နယူးအင်္ဂလန်ကို ခရီးထွက်ပြီး အိမ်ပြန်လာတဲ့ Troy နဲ့ Albany တို့ရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ သူတို့ဟာ မြင်းလှည်းနဲ့ အိမ်ကိုပြန်လာစဉ် Spiegletown နားအရောက်မှာ ညဘက်လည်းရောက်နေပြီမို့ ဒီမြို့နားမှာပဲ အနားယူဖို့ ပြင်ခဲ့ပါတယ်။ ခင်ပွန်းသည်ဟာ အနီးအနားမှာ ဘာရှိမလဲဆိုပြီး လိုက်လံရှာကြည့်ခဲ့ရာ တောက်တက်လမ်းလေးတစ်ခုတွေခဲ့ပါတယ်။ အဲ့လမ်းလေးရဲ့အဆုံးမှာ အိမ်လေးတစ်အိမ်ကို တွေ့လိုက်ရပြီး မတ်တပ်ရပ်နေကြတဲ့ အဘိုးအိုနဲ့အဖွားအိုတို့ကို တွေ့ရှိလိုက်ရပါတယ်။ သူတို့ဟာ ညအိပ်၀တ်စုံများကို ၀တ်ဆင်ထားကာ ခရီးသွားအတွဲဟာလည်း သူတို့ဆိကို လာခဲ့ပါတယ်။

သူတို့ရောက်တော့ အဘွားကြီးဟာ လက်ဖက်ရည်နှင့် လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ကိတ်မုန့်များကို ကျွေးခဲ့ပါတယ်။ အဲ့နောက် သူတို့နှစ်ေယာက်အခန်းကို လိုက်လံပြသခဲ့ပြီး ခင်ပွန်းသည်က တည်းခိုခန်းအတွက် ပေးချေချင်ပေမယ့် အဘွားကြီးက ခေါင်းခါပြခဲ့ပါတယ်။ အဘိုးအိုက သူတို့ရဲ့နယူးယောက်သားတွေကို ဒီလိုအသေးစားဝန်ဆောင်မှုအတွက်နဲ့ ပေးချေတာကို ငြင်းဆိုခဲ့ပါတယ်။ ခရီးသွားလင်မယားဟာလည်း အစောကြီးနိုးပြီး အိမ်ပြင်ထွက်ကာ တောက်ပြောင်သော ငါးဆယ်တန် အကြွေစေ့တစ်စေ့ကို မီးဖိုချောင် စားပွဲအလယ်တွင် ထားရစ်ခဲ့ပါတယ်။

ခင်ပွန်းသည်က မြင်းပေါ်တက်ပြီး Spiegletown ရှိ စားသောက်ဆိုင်ငယ်တစ်ခုတွင် ခရီးသွားရင်း လမ်းမှာစားဖို့အတွက် ထွက်၀ယ်ခဲ့ပါတယ်။ ခင်ပွန်းသည်က ချစ်စရာကောင်းတဲ့အဘိုးအိုတို့ ဇနီးမောင်နှံအကြောင်းကို စားသောက်ဆိုင်ပိုင်ရှင်ကို ပြောပြခဲ့ပါတယ်။ အဲ့အချိန်မှာ ထိုအမျိုးသားက ဖြူဖပ်ဖြူရော် ဖြစ်သွားပါေတာ့တယ်။ "အဲ့ဒီအိမ်က ဘယ်ကအိမ်ကိုပြောတာလဲခဗျ" သူကမေးတယ်။ ခင်ပွန်းသည်က တည်နေရာကို အသေးစိတ်ပြောပြလိုက်ပါတယ်။ “ခင်ဗျာ မှားေနတာထင်တယ်” လို့ စားသောက်ဆိုင်ပိုင်ရှင်က ပြောပါတယ်။ " လွန်ခဲ့တဲ့ ၃ နှစ်က မီးလောင်မှုကြောင့် အဲဒီအိမ်ဟာ Brown မိသားစုကို မီးလောင်ပျက်စီးစေခဲ့တာလေ "

“မယုံပါဘူး” ဆိုပြီး ခင်ပွန်းသည်က ပြတ်ပြတ်သားသားပြောလိုက်ပါတယ်။ "မနေ့ညက မစ္စစ်ဘရောင်းနဲ့ မစ္စစ်ဘရောင်းတို့ အသက်ရှင်နေပြီး ကျန်းကျန်းမာမာပါပဲ " နောက်ထပ် မိနစ်အနည်းငယ်ကြာ အချေအတင် ဆွေးနွေးပြီးနောက် လင်မယားနှစ်ယောက်နှင့် စားသောက်ဆိုင်ပိုင်ရှင်ဟာ ရထားကို မြို့ပြင်ရှိ ဘရောင်းနေရာဟောင်းဆီသို့ ပြန်မောင်းလာခဲ့ပါတယ်။ ပေါင်းပင်များ ထူထပ်နေသော လမ်းထဲကို ကွေ့ပြီ လမ်းလေးအတိုင်း တောင်ထိပ်သို့ တက်ခဲ့ကြပါတယ်။ အဲဒီမှာ ဘယ်သူကိုမှ မတွေ့ရှိရပဲ အချိန်အကြာကြီး အမိုးအကာမရှိခဲ့ဘဲ မီးလောင်သွားတဲ့ အိမ်တစ်လုံးကိုသာ တွေ့လိုက်ရပါတယ်။ ခင်ပွန်းသည်က “ငါ လမ်းမှားခဲ့ပြီထင်တယ်” လို့ပြောပါတယ်။ အဲ့နောက် ဇနီးသည်က ကြောက်လန့်တကြားအော်ပြီး သူ့ရင်ခွင်ထဲ မူးလဲသွားပါတယ်။ ခင်ပွန်းဖြစ်သူက သူ့ကို ဖမ်းလိုက်ပြီး အပျက်အစီးထဲကို ကြည့်လိုက်တော့ အလယ်မှာ တောက်ပြောင်ေနတဲ့ ငါးဆယ်တန်အကြွေးစေ့လေးကို မီးလောင်ထားတဲ့ စားပွဲတစ်လုံးအပေါ်မှာ တွေ့လိုက်ရပါေတာ့တယ်။ တချို့သော် အရာတွေဟာ သင့်ကို ကူညီချင်ရုံလေးပါပဲ။
