ကျောင်းကပွဲကပြန်လာခဲ့ပေမယ့် ဘယ်တော့မှ အိမ်ဆီပြန်မရောက်သွားခဲ့တဲ့ မိန်းကလေး

//s9.kh1.co/20/20eb7a9901826f0a2b57a5617002895a37a78120.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-နို-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ဂျော်နီတစ‌်ယောက် သူငယ်ချင်းအိမ်ကနေ ညအတော်နက်မှ ပြန်လာဖြစ်ခဲ့ပါတယ်။ သူ့အိမ်ပြန်လမ်းကတော့ လူလည်းရှင်းပြီး ‌တော်တော်လည်းမှောင်ပါတယ်။ ကံဆိုးစွာပဲ အဲ့ချိန်မှာ မိုးကစရွာပါတော့တယ်။ ရုတ်တရက်ဆိုသလိုပဲ သူဟာ လမ်းပေါ်မှာ ဂါ၀န်ဖြူ၀တ်ထားတဲ့မိန်းကလေးတစ်ယောက်ကို ခပ်ဝါးဝါးမြင်တွေ့လိုက်ရပါတယ်။ အဲ့တာနဲ့သူလည်း ကောင်မလေးနားရောက်တော့ လမ်းကြုံလိုက်မလားဆိုပြီးမေးခဲ့ကာ ကောင်မလေးကဘာမှပြန်မပြောပဲ ရှေ့ခုံမှာ၀င်ထိုင်လိုက်ပါတယ်။ စိုရွဲနေတာကြောင့် ဂျော်နီက သူရဲ့ကုတ်အင်္ကျီကို ကောင်မလေးပေါ်၀တ်ပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=640,h=360,q=100/ab/ab8861116fb81866a6177784288b9985e9644c8f.jpg
https://s9.kh1.co/__image/w=650,h=366,q=100/84/848d2a34392824526bf99f71e635da168179c25e.webp

မိုင်အနည်းငယ်အကြာတွင် ကောင်မလေးက စကားမပြောဘဲ အိမ်ဟောင်းတစ်ခုကို ထွက်သွားရန် လိုအပ်ကြောင်း လက်ညိုးထိုးပြီး ညွှန်ပြခဲ့ပါတယ်။ ဒါနဲ့ ဂျော်နီလည်း ကားကိုရပ်ပေးခဲ့ပြီး ကောင်မလေးကလည်း ကားတံခါးဖွင့်ကာ ထွက်သွားပါတယ်။ ဂျော်နီက သတိရလို့ သူ့ကုတ်ကိုပြန်တောင်းဖို့ မှန်တံခါးချလိုက်ပေမယ့် သူမ မရှိတော့ပါဘူး။ ဒါနဲ့သူလည်း ကားထဲကထွက်ပြီး အိမ်အိုကြီးတံခါးဆီကို သွားခဲ့ပါတယ်။ တံခါးခေါက်လိုက်ချိန် အသက်ကြီးကြီးမိန်းမတစ်ယောက်က ဘာအကြောင်းရှိလို့ပါလဲ ဆိုပြီးမေးကာ ဂျော်နီလည်း ဒီအိမ်နားမှာဆင်းသွားတဲ့ ကောင်မလေးက သူ့ကုတ်အင်္ကျီကိုပြန်ပေးဖို့မေ့နေခဲ့လို လာတောင်းတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=480,h=268,q=100/18/18dd1fe97ed368a967e7a9adbd0fbca8bcad78e9.webp
https://s9.kh1.co/__image/w=650,h=433,q=100/85/853c69f9be5ea6950222c2a66e106f34c9cdf82f.jpg

အဲ့ချိန်မှာအမျိုးသမီးကြီးလည်း ထငိုကာ အဲ့ကောင်မလေးဟာ သူ့သမီးဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်က ဒီလိုညအချိန်မှာ ကျောင်းကပွဲက အပြန်လမ်းမှာ မူးနေတဲ့ကျောင်းသားတချို့မောင်းလာတဲ့ ကားတိုက်ပြီး သေဆုံးခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ သူမကိုလည်း ဂျော်နီတင်ယူခဲ့တဲ့နေရာက သုသာန်မှာ မြုပ်နှံခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ နောက်နေ့မှာ ဂျော်နီလည်း ဒီအမျိူးသမီးရဲ့ဇာတ်လမ်းကို အတည်ပြုချင်တာကြောင့် ကာလမ်းဘေးက သုသာန်ဆိကိုသွားခဲ့ပါတယ်။ အဲ့ဒီမှာတော့ ကောင်မလေးရဲ့ အုတ်ဂူ‌ေပါ်မှာ သူရဲ့ကုတ်အင်္ကျီကို တွေ့ရှိခဲ့ရပါတယ်။

https://s9.kh1.co/__image/w=390,h=253,q=100/64/6411b39347055b06aa1d312bec1ba7669d6e396b.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T