လူသားတွေဘယ်ကနေစတင်ဖြစ်ပေါ်လာတာလဲဆိုတာနှင့်ပတ်သတ်ပြီး ယူဆချက်တွေအမျိုးမျိုးရှိကြပါတယ်။ တချို့ကလည်း အာဒံနှင့်ဧဝ ၊ တချို့ကလည်း မျောက်ကနေဆင်းသတ်လာတယ် စသည့်ဖြင့် အမျိုးမျိုးသော ယူဆချက်တွေရှိပါတယ်။

လူသားတွေမျောက်ကနေ ဆင်းသတ်လာတယ်ဆိုတဲ့ ယူဆချက်လေးကို သက်သေပြသပေးလိုက်နိုင်တဲ့ သူကတော့ အတ္တလန်တာတိရစ္ဆာန်ဥယျာဉ်ထဲက မျောက်ဝံလေး အာနာကာပဲဖြစ်ပါတယ်။ မျောက်ဝံလေး အာနာကာရဲ့ လူသားပုံသဏ္ဍာန်ပေါ်လွင်လာတဲ့ ပုံရိပ်လေးတွေဟာဆိုရင်လည်း အရမ်းကို လူစိတ်ဝင်စားမှု များပြားလျှက်ရှိပါတယ်။

အာနာကာရဲ့လက်ကလေး ကိုကြည့်လိုက်ပါ။ သူ့မရဲ့လက်ကလေးကအရောင်က ပန်းနုရောင်လေးဖြစ်ပြီး အမွေးလည်း မရှိပါဘူး။ လက်သည်းလေးဟာဆိုရင်လည်း လုံးဝကို လူသားလက်လေးလိုဖြစ်နေတာပါ။ လက်သည်းခွံလေးကအစ လူသားလက်သည်းခွံလေးလို ဖြစ်နေတာပါ။ အာနာကာရဲ့ လက်ပြောင်းလဲမှုပုံစံလေးကိုကြည့်ပြီး လူသားတွေက အာနာကာလိုမျိုးမျောက်ဝံလေးကနေ မျိုးရိုးဗီဇ ပြောင်းလဲလာခဲ့တဲ့ သူတွေဖြစ်နိုင်တယ်ဆိုပြီး မျက်လုံးထဲမြင်လာစေပါတယ်။

လေ့လာတွေ့ရှိချက်တွေအရလည်း လူသား နှင့် မျောက်ဝံတို့ဟာ မျိုးရိုးဗီဇအားဖြင့် တူညီတာတွေများပါတယ်။ လူသားနှင့် မျောက်ဝံ (gorillas) တို့ရဲ့ ဒီအန်အေကိုက်ညီမှုက ၉၆ ရာခိုင်နှုန်းကျော်ဖြစ်ပါတယ်။ အခုဓာတ်ပုံထဲမှာ တွေ့ရတဲ့ မျောက်ဝံလေး အာနာကာကတော့ အမြင်သဘောအရ ပြောင်းလဲလာမှုပုံစံလေးကို သက်သေပြနိုင်လိုက်တာပဲဖြစ်ပါတယ်။ လက်ကလေးကို ကြည့်ကြည့်ပါ။ တကယ့်လူလက်လေး အတိုင်းပဲနော်။
