Pokemon ဆိုရင် လူကြီး ကလေး အရွယ်မရွေး မသိသူမရှားပါဘူး ငယ်ငယ်တုန်းက Pokemon series ကိုရင်းနှီးပြီးသား Pokemon Card တွေနဲ့ ဆော့ခဲ့ကြတဲ့အပြင် Platform မျိုးစုံပေါ်က Pokemon Game တွေကိုလည်း ဆော့ဖူးပြီးကြမှာပါ အဲ့အပြင် အပြင်မှာ လမ်းထွက်လျှောက်ပြီး Pokemon တွေလိုက်ဖမ်းရတဲ့ Pokemon Go ဆိုရင်လည်း ထွက်ကာစက အရမ်းနာမည်ကြီးပြီး လူအားလုံး ဝိုင်းဆော့ခဲ့ကြပါတယ် မြန်မာပြည်က MOBA ဂိမ်းတွေနဲ့ ရင်းနှီးပြီးသား Mobile Gamer တွေ သဘောကျမဲ့ နောက်ထပ် Pokemon ဂိမ်းတစ်ခု ပြီးခဲ့တဲ့လက ထွက်ရှိလာပါတယ် အဲ့ဂိမ်းနာမည်ကတော့ Pokemon Unite လို့အမည်ရတဲ့ MOBA ဂိမ်းပါ

စက်တင်ဘာလ 22 ရက်နေ့က IOS နဲ့ Android ဖုန်းတွေအတွက် နိုင်ငံပေါင်း ၇၃ နိုင်ငံမှာ The Pokemon Company နဲ့ TiMi Studio တို့ကဖြန့်ချီခဲ့တာပါ Free to play ဖြစ်ပြီး ဂိမ်းထဲက တချို့ Item တွေကတော့ ဝယ်ဆော့ရမှာပဲ ဖြစ်ပါတယ် အရင်တုန်းက ဒီဂိမ်းဟာ Nintento Switch မှာပဲဆော့လို့ရတာဖြစ်ပြီး အခုတော့ Full Cross-platform ဆော့လို့ရပါတယ် Mobile သမားနဲ့ Switch သမားတို့လည်း အတူတူတွဲဆော့လို့ရမှာပါ ဂိမ်းထဲမှာတော့ တစ်ဖက် ၅ ယောက်ပါတဲ့ အသင်းနှစ်သင်းက Pokemon တွေလိုက်ဖမ်းရင်း Point တွေစုရမှာဖြစ်ပါတယ် လက်ရှိ Pokemon 21 ကောင်အသုံးပြုလို့ရပြီး ရိုးရှင်းတဲ့ Game Setting ကတော့ MOBA သမားတွေအတွက် ရင်းနှီးပြီးသားဖြစ်မှာပါ မတူတာက တခြား MOBA Game တွေမှာလို Tower တွေလိုက်ချိုးနေရတာမျိုးမဟုတ်ပဲ Pokemon တွေလိုက်ဖမ်း မိတဲ့ကောင်တွေကို Evolve လုပ်ရင်း သတ်မှတ်ထားတဲ့ အချိန်အတွင်း point တွေစုပြီး တစ်ဖက်အသင်းကိုနိုင်အောင်ကစားရမှာပါ အဲ့အပြင်အရင်ဂိမ်းတွေတုန်းက Pokemon Type အလိုက် နိုင်တာမျိုးတွေရှိပေမဲ့ ခုဂိမ်းမှာတော့ အဲ့ဒါတွေမပါတော့ပါဘူး အချိန်အကန့်အသတ်နဲ့ဆော့ရမှာဖြစ်ပြီး အချိန်ကုန်ရင် point အများဆုံးရှိတဲ့အသင်းက အနိုင်ရပါတယ်

ဂိမ်းထဲမှာ NPC Pokemon တွေပါမှာဖြစ်ပြီး အဲ့ကောင်တွေကို လိုက်ဖမ်းရမှာပါ ဒီဂိမ်းမှာ Unite Squad တွေကိုပါ ထည့်သွင်းထားပြီး trainer တွေဟာ squad ကလူတွေနဲ့ အတူတူကစားနိုင်မှာဖြစ်ပါတယ် ကိုယ်ပိုင် Squad ထောင်လို့လည်းရပြီး တခြားရှိပြီးသား Squad တွေကိုလည်းရှာ join လို့ရတဲ့အပြင် Battlepass မှာလည်း Holowear တို့ ပိုကောင်းတဲ့ ရုပ်ထွက်တို့လို Item တွေအများအပြားပါဝင်ပါတယ် မြေပုံတွေနဲ့ monster တွေက Switch version တုန်းကလိုပါပဲ မပြောင်းသွားပါဘူး စစချင်းမှာ weak အဖြစ်ဆုံး Pokemon နဲ့ဆော့ရမှာဖြစ်ပြီး တဖြည်းဖြည်း အဲ့ဒီ Pokemon က တခြား Monster တွေကိုလိုက်ဖမ်း combat skill တွေ တက်လာပြီး Enemy Pokemon တွေကိုလိုက်ချရမှာဖြစ်ပါတယ် တခြား MOBA Game တွေနဲ့ မတူတဲ့ နောက်တစ်ခုက ဂိမ်းထဲမှာ Player တွေအတွက် Scoreboard မပါပါဘူး အဲ့အကြောင်း Producer ဖြစ်တဲ့ Masaaki hoshino ကို မေးကြည့်ရာမှာ ပွဲတစ်ပွဲဟာ ၁၀မိနစ်ကြာပြီး ဒီ ၁၀ မိနစ်အတွင်း ကစားသူတွေကို အဆုံးထိ အရှုံးမပေးပဲ ဆော့စေချင်လို့ပါလို့ ပြောပါတယ်

Quick ဆိုတဲ့ Mode တစ်ခုလည်းရှိပါတယ် ဒီ Mode မှာ အချိန်ကတော့ ၅ မိနစ်သာ ပေးထားပြီး မြေပုံအမျိုးမျိုးနဲ့ Pokemon အမျိုးမျိုး ပါဝင်ပါတယ် Rank Mode က Trainer Level 6 နဲ့ Pokemon Unite License 5 ခုရှိရင် စပွင့်မှာဖြစ်ပြီး Beginner,Great,Expert,Veteran, Ultra နဲ့ Master ဆိုပြီး ၆ ဆင့်ပါဝင်ပါတယ် Pokemon License တွေကတော့ သတ်မှတ်ထားတဲ့ Challenge တွေကို ပြုလုပ်နိုင်မယ်ဆိုရရှိမှာပါ ကစားသူဟာ တစ်ယောက်ဖြစ်စေ နှစ်ယောက်ဖြစ်စေ သုံးယောက်ဖြစ်စေ ငါးယောက်ဖြစ်စေ အတူတူဆော့လို့ရပါတယ် Rank ကတော့ အထက်အောက် တစ်ဆင့်ချင်းပဲ အတူတူဆော့လို့ရပါတယ်
Series အနေနဲ့ရော ရုပ်ရှင်တွေရောPlatform မျိုးစုံက Game တွေမှာရော အောင်မြင်ခဲ့တဲ့ အောင်မြင်နေဆဲ Pokemon Game ကို တမူထူးခြားတဲ့ MOBA Game တစ်ခုအနေနဲ့ ကိုယ့်အကြိုက် Pokemon တွေကို ထိတွေ့ချင်တယ်ဆိုရင်တော့ အခုပဲ Download ဆွဲပြီး စမ်းကစားကြည့်ကြဖို့ အကြံပေးလိုက်ပါတယ်