လူတွေတကယ်လိုက်လုပ်ခဲ့ကြတဲ့ ကြောင်တောင်တောင် ဝိတ်ချနည်းများ

//s9.kh1.co/70/706cbfc936caf20d2867b5a2a749eeca857a0649.jpg
ဗဟုသုတအဖြာဖြာ

 ၀၄-ဒီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

လူတော်တော်များများဟာ ပိန်ချင်ကြပါတယ် ခန္ဓာကိုယ် ပိန်ပိန်သွယ်သွယ် အချိုးအစားကျကျနဲ့ လှလှပပလေး ဖြစ်ချင်ကြသူတွေကြီးပါပဲ ဒါပေမဲ့ ကိုယ်ကအစားတစ်လိုင်းဖြစ်နေတာကြောင့်ဖြစ်စေ မွေးရာပါ ဝနေတာကိုဖြစ်‌စေ အကြောင်းတစ်ခုခုကြောင့် ဝနေတတ်ကြသူတွေအများကြီးပါ ဝတဲ့သူတွေကလည်း ဒီတိုင်းမနေပဲ ဝိတ်ချဖို့ နည်းလမ်းတွေအများကြီးထဲကမှ ကိုယ်နဲ့အဆင်ပြေတာကို ရွေးချယ်ပြီး ဝိတ်ကျဖို့ ကြိုးစားကြပါတယ် Gym ဆော့သူ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ထမင်းတစ်နပ်လျှော့စားသူ ဆေးဝါးတွေ စက်ပစ္စည်းတွေ အကူအညီနဲ့ ဝိတ်ကျအောင် လုပ်သူ စသဖြင့် စုံလင်လှပါတယ် တချို့ဆို တစ်နေ့လုံးကိုမှ ကြက်ဥတစ်လုံးပဲစား ၂၄ နာရီ ဆက်တိုက် ဘာမှမစားပဲ ရေပဲသောက် အဲ့လိုအပြင်းအထန် ဝိတ်ချကြသူတွေတောင် ရှိပါတယ် ဒီလိုဝိတ်ချနည်းတွေ အများကြီးကမှ အင်တာနက်ပေါ်မှာလည်း Trend ဖြစ်ခဲ့ကြတဲ့ ရူးကြောင်ကြောင် ဝိတ်ချနည်းတွေကိုရော သိပြီးကြပြီလား ဆက်ပြောပြပေးမှာက အဲ့လို ‌ရူးကြောင်ကြောင် ဝိတ်ချနည်းတွေထဲက တချို့နဲ့ အဲ့နည်းတွေကို သုံးရင် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖော်ပြပေးမှာဖြစ်ပါတယ် ဒီလိုတွေ လိုက်မလုပ်ဖို့ သတိထားကြပါ

photo credit
photo credit

ပထမဆုံးတစ်ခုက ကလေးစားစရာတွေကိုပဲ စားတဲ့နည်းဖြစ်ပါတယ် ဘာလို့လဲဆို ကလေးအစာတွေမှာ ကယ်လိုရီမပါလို့ပါ ရေရှည်မှာ ဝိတ်ကျနိုင်ပေမဲ့ ဒီအစာတွေက လူကြီးတစ်ယောက်လိုအပ်တဲ့ အာဟာရတွေကို မပေးနိုင်တာကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားလာပါလိမ့်မယ်

photo credit
photo credit

နောက်တစ်နည်းကတော့ ၁၈၈၉ ခုနှစ်မှာ တီထွင်ခဲ့တဲ့ အစာနဲ့ ရေကို မြိုမချခင် အကြိမ် ၁၀၀ တိတိ ဝါးရမဲ့နည်းပါ ၂၀၁၁ မှာ တရုတ်က Harbin Medical University စမ်းသပ်ချက်တစ်ခုမှာ ဒီလိုဝါးနေတာကြောင့် ကယ်လိုရီနည်းနည်းကိုပဲ စားသုံးမိပြီး ဝိတ်‌ကျစေတယ်လို့ ဖော်ပြထားပါတယ် မေးရိုးတွေတော့ တော်တော်လေးခိုင်လာမှာ ဖြစ်ပေမဲ့ ဒီနည်းလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး

photo credit
photo credit

ဘယ်ဟာကိုပဲစားစား ၅ ခါထပ်ပိုမကိုက်ရဘူးဆိုတဲ့ နည်းတစ်ခုလည်းရှိပါတယ် ဘယ်နေရာမှာ ဘာပဲစားစား ၅ ခါထက်ပို မကိုက်ရပါဘူး ကယ်လိုရီနည်းနည်းကိုပဲ စားမိတယ်လို့ ထင်ချင်စရာရှိပေမဲ့ နောက်ပိုင်းမှာ အစာခြေစနစ်ကို ထိခိုက်စေနိုင်တဲ့အပြင် အစားစားချိန် မမှန်တာတွေပါ ဖြစ်ပေါ်စေပါတယ် 

photo credit
photo credit

‌ရှောက်ခါးသီးပဲစားပြီး ဝိတ်ချတဲ့စနစ်ဟာလည်း ၁၀ ရက်ကနေ ၁၂ ရက်အတွင်း ၁၀ ပေါင်ထိ ကျစေနိုင်တယ်လို့ ပြောကြပါတယ် တကယ်တော့ ရေဓာတ်တွေကြောင့် ဝိတ်ကျတာပါ ရေတွေနဲ့ပြည့်နေတော့ တခြားဟာတွေကို မစားချင်တော့ပါဘူး ရှောက်ခါးသီးမှာ ဗီတာမင်‌ အေ စီနဲ့ ပိုတက်စီယမ်ဓာတ်တွေ ပါဝင်ပေမဲ့ ခန္ဓာကိုယ်က လိုအပ်သမျှအကုန်လုံး မပါပါဘူး ဒါကြောင့် ကျန်းမာရေးထိခိုက်စေမဲ့ ဝိတ်ချနည်းတစ်ခုပဲဖြစ်ပါတယ် 

