မီတာခတွေ မဆောင်ချင်ဘူးမလား။ မီတာ မဆောင်လို့ မီးဖြတ်ခံရသေးလား။ ဒါဆိုရင်တော့ စိတ်မပူပါနဲ့။ အခုဖော်ပြမယ့် သဘာဝ မီးသီးအကြောင်းကို ဆက်ဖတ်ကြည့်လိုက်ပါတော့။

Sharing Ideas ဆိုတဲ့ ဗဟုသုတ ဖြန့်ဝေတဲ့ ကွန်ရက်ကနေ ဒီနည်းကို မျှဝေထားတာပါ။ Alfred Moser ဆိုသူက လျှပ်စစ်စွမ်းအင် မလိုဘဲ ရေ၊ ကလိုရင်းနဲ့ ပလတ်စတစ်ရေသန့်ဘူး ရှိရုံနဲ့ အလွယ်တကူ အလင်းရောင်ရနိုင်မယ့် နည်းလမ်းကို စဥ်းစားမိခဲ့တာ ဖြစ်ပါတယ်။

မျက်နှာကျက်မှာ အပေါက်ဖောက်ပြီး ပလတ်စတစ် ရေသန့်ဘူးကို စွပ်ထားလိုက်ပါ။ အထဲမှာ ရေနဲ့ ကလိုရင်းထည့်ရုံနဲ့ နေအလင်းရောင် ရှိသရွေ့ အိမ်ထဲမှာ အလင်းရောင် ရနေတော့မှာ ဖြစ်ပါတယ်။ ညဘက်တွေမှာ အသုံးမဝင်ပေမယ့် မှောင်ပြီး ချောင်ကျတဲ့နေရာတွေ၊ ငွေကြေးမတတ်နိုင် လျှပ်စစ်မထုတ်နိုင်တဲ့ နေရာတွေအတွက် ဒီနည်းဟာ အသုံးဝင်ပါတယ်။

အဆိုပါနည်းလမ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် တည်းက ဖိလစ်ပိုင်မှာ သုံးခဲ့တာလို့လည်း တချို့က ဆိုပါတယ်။
Physics သဘောအရ Refraction ကြောင့် အလင်းရတာ ဖြစ်ပြီး ကလိုရင်း ထည့်ရတဲ့ ရည်ရွယ်ချက်ကတော့ ရေထဲမှာ ရေညှိတွေတက်ပြီး အစိမ်းရောင် မပြောင်းသွားအောင် ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းလေးတစ်ခုမို့ ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။ သိထားတော့လည်း တစ်ချိန်ချိန်မှာ လက်တွေ့ အသုံးချနိုင်မှာပါ။