အီဂျစ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်က “ရွှေသားလျှာ”ပါ မံမီရုပ်ကြွင်း နှစ်ခုကို တူးဖော်တွေ့ရှိ

//s9.kh1.co/7e/7e4981fd9d1e4f4c9cb8be3d73caa91d79d65bfa.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-ဒီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

အီဂျစ်နိုင်ငံ Minya ပြည်နယ်မှာ ရှေးဟောင်းသုတေသနဇုန်အတွင်း လွန်ခဲ့တဲ့ နှစ်ပေါင်း (၂,၅၀၀) ကျော်က မြှုပ်နှံထားတဲ့ “ရွှေသားလျှာ”ပါ လူသားမံမီရုပ်ကြွင်း (၂) ခုကို စပိန်မှလာသည့် ရှေးဟောင်းသုတေသနအဖွဲ့က တူးဖော်တွေ့ရှိခဲ့ကြောင်း အီဂျစ် ခရီးသွားနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက ဒီဇင်ဘာ (၅) ရက် ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။

Photo Credit - Xinhua
Photo Credit - Xinhua
Photo Credit - Xinhua
Photo Credit - Xinhua
Photo Credit - Xinhua
Photo Credit - Xinhua

ကပ်လျက်ရှိတဲ့ ဂူနှစ်ခုကို Barcelona တက္ကသိုလ်မှ ရှေးဟောင်းသုတေသနအဖွဲ့က တွေ့ရှိခဲ့ပြီး ယင်းဂူများရဲ့ သမိုင်းကို ရှေးဟောင်းအီဂျစ်တိုင်းပြည် (၂၆) ကြိမ်မြောက် မင်းဆက်(ဘီစီ ၆၆၄ မှ ဘီစီ ၅၂၅ ခုနှစ်)မှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဂူနှစ်ခုအနက် ဂူတစ်ခုမှာ အမျိုးသမီးပုံ ကျောက်ခေါင်းတလားဖြင့် လူသားမံမီရုပ်ကြွင်းနှစ်ခုကို တွေ့ရှိခဲ့ရာမှာ ရုပ်အလောင်းတွင် “ရွှေသားလျှာ”ငုံထားသည်ကို တွေ့ရကြောင်း ဆိုထားပါတယ်။ ကနဦးသုတေသနပြုချက်များအရ “ရွှေသားလျှာ”ငုံထားသည့် ရုပ်ကြွင်းရဲ့ အုတ်ဂူမှာ ရှေးခေတ်က ဖွင့်ထားခံရဖူးတယ်လို့ဆိုပါတယ်။

Photo Credit - Xinhua
Photo Credit - Xinhua
Photo Credit - Xinhua
Photo Credit - Xinhua

နောက်ထက် အုတ်ဂူမှာတော့ ပြည့်စုံကောင်းမွန်မှုရှိရာ အမြဲပိတ်ထားသည့်အနေအထားရှိကြောင်း အဆိုပါ အုတ်ဂူကို သုတေသနအဖွဲ့က ဖွင့်ခဲ့ရာ အမျိုးသားပုံသဏ္ဍန် ကျောက်ခေါင်းတလားနှင့် ရောင်စုံပန်းပုရုပ်နှင့်အဆင်တန်ဆာ (၄၀၀) ကျော် တူးဖော်တွေ့ရှိရကြောင်း ကြေညာချက်မှာပါရှိပါတယ်။ ရှေးဟောင်းသုတေသန တူးဖော်ရေးလုပ်ငန်းများ လက်ရှိတွင် ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး “ရွှေသားလျှာ”ပါ ရုပ်ကြွင်းအား နောက်ထပ်တစ်ဆင့် သုတေသနပြုလုပ်သွားမှာဖြစ်ပြီး ယခင်ကလည်း အလာတူ ရှေ့ဟောင်းရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိမှုတွေလည်း ရှိခဲ့ပါတယ်။

Photo Credit - Xinhua
Photo Credit - Xinhua
Photo Credit - Xinhua
Photo Credit - Xinhua
https://s9.kh1.co/__image/w=600,h=416,q=100/4a/4a3c651c9df155b001787280fb142d7482615bc1.jpg

သတင်း အရင်းအမြစ်Source - Xinhua

Zin Myo
Zin Myo

ဆက်စပ်သတင်း

Copyright Mediaload