ဆရာဝန်က နားကြပ်ကို ဆွဲထုတ်ပြီး လည်ပင်းမှာ သူ့ရဲ့ ကိရိယာကို ချိတ်ဆွဲထားလိုက်ပါတယ်။ "Mr. Weatherby၊ မင်းရဲ့စမ်းသပ်မှုတွေအားလုံးက အနုတ်လက္ခဏာပြပြီး ငါ့ရဲ့စစ်ဆေးမှုက ပုံမှန်မဟုတ်တာတစ်ခုမှ မပေါ်ဘူး။" နောက်ဆက်တွဲဖြစ်လာမည့်အရာများကို အဒမ်သိနေပါတယ်။ "ကျွန်တော် မရူးပါဘူး ဒေါက်တာ။" ဆရာ၀န်က "စိတ်မကောင်းပါဘူး၊ ဒါပေမယ့် မင်းလက်တွေ ရံဖန်ရံခါ ထိန်းမနိုင်သိမ်းမရ ဖြစ်ရတဲ့ အကြောင်းရင်းတော့ မရှိပါဘူး။ စိတ်ပညာရှင်က ကူညီပေးနိုင်ပါတယ်..." အဒမ်က " ကျွန်တော်လိုအပ်နေတာ ကုထုံးမဟုတ်ဘူး၊ ကျွန်တော်လိုချင်တာ အဖြေတစ်ခု၊ သူတို့မှာ ကိုယ်ပိုင်ဘ၀တစ်ခုရှိပုံရတယ်၊ ကျွန်တော်အလုပ်လည်းမလုပ်နိုင်တော့ဘူး၊ ခုလည်း ကျွန်တော်ကို စုံးစမ်းစစ်ဆေးမှုတွေလုပ်တယ်၊ အိမ်နီးနားချင်းကိုလည်း သတ်လုနီးပါးပဲ၊ ဒီတိုင်းဆက်သွားလို့မဖြစ်ဘူး၊ ဒါကြောင့် ဘာမဆိုကျွန်တော် ကြိုးစားပါမယ် " လို့ အဒမ်ကပြောလိုက်ပါတယ်။
ဆေးအသစ်တစ်ခုသောက်ပြီး နှစ်ပတ်အကြာမှာတော့ Adam ဟာ တိုးတက်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျလာခဲ့ပါတယ်။ ဆရာဝန်တွေပြောပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာပြဿနာမဟုတ်ကြောင်း သူဟာ ယုံကြည်ေနခဲ့ပါတယ်။ အဲဒီညမှာ အဒမ်ဟာ စိတ်ပျက်လက်ပျက်နဲ့ ဒေါသတကြီး ကုလားထိုင်ပေါ်မှာ ထိုင်ပြီး အရက် သောက်ေနခဲ့ပါတယ်။ အရက်မူးပြီး မျှော်လင့်ချက်ကင်းမဲ့စွာ ကားဂိုဒေါင်ကို ၀င်ခဲ့ပြီး စားပွဲခုံတစ်ခုံတွေ့ခဲ့ပါတယ်။ အဲ့နောက်သူလည်း ခုံပေါ် သူ့ရဲ့လက်ကောက်၀တ်ကို ဖြေးညှင်းစွာချလိုက်ပြီးေနာက် အော်သံတစ်ခုထွက်ပေါ်ခဲ့ပါတယ်။
စုံထောက်အမ်းစထရောင်းဟာ ယူနီဖောင်းဝတ်အရာရှိများစွာ ရပ်နေတဲ့ ကားဂိုဒေါင်ထဲသို့ ဝင်သွားခဲ့ပါတယ်။ " ဒီမှာ ဘာတွေဖြစ်သွားတာလဲ " ဆိုပြီး သူကသွေးတွေနဲ့လဲကျနေတဲ့ အလောင်းကိုကြည့်ပြီး မေးလိုက်ပါတယ်။ "ဒါက ထူးဆန်းတာပဲ၊ စုံထောက်" "ဘယ်လိုလဲ" "အလောင်းကို ကြည့်စမ်း။ စားပွဲပေါ်တင်ထားတဲ့ လွှနဲ့ သူ့လက်ကိုသူဖြတ်ပြီး သေသွားပုံပဲ" လို့ရဲအရာရှိက ပြောပါတယ်။ အမ်းစထရောင်းက ဒူးထောက်ထိုင်လိုက်ပြီး "ပြီးတော့ရော?" လို့မေးလိုက်ပြီး ရဲအရာရှိက "သူ့လက်တွေကို ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး။" လို့ဖြေခဲ့ပါတယ်။ သူ့ရဲ့လက်တွေ ဘယ်ကိုရောက်သွားတာလဲ ဘယ်သူမှမသိရှိခဲ့ကြပါဘူး။