photo credit
photo credit

ဘယ်စစ်တပ် ဘယ်အစိုးရနဲ့မှ မဆိုင်ပဲ စစ်တပ်ဝိတ်ချနည်းလို့ ခေါိတဲ့ နည်းရှိပါသေးတယ် ဒီနည်းမှာဆို စစ်တပ်ထဲက ရိက္ခာလိုမျိုး စားစရာကို အချိုးကျရပါတယ် တူနာငါးတွေ ကြက်ဥပြုတ်တွေ ပေါင်မုန့်တွေ ရနိုင်ပေမဲ့ ဗိုက်အရမ်းပြန်ဆာမှာပဲ ဖြစ်တာကြောင့် အဆင်မပြေလှပါဘူး 

photo credit
photo credit

ဂေါ်ဖီဟင်းချို‌ကြီးပဲ သောက်ရတဲ့နည်းလမ်းကတော့ ရှင်းပါတယ် တနေကုန်ကြိုက်သလောက် သောက်နေလို့ရတယ် ဒါပေမဲ့ များသွားရင်တော့ တောက်လျှောက် လေလည်နေမှာပါ ဗိုက်နာတာတွေလည်း ဖြစ်လာနိုင်ပါတယ် ဈေးဖိုးသက်သာသွားတယ်ဆိုပေမဲ့ ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး American Heart Association အရတော့ ဒီနည်းကြောင့် နှလုံးခုန်မမှန်တာတွေ ဖြစ်လာနိုင်တယ်လို့ ပြောထားပါတယ် 

photo credit
photo credit

သံပုရာရည် အချဉ်ရည် ငရုတ်သီးနဲ့ ရေကိုရောပြီး တစ်နေ့ ၆ ကြိမ်ကနေ ၁၂ ကြိမ်ထိ သောက်တဲ့နည်းလမ်းကို ဘီယွန်းဆေးက သံပုရာဝိတ်ချနည်းဆိုပြီး စတင်မိတ်ဆက်ခဲ့တာပါ ဒီနည်းက အစာခြေစနစ်ကို သန့်စင်ပေးတယ်ဆိုတာကလည်း သက်သေမရှိသေးပါဘူး ဝိတ်တော့ကျမှာပါ ဝိတ်တင်မဟုတ်ပဲ ကြွက်သားတွေ အရိုးသိပ်သည်းဆတွေပါ တောက်လျှောက် ကျနေမှာပါ

photo credit
photo credit

တစ်နေ့ ဂွမ်းလုံး ၅ လုံးစားရတဲ့နည်းကလည်း အဆန်းပါပဲ ဂွမ်းလုံးတိုင်းမဟုတ်ပဲ အရသာလေး‌ပါအောင် အအေးတွေနဲ့ပါ တို့ပြီး စားပြကြပါသေးတယ် ဒါပေမဲ့ ဂွမ်းလုံးက ဖိုက်ဘာမျှင်တွေဖြစ်တဲ့အတွက် အော်ဂလီဆန်တာ ပျို့အန်တာ ဗိုက်နာ‌တာတွေဖြစ်နိုင်ပြီး အစာအိမ်က မချေဖျက်နိုင်တာကြောင့် အထဲမှာ ပုံနေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်

photo credit
photo credit

တုတ်ပြားကောင်တွေပါတဲ့ ဆေးလုံးကိုသောက်တဲ့နည်းလမ်းကတော့ ကြောက်စရာကြီးပါ ဗိုက်တဲ့ရောက်သွားတဲ့ အကောင်က အူတွေမှာကပ်တွယ်ပြီး ပိုနေတဲ့အစာတွေကို စားပါတော့တယ် ဗိုက်နာတာအပြင် တုတ်ပြားကောင်ဟာ ‌အစာခြေစနစ်အပြင်ဖက်က ကိုယ်တွင်းအင်္ဂါတွေကိုလည်း ကပ်တွယ်နိုင်တာကြောင့် ပြင်းပြင်းထန်ထန် ပြဿနာတွေဖြစ်နိုင်ပြီး သေသည်ထိဖြစ်နိုင်ပါတယ်

photo credit
photo credit

နောက်ဆုံးတစ်ခုကတော့ သမန်းခွေး ဝိတ်ချနည်းပါတဲ့ ဒီနည်းကတော့ လပြည့် လကွယ်နေ့တွေမှာ ၂၄ နာရီလုံးလုံး  ရေနဲ့ အသီးအရွက်တွေပဲစားပြီး ဝိတ်ချတဲ့နည်း ဖြစ်ပါတယ် တစ်နေ့ကို ၆ ပေါင်ထိကျတယ်လို့ ပြောကြပေမဲ့ သိပ္ပံနည်းကျ သက်သေပြနိုင်ခြင်း မရှိသေးပါဘူး ဒီနည်းကလည်း ကျန်းမာရေးအတွက် မကောင်းတဲ့ နည်းဖြစ်ပါတယ်

လူတိုင်းအားလုံး ဝိတ်ကျလှပချင်တယ်ဆိုပေမဲ့ ဒီလိုရူး‌ကြောင်ကြောင်နည်းတွေနဲ့ ဝိတ်ချတာကတော့ ‌ရေရှည်ဖြစ်စေ ရေတိုဖြစ်စေ ကျန်းမာရေးအတွက် လုံးဝကောင်းမှာမဟုတ်ပါဘူး ဝိတ်ချနည်းတွေထဲမှာ ကိုယ်စားမဲ့အစားအစာကို စနစ်တကျ စီမံခန့်ခွဲပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T