ကယ်လီဖိုးနီးယား ကမ်းခြေတစ်ခုမှာ ရှားပါးငါးမျိုးစိပ် တစ်ကောင်ကို တွေ့ရှိ

//s9.kh1.co/ad/ada89c172ade1fff91ec51690b82d5d6ccee9f0f.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-ဒီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ကယ်လီဖိုးနီးယား တက္ကသိုလ်ရှိ Scripps Oceanography of Oceanography အနီးမှာ လေးပေခန့်ရှည်တဲ့ ထူးထူးခြားခြား လှံငါး(Lancetfish)တစ်ကောင်ကို ကမ်းခြေသွားသူများက အင်္ဂါနေ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါ ငါးဟာ ထူးခြားတဲ့ ငါးမဟုတ်ပေမယ့် သုတေသီများက ၎င်းကို ၁၉၉၆ ခုနှစ်မှ စတင်ထိန်းသိမ်းထားတဲ့ ပထမဆုံးသော ရှားပါး လှံငါးတစ်မျိုးပဲ ဖြစ်ပါတယ်။

Photo Credit - CNN
Photo Credit - CNN
Photo Credit - CNN
Photo Credit - CNN

၁၉၄၇ ခုနှစ်မှစတင်ပြီး San Diego ကမ်းခြေမှ ထိန်းသိမ်းထားတဲ့ ၁၇ ကောင်သာရှိကြောင်း သုတေသီများက မှတ်ချက်ပြုခဲ့ပါတယ်။ Black's သဲသောင်ပြင်တွင် သုံးမိုင်ခန့်အကွာမှာရှိတဲ့ ရေနက်ပိုင်း ငါးမျိုးစိပ် ငါးမျိုးဖြစ်သည့် ပစိဖိတ်ဘောလုံးငါးကို တွေ့ရှိပြီးနောက် တစ်ပတ်အကြာမှာ အဆိုပါလှံငါး(Lancetfish) မျိုးစိပ်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Catalog အမည်ရှိသော ငါးဟာ SIO ရဲ့ Vertebrate Collection တွင် နောက်ဆုံးထွက်ရှိသော ငါးဖြစ်ပါတယ်။

Photo Credit - CNN
Photo Credit - CNN
Photo Credit - CNN
Photo Credit - CNN

မန်နေဂျာ Ben Frable ကတော့ အဆိုပါငါးကို La Jolla Shores မှာ အသက်ရှင်လျက် တွေ့ရှိခဲ့သော်လည်း ကုန်းပေါ်အရောက်မှာ အသက်ရှင်ခြင်းမရှိဘူးလို့ ဆိုထားပါတယ်။ ယင်းငါးဟာ ပေါင် (၁၀၀) အလေးချိန်ရှိတဲ့ ငါးမျိုးဖြစ်ပြီး ကြီးမားသောမျက်လုံးများ၊ မေးရိုးစွယ်များနှင့် လျှောကျနေသောကိုယ်လုံးကြောင့် လူသိများပြီး မျိုးပွားအင်္ဂါနှစ်ခုလုံးရှိသော သတ္တဝါဖြစ်ပါတယ်။ Lancetfish များဟာ အခြားသောငါးများနှင့် ကျောရိုးမဲ့သတ္တဝါများကို ကျက်စားကာ နာမည်ဆိုးဖြင့် ကျော်ကြားသော လူသားစားသတ္တဝါများဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Source - CNN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T