အချိန်ကတော့ မနက်တစ်နာရီထိုးနေပါပြီ... Guy Halverson ဟာ သူရဲ့ မှောင်မိုက်ေနတဲ့ဧည့်ခန်းထဲမှာ ထိုင်ေနပါတယ်။ သူ မလှုပ်ပဲေနတာ တစ်နာရီကျော်ေနပါပြီ။ အဲ့နေ့ညနေအစောပိုင်းက မတော်တဆမှုအကြောင်းကို သူ့စိတ်ထဲတွင် ထပ်ခါထပ်ခါ မြင်ယောင်နေမိပါတယ်။ မီးပွိုင့်မှာတုန်းက မီးနီသွားေပ့မယ်လည်း သူဟာ အရှိန်ပြင်းပြင်းနှင့် အရှိန်မြှင့်လိုက်မိပါတယ်။ အဲ့နောက် လိမ္မော်ရောင် မှုန်ဝါးဝါး ညာဘက်မှ ထွက်လာပြီး စက္ကန့်ပိုင်းအတွင်း ပြင်းထန်စွာ စက်ဘီးစီးသူကိုတိုက်မိခဲ့ပြီး စက်ဘီးသမားလည်း လမ်းပေါ်မှာ လဲသွားခဲ့ပါတယ်။
အဲ့ချိန်မှာ ကားဟွန်းများဟာလည်း ဒေါသတကြီးတွန်းနေခဲ့ကြတာမို့ သူထိတ်လန့်မိပြီး ကြောက်ရွံ့စွာနဲ့ ကားမောင်းထွက်ပြေးရင်း နောက်မှန်ကိုလည်း ဘယ်သူများလိုက်လာမလဲဆိုပြီး အိမ်မရောက်ခင်အထိ ကြည့်နေခဲ့ပါတယ်။ အိမ်ရောက်မှ သူ့ကိုသူ မင်းဘာလို့ ပြေးလာခဲ့တာလဲ ဆိုပြီး ပြန်မေးနေခဲ့မိပါတယ်။ သူဟာ ခုဖြစ်ရပ်မတိုင်ခင်ထိ ဘာအမှုမှ မကျုးလွန်းဖူးသူတစ်ယောက်ဖြစ်တာမို့ သူ့အတွေးကမ္ဘာထဲမှာ အရာအားလုံးဆံုးရှုံးရပြီး ထောင်ထဲသွားရမှာကို တွေးနေခဲ့မိပါတယ်။ ယခုချက်ချင်း ရဲစခန်းကို မသွားဘူးလား၊ မင်း ရှေ့နေတစ်ယောက်ကိုလည်း ငှားနိုင်ရက်နဲ့ ဆိုပြီး သူ့ကိုသူ ပြောနေခဲ့ပါတယ်။ အဲဒီအခါမှာ တစ်စုံတစ်ယောက်က အိမ်ရှေ့တံခါးကို ခေါက်လိုက်ချိန်မှာတော့ သူ့ရဲ့အတွေးကမ္ဘာကြီး ရုတ်တရက် ပြိုကျသွားပါတယ်။
သူ့ကိုသူ ငါ့ကိုရှာတွေ့သွားကြပြီ ဆိုပြီဖြစ်နေပါတယ်။ အမှန်တိုင်း ဖြေရုံကလွဲလို့ သူဘာမှ မလုပ်နိုင်ေတာ့ပါဘူး။ ခုလို တိုက်ပြီး ပြေးတာက ပိုဆိုးပါတယ်။ သူ့ခန္ဓာကိုယ် တုန်တုန်ယင်ယင် ထကာ တံခါးကို သွားဖွင့်လိုက်ပါတယ်။ ရဲအရာရှိတစ်ဦးဟာ အိမ်ရှေ့မီးရောင်အောက်တွင် ရပ်နေပါတယ်။ "Mr. Halverson လား " ဆိုပြီး အရာရှိက မေးလိုက်ပါတယ်။ သူရှုံးသွားပြီးမို့ သက်ပြင်းချလိုက်မိပါတယ်။ "ဟုတ်ကဲ့၊ ခွင့်ပြုပါ " ဆိုပြီးပဲ သူကရှင်းပြဖို့ စကားစပြောရသေး ရဲက " စိတ်မကောင်းပါဘူး၊ ဒါပေမယ့် သတင်းဆိုးတစ်ခုေပြာရမှာကုိေတာ့ ကြောက်မိပါတယ်။ မင်းသားရဲ့စက်ဘီးကို ဒီနေ့ညနေပိုင်းက ကားတစ်စီးဝင်တိုက်မိပြီး မောင်းပြေးသွားတယ်။ စိတ်မကောင်းစွာပဲ အခင်းဖြစ်ရာနေရာမှာ သေဆုံးသွားပြီ။ မင်းရဲ့ဆုံးရှုံးမှုအတွက် ငါအရမ်းဝမ်းနည်းပါတယ်။" လို့ အရာရှိရဲ့ ပြောစကားကြောင့် Mr. Halverson ရင်ကွဲသွားခဲ့ရပါေတာ့တယ်။ ကားတိုက်မှုဖြစ်တဲ့အခါ ဘယ်တော့မှ တိုက်ပြီးမပြေးတာ အကောင်းဆုံး ဖြေရှင်းနည်းပါပဲ။