
အခု Head Up! ကို Messenger နဲ့ Instagram Group Effects ထဲမှာ ရှာလိုရပါတယ် ရိုးရိုး Video Call ခေါ်ပြီး အထဲရောက်မှ Effect ထဲက Head Up! ကိုရွေးပြီး သူငယ်ချင်းတွေနဲ့အတူ ကစားနိုင်မှာဖြစ်ပါတယ်