ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထအမြစ်ဖြတ် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု အဆုံးသတ်ကမ်းပိန်းမှာပါဝင်ခဲ့တဲ့ မင်းမော်ကွန်း

//s9.kh1.co/c8/c846f7235f5df22ff300eb34ad84c085faf61869.jpg
အနုပညာရှင်များ

 ၂၄-နို-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထအမြစ်ဖြတ် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု အဆုံးသတ်ကမ်းပိန်းမှာပါဝင်ခဲ့တဲ့ မင်းမော်ကွန်း

နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့ကို ကမ္ဘာတစ်ဝှမ်းလုံးမှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။၁၆ ရက်တာလှုပ်ရှားမှုကာလဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့ လှုပ်ရှားမှုကာလ ဖြစ်ပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ် ကမ်းပိန်းမှာ သရုပ်ဆောင် ၊ အဆိုတော် မင်းမော်ကွန်းမှ သူကိုယ်တိုင်ပါဝင်ထားကြောင်းကို အခုလို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးထားပါတယ်။

Kyaw Kyaw Htay Lwin
Kyaw Kyaw Htay Lwin

“နိုဝင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာလ (၁၀)ရက်နေ့သည် ကမ္ဘာနှင့်အဝန်းတွင် နှစ်စဉ်ကျင်းပလေ့ရှိသော ၁၆ရက်တာလှုပ်ရှားမှု ကာလဖြစ်ပါသည်။

မနက်ဖြန်နိုဝင်ဘာလ ၂၅ရက်နေ့တွင် ကျရောက်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို မည်သည့်နည်းနှင့်မဆို ကိုယ်တိုင်မကျူးလွန်သည့်အပြင် ယင်းအကြမ်းဖက်မှုများလျော့ကျသွားစေရန် ပြည်သူအားလုံးဖဲကြိုးဖြူကမ်ပိန်းတွင်ပါဝင်ခြင်းဖြင့် ကူညီကြပါရန်လေးစားစွာတိုက်တွန်းအပ်ပါသည်။”

Kyaw Kyaw Htay Lwin
Kyaw Kyaw Htay Lwin

ရုပ်ရှင်သရုပ်ဆောင် ၊ အဆိုတော် မင်းမော်ကွန်းဟာ ပြည်သူများနှင့်အတူရပ်တည်ကာ တိုင်းပြည်အတွက် တတ်အားသ၍ ဆောင်ရွက်ပေးနေတဲ့ ပြည်သူ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ အခုတစ်ခေါက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ကမ်းပိန်းမှာလည်း ပြည်သူများအားလုံး သူနှင့်အတူလိုက်ပါဆောင်ရွက်ရန် တိုက်တွန်းပေးထားတာပဲဖြစ်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T