သေဆုံးပြီးကတည်းက ယနေ့ထိ ပြန်ရှာမရတဲ့ နာမည်ကြီး အင်ပါယာဘုရင် ဘုရင်မတွေရဲ့ ရုပ်အလောင်းများ

//s9.kh1.co/66/66c59dd3b76f7a822dbbd8d4e8368bdd4b190587.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-နို-၂၀၂၁ ၄pm · လွန်ခဲ့သော ၄ နှစ် က

.

ကမ္ဘာ့သမိုင်း ခေတ်အဆက်ဆက်မှာ စစ်ဘုရင်တွေ နာမည်ကြီးအုပ်ချုပ်သူတွေ အင်ပါယာကြီးတွေ အများအပြားပေါ်ပေါက်ခဲ့ကြပါတယ် ခေတ်အဆက်ဆက် မေ့လျောခံခဲ့ရတဲ့ သူတွေရှိသလို အားလုံးသိကြသူတွေလည်းရှိပါတယ် အဲ့ဒီထဲကမှ ထူးထူးဆန်းဆန်း သေဆုံးပြီးကာမှ ယနေ့အချိန်ထိ ကျန်ရစ်တဲ့အလောင်းကို လုံးဝပြန်ရှာမတွေ့တဲ့ နာမည်ကြီး အုပ်ချုပ်သူတွေလည်း ရှိပါတယ် အခုဖော်ပြပေးမှာက သေတဲ့အချိန်ကနေ ခုချိန်ထိ အလောင်းက ဘယ်ရောက်နေမှန်းမသိ ပျောက်ဆုံးနေတဲ့ ကမ္ဘာ့သမိုင်းထဲက နာမည်ကြီး မင်းမျိုးမင်းနွယ်တွေ အကြောင်းပါ

photo from Google
photo from Google

ပထမဆုံးတစ်ယောက်ကတော့ အလက်ဇန္ဒြားဖြစ်ပါတယ် သူဟာ 336 ဘီစီမှာ မက်စီဒန်ရဲ့ ဘုရင်ဖြစ်လာခဲ့ပါတယ် အသက် ၂၀ သာရှိသေးတဲ့သူဟာ ဂရိအနှံ့အပြားမှာ အာဏာကိုမြန်မြန်ဆန်ဆန်ပဲ တည်ဆောက်ခဲ့ပါတယ် နောက်ဆုံးမှာ ပါရှားကို တိုက်ခိုက်ခဲ့တာလည်း သူပါပဲ သူ့ကိုတချို့နောက်လိုက်တွေက နတ်ဘုရားအဖြစ် ကိုးကွယ်ကြပါတယ် အသက် ၃၂ အရွယ် 323 ဘီစီ ဘေဘီလုံမှာ သေဆုံးခဲ့ပါတယ် သေတဲ့အကြောင်းကတော့ ထူးဆန်းတဲ့ အဖျားတစ်ခု‌ကြောင့်ပါ သူ့ကို ‌ရွှေရောင်အခေါင်းထဲမှာထည့်ပြီး အခေါင်းကို ပျားရည်တွေနဲ့ ဖြည့် ရွှေသေတ္တာတစ်ခုထဲထည့်ပြီးနောက် အလက်ဇန္ဒြီးယားက သင်္ချိုင်းဂူတစ်ခုထဲမှာထားခဲ့ကြပါတယ် နောက်တော့ ကလီဂူလာဆိုသူက ဂူထဲကိုဝင်မွှေခဲ့ပါတယ် အေဒီ 199 မှာ ‌‌ရောမအင်ပါယာဘုရင် ဆပ်တီမီရပ်ဆဲဗရပ်က အလက်ဇန္ဒြားရဲ့ဂူကို ချိတ်ပိတ်လိုက်ပြီးကတည်းက ဘယ်ရောက်သွားလဲ မသိရတော့ပါဘူး သမိုင်းပညာရှင်တွေဘယ်လိုကြိုးစားပေမဲ့လည်း အဖြေမရှာနိုင်ခဲ့ကြပါဘူး

photo from Google
photo from Google

ကလီယိုပတ်ထရာကတော့ အီဂျစ်ရဲ့ နောက်ဆုံးအင်ပါယာ Ptolemaic နိုင်ငံရဲ့ အုပ်ချုပ်သူဖြစ်ပါတယ် သူက အီဂျစ်လူမျိးမဟုတ်ပဲ ဂရိပါ ဂျူးလိယက်ဆီဇာနဲ့ သားတစ်ယောက်ရခဲ့ပြီး မာ့ခ်အန်တိုနီနဲ့ အကြောင်းပါခဲ့ပါတယ် ဒါပေမဲ့ အော့ထရေဗီရမ်က အီဂျစ်ကို 30 ဘီစီမှာ ကျူးကျော်ခဲ့ပြီးနောက် အန်တိုနီကကိုယ့်ကိုကိုယ်သတ်သေခဲ့ပါတယ် သူမကလည်း မြွေကိုက်ခံပြီး ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါတယ် အော့ထရေဗီယမ်က သူတို့နှစ်ယောက်ကို ဘေးချင်းကပ် မြှပ်နှံပေးခဲ့ပြီး သူတို့ရဲ့ ဂူကလည်း အလက်ဇန္ဒြီးယား တစ်နေရာရာမှာ ရှိနေရမှာပါ ဂူကိုရှာဖို့အများကြီးကြိုးစားခဲ့ကြပေမဲ့ ဘယ်နေရာမှာလည်းဆိုတာ ခုထိမသိရသေးပါဘူး

