နတ်ဘုရားတွေနဲ့ စကားပြောနိုင်မယ့် ရွှေလျှာပါရှိတဲ့ မံမီအလောင်းအား တူးဖော်တွေ့ရှိ

//s9.kh1.co/9c/9c1eae46305ac2ab8d7b42719a80980db8448f84.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-ဒီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

ရွှေလျှာပါသော ရှေးခေတ်မံမီကို အီဂျစ်တွင် တူးဖော်တွေ့ရှိခဲ့ကြပါတယ်။ တန်ဖိုးကြီး လျှာရှိတဲ့ အမျိုးသားကို အုပ်စိုးရှင်များနှင့် ဆက်စပ်နေသည့် နှစ် ၂၀၀၀ သက်တမ်းရှိ နေရာတစ်ခုတွင် မြှုပ်နှံထားကြပြီး သူဟာ ရတနာတွေက ဘ၀တစ်ပါးကူးပြောင်းတဲ့အခါ သူ့ကို့စကားပြောစေနိုင်လိမ့်မယ်လို့ ယုံကြည်နေသူလည်းဖြစ်ပါတယ်။ အီဂျစ်တို့ရဲ့ သေမင်း နတ်ဘုရား Osiris နှင့် စကားပြောရာတွင် ကူညီရန် ဒီရွှေလျှာကို အီဂျစ်လူမျိုးအား သေဆုံးပြီးနောက် ပေးအပ်ခဲ့သည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြပါတယ်။ သူရဲ့တကယ်လျှာဟာ မံမီလုပ်နေစဉ်အတွင်း အဖြုတ်ခံခဲ့ရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=649,q=100/88/88e35e2d359bfcc8faf727ab143b2ce3bb93f21f.webp
https://s9.kh1.co/__image/w=650,h=417,q=100/f1/f1a44f505158f1a0a4b07a69e7b120d9e8d709ca.webp

ရှေးခေတ်အီဂျစ်လူမျိုးများက Osiris ဟာ မရဏကမ္ဘာကို အုပ်ချုပ်ပြီး သူ့ကမ္ဘာထဲကို၀င်ရောက်လာတဲ့ ဝိညာဉ်များကို တရားစီရင်သည်ဟု ယုံကြည်ကြပါတယ်။ ဒါ့ကြောင့် သူတို့ဟာ ဒီနတ်ဘုရားအား စကားပြောဆိုနိုင်စွမ်းရှိခြင်း နှင့် ကရုဏာတရား တောင်းခံခြင်းတို့ဟာ လူ့ဘဝကို အောင်မြင်စွာဝင်ရောက်နိုင်မည်ဟု ထင်မြင်ယူဆကြပါတယ်။ Taposiris Magna ရဲ့ ရှေးဟောင်း သုတေသန ပညာရှင်များဟာ ကျောက်တုံးများ ခုတ်ထစ်ထားတဲ့ သင်္ချိုင်းများတွင် မြှုပ်နှံထားသည့် ဂူ ၁၆ ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရွှေလျှာရှိတဲ့လူဟာ ဒီသင်္ချိုင်းများထဲမှတစ်ခုဖြစ်‌ေပမယ့်လည်း ကျန် ၁၅ ဦးမှာလည်း အလွန်စိတ်ဝင်စားစရာကောင်းကြောင်း သက်သေပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=363,q=100/de/dee0994ae47393f7ffce54b89b5fb873767ba023.webp
https://s9.kh1.co/__image/w=650,h=636,q=100/dd/dd6ba19226d95b04dd14cc9f5d46f63142b46ab7.webp

ကျောက်တုံးအုတ်ဂူများအတွင်းက မံမီတွေပေါ်မှာ ကျောက်တုံးအသုဘမျက်နှာဖုံးများကို တွေ့ရှိခဲ့ရပါတယ်။ ဒီအရာများဟာ လူများအသက်ရှင်စဉ်ကာလက မည်သို့မည်ပုံဖြစ်တယ်ဆိုတာကို ပုံဖော်ရန် အထောက်အကူပြုပါတယ်။ Santo Domingo တက္ကသိုလ်မှ သုတေသီများဟာ ဒီအီဂျစ်ရှေးဟောင်း site တွင် 10 နှစ်နီးပါးကြာအောင်လုပ်ဆောင်နေခဲ့ကြတာပါ။ ဘုရင်မကြီး Cleopatra VII ရဲ့ မျက်နှာနဲ့ ရုပ်ထုများနှင့် ဘုရင် Ptolemy IV နှင့် ဆက်နွှယ်တဲ့ ဘုရားကျောင်းတစ်ခုကို သူတို့ဟာ ယခင်က တွေ့ရှိဖူးပါတယ်။ Taposiris Magna ဟာ ဘီစီ ၂၈၀ မှ ၂၇၀ အတွင်း တစ်ချိန်က Pharaoh Ptolemy II Philadelphus မှ ရှေးအီဂျစ်ပြည်တွင် မြို့အဖြစ် တည်ထောင်ခဲ့ကြောင်း ဆိုကြပါတယ်။

https://s9.kh1.co/__image/w=650,h=678,q=100/0e/0eb901cd2096a81596097c792b5f950094999b9e.webp
https://s9.kh1.co/__image/w=650,h=704,q=100/33/331358423073513312ce12a966861fea34ddc5c1.webp

ဒီအုပ်စိုးရှင်များဟာ ကျောက်တုံးသင်္ချိုင်းများတွင် တွေ့ခဲ့ရတဲ့ ရှေးခေတ်လူ ၁၆ ဦးကို အုပ်စိုးနိုင်ခဲ့ပါတယ်။ ရွှေလျှာရှိသူဟာ မ‌ံမီအားလုံးတွင် အကောင်းမွန်ဆုံး ထိန်းသိမ်းထားနိုင်သူဖြစ်ပြီး သူရဲ့အရိုးစုကို သေသေချာချာထုတ်နိုင်ဆဲဖြစ်ပါတယ်။ ဒါပေမယ့် အခြားသူ အများအပြားကတော့ ပျောက်ကွယ်သွားခဲ့ပါတယ်။ အဖိုးတန်ပစ္စည်းများဟာ ဒီလူများဟာ ဘယ်လိုသူများဖြစ်တယ်ဆိုကို ကူညီပေးခဲ့ပါတယ်။ တစ်ယောက်ကို နဖူးတွင် မြွေတစ်ကောင်ပါတဲ့ ဦးချိုသရဖူဖြင့် မြှုပ်နှံထားပါတယ်။ အခြားလူ‌ေတွကုိ‌ေတာ့ ရုပ်ပွားတော်များ၊ လက်ဝတ်ရတနာများနှင့် ရုပ်တုများဖြင့် မြှုပ်နှံထားကြပါတယ်။ ဒီအချက်က သူတို့ဟာ အရေးပါအရာရောက်ကြပြီး အသက်ရှင်စဉ်ကာလက အတော်လေး ချမ်းသာခဲ့ကြတယ်ဆိုတာ ညွှန်ပြနေပါတယ်။

https://s9.kh1.co/__image/w=650,h=352,q=100/00/00c79d6c225f0fff87d0deeaa960461daa184793.webp
https://s9.kh1.co/__image/w=650,h=432,q=100/b9/b9a56b3b1f526d02cb5ab2c736796957c76e4d09.webp
https://s9.kh1.co/__image/w=650,h=756,q=100/d4/d4268351038de214487ec64156d018d3f565edee.webp

သတင်း အရင်းအမြစ်The Sun

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T