သင်္ချိုင်းကုန်းမှာ သရဲရှာဖွေရေးသွားလုပ်မိပြီး ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ Ghost Hunter နှစ်ယောက်

//s9.kh1.co/21/219d971d76cf346e12c553836197fc9a07d9507c.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-ဒီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၄ နှစ် က

.

ဂျွန်နဲ့ ဟယ်ရီ တို့ဟာ Ghost Hunter တွေဖြစ်ကြပါတယ်။ တစ်ညမှာသူတို့နှစ်ယောက်ဟာ အရမ်းကိုကြာမြင့်နေပြီဖြစ်တဲ့ သင်္ချိုင်းကုန်းတစ်ခုစီ သွားပြီး သရဲတစ္ဆေတွေများ တွေ့လို့တွေ့ငြား သွားရောက်လေ့လာဖို့ ပြုလုပ်ခဲ့ကြပါတယ်။ အထူးကြီးမားပြီး တန်ဆာဆင်ထားသော သင်္ချိုင်းဂူပေါ်တွင် သူတို့ရဲ့ အသံဖမ်းစက်ကို တပ်ဆင်ပြီး စတင်ရန် ပြင်ဆင်ခဲ့ကြပါတယ်။ သုသာန်တွင် ညဘက်ကျူးကျော်ခြင်းမှာ တရားမဝင်တာကြောင့် နာမည်ဖတ်ဖို့ ဓာတ်မီးများ ထွန်းရန် ကြောက်ရွံ့နေကြတာမို့ မထွန်းခဲ့ပါဘူး။ သုသာန်စောင့်ကို ရှောင်ဖို့ သုသာန်အနောက်ဘက် ခြံစည်းရိုးကနေ ဖြတ်ကူးလာခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/99/992b59da24744f5d81d35099d8ab4ea3f2e79eda.jpg

ဟယ်ရီဟာ အသံဖမ်းစက်ပေါ်ရှိ ခလုတ်ကို နှိပ်လိုက်ပြီး "ဒီအုတ်ဂူအောက်မှာ ဘယ်သူမဆို ငါတို့ စကားပြောချင်ပါတယ်"။ တုံ့ပြန်တ‌ဲ့အနေနဲ့ ကြားလိုက်ရတာက အုတ်ဂူအောက်ကနေ ကုတ်ခြစ်သံတွေပါပဲ။ တည်ငြိမ်တဲ့လေသံနဲ့ ဂျွန်ဟာ " ကျေးဇူးပြုပြီး မင်းရဲ့နာမည်ကိုပြောပြပါ " ။ ဒီတစ်ကြိမ်မှာလည်း ကုတ်ခြစ်သံတွေကိုပဲ ကြားလိုက်ရတာကြောင့် ‌ဟယ်ရီဟာ " ငါတို့ကမင်းနဲ့ပဲ စကားပြောချင်တာပါ၊ ကျေးဇူးပြုပြီး ‌ကိုယ်ထင်ပြပါ " ။

https://s9.kh1.co/__image/w=650,h=366,q=100/6c/6cde9697931edab8b6bd960d227f71c3dc93a31b.jpg

ရုတ်​တရက်​ သူတို့နှစ်​​ယောက်​လုံး ​လေ​အေးသွားသလို ခံစားလိုက်​ရပြီး မြင့်မားပြီး မှောင်​မိုက်‌ေနတဲ့ အရိပ်​တစ်​ခုက အုတ်​ဂူ​နောက်​က​နေ ပေါ်လာခဲ့ပါတယ်။ အရိပ်က သူတို့ကို ဖုံးလွှမ်းဖို့ အနားကပ်လာခဲ့ပါတယ်။ ဂျွန်နဲ့ ဟယ်ရီတို့ဟာ သရဲတစ္ဆေတွေနဲ့ ရင်ဆိုင်ခဲ့ဖူးကြတာကြောင့် သူတို့မကြောက်နေခဲ့ပါဘူး။ ဒါပေမယ့် ခုတော့ သူတို့ နောက်ကျသွားပါပြီ။ အရိပ်ကြီးကို သူတို့တွေ သွားဆွမိပြီဆိုတာ သိခဲ့ပေမယ့် ခုတော့အရိပ်ကြီးက နှစ်ယောက်လုံးကို အုတ်ဂူအောက် ဆွဲခေါ်သွားခဲ့ပါတယ်။

//s9.kh1.co/7d/7d53c79fe4b9b96214ac524bae7dc0de58bb24bb.gif

မနက်ရောက်တဲ့အချိန်မှာတော့ သုသာန်စောင့်ရောက်ရှိလာပြီး အသံသွင်းစက်လေးကို တွေ့ရှိခဲ့ပါတယ်။ သူလည်းဖွင့်ကြည်ပြီး နားထောင်လိုက်ချိန်မှာတော့ မေးခွန်းတစ်ခုစီကို ဖြေခဲ့တာတွေ ခုလိုပဲကြားခဲ့ရပါတယ်။

" အေး ငါဒီမှာရှိတယ် "

" ငါ့နာမည်ကို အသက်ရှင်နေသူတွေက ဘယ်တော့မှ မပြောဘူး "

" ငါကိုယ်ထင်ပြရင် ဒါဟာ မင်းတို့နောက်ဆ‌ံုးမြင်ရတဲ့အရာ ဖြစ်လာလိမ့်မယ် "

" ငါမင်းတို့နှစ်ယောက်လုံးကို ပိုင်ဆိုင်သွားပြီ "

https://s9.kh1.co/__image/w=650,h=433,q=100/5d/5d4355c39143bbb00684e19cb9c8e9a6731391e6.jpg

သုသာန်စောင့်လည်း ဒီအသံသွင်းစက်လေးကို တိတ်တခိုး သယ်ယူခဲ့ပါတယ်။ ဒီကိစ္စကိုသိတဲ့သူဟာ သူတစ်ယောက်ပဲ သက်သေရှိတာမို့ ဒီအုတ်ဂူက ဘယ်သူအုတ်ဂူလဲဆိုတာ သူပဲသိပါတယ်။ ဒါပေမယ့်သူဟာ အသံသွင်းစက်ကိုယူပြီး အလောင်းတွေနဲ့အတူ မီးပုံထဲကိုပဲ ပစ်ထည့်ခဲ့လိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=464,q=100/b3/b3d143effa9344385ee0172f67f2dbd5a2d038db.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T