photo from Google
photo from Google

ဘူဒီကာကတော့ အာဆီနာရဲ့ ဘုရင်မပါ Celtic လူမျိုးတွေဟာ ‌ရောမ ကျူးကျော်ခံရချိန် ဗြိတိန်မှာ အခြေချနေကြတာပါ အာဆီနီဘုရင် ပရာဆူတာဂတ်စ်ဟာ အကျဥ်းချခံခဲ့ရကာ သူသေပြီးနောက်မှာ ရောမတွေဟာ အာဆီနီမြေကိုကျူးကျော်ခဲ့ကြပြီး ဘူဒီကာကို ရိုက်နှက်ကာ သူမသမီးတွေကိုပါ အနိုင်ကျင့်ခဲ့ပါတယ် ဒါကြောင့် သူမဟာ လူအင်အားစုပြီး လက်နက်ကိုင်တော်လှန်ခဲ့ပါတယ် ဘူဒီကာဟာ အေဒီ 61 လောက်မှာ စစ်ပွဲတွင်း အသတ်ခံခဲ့ရပါတယ် သူမရဲ့ ဂူဘယ်မှာလဲဆိုတာ ဘယ်တုန်းကမှမသိခဲ့ရပါဘူး သူမကို လန်ဒန် King’s Cross ဘူတာရဲ့ ပလက်ဖောင်း ၈ ၉ ၁၀ တစ်ခုခုအောက်မှာမြုပ်ထားတယ်လို့ ယုံတမ်းစကားရှိပါတယ် 

photo from Google
photo from Google

အတီလာဟာ အင်ပါယာကြီးတစ်ခုရဲ့ ခေါင်းဆောင်ပါ ၅ ရာစုနှစ်တုန်းက ဥရောပအလယ်ကို အုပ်စိုးခဲ့သူတစ်ဦးဖြစ်ပါတယ် သူဟာရောမအတွက်တော့ ရန်သူတော်ကြီးတစ်ဦးပါပဲ 453 အေဒီလောက်မှာ ရုတ်တရက် သေဆုံးခဲ့ပါတယ် သူ့ကို ငွေထည် သံထည် ရွှေထည်ရောထားတဲ့ အခေါင်းနဲ့ မြုပ်နှံခဲ့ပါတယ် သူ့ကိုမြုပ်ပေးခဲ့တဲ့လူတွေလည်း နေရာကို ပြန်မဖော်နိုင်အောင် အသတ်ခံခဲ့ရပါတယ် သူ့အလောင်းဟာ ခုချိန်ဆို ဟန်ဂေရီ တစ်နေရာရာမှာ ရှိမယ်လို့ ယုံကြည်ရပါတယ် 

photo from Google
photo from Google

ဂျင်ဂျစ်ခန်ကတော့ မွန်ဂိုအင်ပါယာကို အုပ်စိုးသူပါ သူ့လက်အောက်က နယ်ပယ်ဟာ ရာဇဝင်မှာအကြီးဆုံး နယ်မြေဖြစ်ခဲ့ပါတယ် ၁၂၂၇ ခုနှစ် တရုတ်ပြည်မှာ စစ်ပွဲကဒဏ်ရာကြောင့်လိုလို မြင်းစီးရင်းရတဲ့ ဒဏ်ရာကြောင့်လိုလိုနဲ့ သေဆုံးခဲ့ပါတယ် သူဟာ သူ့ကို ဘာအမှတ်အသားမှမပါပဲ မြှပ်ဖို့မှာကြားခဲ့တာကြောင့် အလောင်းကို မွန်ဂိုလီးယားက သူ့မွေးရပ်မြေ Khentii Aimag ကိုပြန်သယ်သွားတယ်လို့ ထင်ရပါတယ် အသုဘပို့တဲ့လမ်းကြောင်းမှာတွေ့သမျှလူတွေကိုလည်း သတ်ပစ်ကြတယ်လို့ ဆိုကြပါတယ် ဒါကတော့ မြင့်မြတ်တဲ့ ခန်ရဲ့ နောက်ဆုံးနားရာနေရာကို လူမသိစေချင်လို့ ဖြစ်ပါတယ်တဲ့ သူသေပြီးတော်တော်ကြာမှ မွန်ဂိုလီးယားမှာ ဂျင်ဂျစ်ခန် ဂူဗိမ္မာန်ဆိုပြီး တည်ဆောက်ခဲ့ကြပေမဲ့ သူ့ရဲ့ ရုပ်အလောင်းမရှိတဲ့ နေရာသက်သက်ကြီးသာ ဖြစ်ပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T