မိန်းမဖြစ်သူဆိကနေ လွတ်မြောက်ဖို့အတွက် ရဲစခန်းထိလာပြီး မိမိကို ထောင်ထဲထည့်‌ေပးဖို့ တောင်းဆိုခဲ့တဲ့ အီတလီအမျိုးသား

//s9.kh1.co/0e/0ecc17aa74ed91dd3cc33f302286b7d5753c7960.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-ဒီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

တချို့သောလူတွေအတွက်တော့ ထောင်ထဲသွားရတာဟာ လွတ်လပ်မှု တစ်ခုလိုပါပဲ။ အီတလီနိုင်ငံရှိ အမျိုးသားတစ်ဦးဟာ အိမ်တွင် ဇနီးဖြစ်သူနှင့်အတူ မနေထိုင်နိုင်တော့ပဲ သည်းခံစိတ်တွေလည်း ကုန်နေပြီးမို့ ရဲစခန်းကိုလာပြီး ထောင်ထဲထည့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူဟာလည်း နေအိမ်အကျယ်ချုပ်နဲ့ အချခံထားရသူမို့ မိန်းမနဲ့အတူ နေထိုင်နေရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/c5/c5ae2402c863d2ee1a596c8d94531967c96cf4f0.jpg

ရောမမြို့အပြင်ဘက်ရှိ Guidonia Montecelio တွင်နေထိုင်သော အသက် 30 နှစ်အရွယ် အယ်လ်ဘေးနီးယန်းနိုင်ငံသားဟာ "သူရဲ့ဇနီးနှင့် အတင်းအကြပ် ပေါင်းသင်းဆက်ဆံခြင်းကို ခံနိုင်ရည်မရှိတော့ပါ" ဟု အနီးနားရှိ Tivoli Carabinieri ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ “ အခြေအနေတစ်ခု‌ကြောင့် သူဟာ သံတိုင်တွေနောက်ကွယ်မှာ ပြစ်ဒဏ်ကျခံဖို့ Carabinieri ကို သူ့ဘာသာလာခဲ့ပြီး တောင်းဆိုခဲ့တာပါ ” လို့ ရဲတပ်ဖွဲ့၀င်တစ်ဦးမှ ရေးသားဖော်ပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/2c/2c8d7aa47c0c12ce9e9035729a87b6c1ea163ff3.jpg

အဆိုပါအမျိုးသားဟာ မူးယစ်ဆေးဝါးရာဇ၀တ်မှုများဖြင့် လပေါင်းများစွာ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီး အမှုမှလွတ်ရန် နှစ်အနည်းငယ်သာ ကျန်ရှိတော့ကြောင်း Tivoli Carabinieri မှ ဗိုလ်ကြီး Francesco Giacomo Ferrante က AFP ကို ပြောကြားခဲ့ပါတယ်။ "သူအိမ်မှာ သူ့မိန်းမနဲ့ မိသားစုနဲ့အတူနေခဲ့ပါတယ်။ အဲ့လိုနေရတာဟာ သူ‌့အတွက် အဆင်မပြေခဲ့ပါဘူး " လို့ Ferrante က ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/01/017154a18091a4938421b91f04dce7e82be1a08a.jpg

" သူက နားထောင်ပါ၊ ငါ့အိမ်တွင်းရေးဘဝက ငရဲဖြစ်သွားပြီ၊ ငါ မလုပ်နိုင်တော့ဘူး၊ ထောင်ထဲပဲသွားချင်တယ်" လို့ Ferrante က ထောင်ထဲသွားချင်တဲ့ အမျိုးသား သူ့ကိုပြောပြတာတွေကို ပြန်ပြောခဲ့ပါတယ်။ ခုချိန်မှာ‌ေတာ ဒီအမျိုးသားကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် သူဟာ ဖမ်းဆီးခံခဲ့ရပြီး တရားရေးအာဏာပိုင်များက သူ့ကုိ အကျဉ်းထောင်ဆိ လွှဲပြောင်းရန် အမိန့်ချခဲ့ပါတယ်။ သူ့အတွက်တော့ ဒီလိုလွှဲပြောင်းခံရတာဟာ ကံကောင်းတယ်လို့ပဲ သတ်မှတ်နေပါတယ်။

https://s9.kh1.co/__image/w=650,h=432,q=100/17/17b3b6b0d8497ed7ac1d471eeec21dcb4192f23d.jpg

သတင်း အရင်းအမြစ်IOL

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T