နှလုံးသားတွေတောင်ကွဲကြေလုမတတ်ခံစားရသော ဂျပန်နိုင်ငံရှိ ဟာချီကိုရုပ်တုလေးရဲ့ ဖြစ်ရပ်

//s9.kh1.co/a1/a1318b5ab6cd26129f41818a0424e31fbfc45961.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-နို-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

နှလုံးသားတွေတောင်ကွဲကြေလုမတတ်ခံစားရသော ဂျပန်နိုင်ငံရှိ ဟာချီကိုရုပ်တုလေးရဲ့ ဖြစ်ရပ်

ဟာချီကိုဆိုတဲ့ခွေးလေးဟာ ဂျပန် နိုင်ငံက ခွေးလေးတစ်ကောင်ဖြစ်ပါတယ်။ ဟာချီကိုဟာ အရမ်းကို သစ္စာရှိလွန်းတဲ့ခွေးလေးဖြစ်ပြိး သူ့သခင်ဖြစ်သူ ကွယ်လွန်ပြီး ၉ နှစ်ကျော်ကြာသွားသည့်တိုင် သခင်နဲ့တွေ့နေကြနေရာမှာ သစ္စာရှိရှိ လာရောက်စောင့်ဆိုင်းနေခဲ့တဲ့ခွေးလေးဖြစ်ပါတယ်။

Google
Google

ဟာချီကိုဟာ ၁၉၂၃ ခုနှစ် ၊  နိုဝင်ဘာလ ၁၀ ရက်နေ့ မှာ Odate မြို့အနီးမှာရှိတဲ့ လယ်ကွင်းတစ်ခုမှာ မွေးဖွားခဲ့တဲ့ ခွေးလေးတစ်ကောင်ပါ။ တစ်နေ့မှာ Hidesaburō Ueno လို့ခေါ်တဲ့ တိုကျိုတက္ကသိုလ်ရဲ့ ပရော်ဖက်ဆာကြီးက ဟာချီကိုကို Shibuya မှာ နေထိုင်ဖို့ခေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟာချီကိုဟာ သူ့သခင်ကြီးကို အလုပ်သွား အလုပ်ပြန်နေ့တိုင်းနေ့တိုင်း Shibuya ဘူတာမှာ အကြိုအပို့လုပ်ပေးနေခဲ့ပါတယ်။

Google
Google

သခင်ဖြစ်သူကို နေ့တိုင်းနေ့တိုင်း အကြိုအပို့လုပ်ပေးနေကြခွေးလေး ဟာချီကိုဟာ တစ်နေ့မှာ သူလုံးဝမတွေးမိထားတဲ့ အရာလေးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါကတော့ သူ့သခင်ဖြစ်သူ ပရော်ဖက်ဆာကြီး Ueno ဟာ ၁၉၂၅ ခုနှစ် ၊ မေလ ၂၁ ရက်နေ့မှာ ဦးနှောက်သွေးယိုစီးမှုကြောင့် အလုပ်မှာတင် သေဆုံးသွား ခဲ့ပါတယ်။ သခင်ဖြစ်သူသေဆုံးသွားတာကို ခွေးလေး ဟာချီကိုက မသိရှိခဲ့ပါဘူး။ ခွေးလေး ဟာချီကိုဟာ ၁၉၃၅ ခုနှစ် မတ်လ ၈ ရက်နေ့ သူသေဆုံးသွားတဲ့အချိန်အထိ သူ့ဘဝတစ်လျှောက်လုံး ကိုးနှစ်ကျော်ကြာ သူ့သခင်ဖြစ်သူပြန်အလာကို Shibuya ရထားဘူတာမှာ တစ်ရက်မှမပျက် စောင့်နေခဲ့ပါတယ်။

Google
Google
Google
Google

ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ သခင်ဖြစ်သူကို တစ်ဘဝလုံး စောင့်ဆိုင်းနေခဲ့တဲ့ ဟာချီကိုရဲ့ သစ္စာရှိမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂျပန်လူမျိုးတွေဟာ Shibuya ဘူတာမှာ ဟာချီကိုရဲ့ ပုံတူရုပ်တုလေးတစ်ခု ထုလုပ်ထားခဲ့ပါတယ်။ ခွေးလေးတွေ သစ္စာရှိရင်လူတွေလိုက်မမီဘူးဆိုတာ တကယ်အမှန်ပါပဲနော်။ ပြန်မလာတော့တဲ့ သခင်ဖြစ်သူကို တစ်ရက်မှ မပျက် သစ္စာရှိရှိစောင့်ဆိုင်းနေခဲ့တဲ့ ခွေးလေး ဟာချီကိုရဲ့ စိတ်ဓာတ်လေးက လူအများကြားမှာ အခုအချိန်အထိ ဝမ်းနည်းစိတ်မကောင်းဖွယ် ဖြစ်ရပ်လေးတစ်ခုအဖြစ် ကျန်ရှိနေတုန်းပါပဲ။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T