အမေရိကန် မိုးပျံလှိုင်းစီးသူတစ်ဦးဟာ ကောင်းကင်ယံတွင် ဟယ်လီကော်ပတာလို လှည့်ပတ်ပြီး ဂင်းနစ်စံချိန်ချိုးဖို့ အီဂျစ်နိုင်ငံက ကောင်ကင်းပေါ်မှာ ပျံသန်းပြလုပ်ခဲ့ပါတယ်။ Keith "Kebe" Edward Snyder ဟာ 2000 ခုနှစ် sky surfing အမျိုးအစားကို မဖယ်ရှားမီတွင် X Games အတွက် အလှည့်ကျအဖြစ် sky surfing National Championships မှာ Edd Snyder ဟာ Egypt's Pyramids of Giza မှ ကောင်းကင်ယံတွင် ရဟတ်ယာဉ်လို လှည့်ပတ်ပြီး စံချိန်တင်ထားသူ ဖြစ်ပါတယ်။


Snyder ဟာ သူရဲ့ မိုးပျံလှိုင်းစီးဘုတ်ပေါ်တွင် ကြိုးတပ်ပြီး အမြင့်ပေ 13,500 တွင် လေယာဉ်ပေါ်မှ ခုန်ဆင်းခဲ့ပါတယ်။ အဲ့နောက် လေထဲမှာ ဟယ်လီကော်ပတာလို အကြိမ် ၁၆၀ လှည့်ပတ်ပြီး မူးဝေစွာနဲ့ မြေပြင်ပေါ်ဆင်းကာ စံချိန်တင်နိုင်ခဲ့ပါတယ်။ "အဲလိုခံစားချက်အတွက် မင်းအနေနဲ့ ဘယ်အရာကိုမှ အမှန်တကယ် မပြင်ဆင်ထားနိုင်ပါဘူး။ ဒါဟာ အရမ်းအံ့ဩစရာကောင်းပြီး အားကောင်းလွန်းတဲ့ ခံစားမှုတစ်ခုပါ" လို့ Snyder က ကြိုးစားမှုအပြီးတွင် ဂင်းနစ်မှတ်တမ်းကို ပြောကြားခဲ့ပါတယ်။


Snyder က သူ့အနေနဲ့ သူ့ကိုယ်ပိုင်စွမ်းဆောင်ရည်ကို ထိပ်တန်းရောက်နိုင်မယ်လို့ ထင်ကြောင်း ပြောပါတယ်။ "အခု ကျွန်တော့်ရဲ့ကိုယ်ပိုင်စံချိန်ကို စိန်ခေါ်ချင်ပါတယ်။ ဒါပေမယ့် ရူပဗေဒဘာသာရပ်ကုိလည်း ကျွန်တော်သေချာ ထပ်လေ့လာအုန်းမှာပါ ”လို့ ပြောခဲ့ပါတယ်။ Snyder ကတော့ " ငါဒီသာ ငါ့ပြိုင်ဘက် " ဆိုသလိုပဲ သူ့အနေနဲ့နောက်ထပ် လေထဲမှာ အကြိမ်ပေါင်းများစွာ လှည့်ပတ်ဖို့ရှိပါတယ်။
သတင်း အရင်းအမြစ်៖ UPI