တစ်ခါက ရွာငယ်လေးမှာ တစ်ယောက်ထဲနေထိုင်တဲ့ အဘိုကြီးတစ်ယောက် ရှိပါတယ်။ ဒီအဖိုးကြီးက သူဟာ ဘာကိုမှမကြောက်တက်ဘူးလို့ အမြဲပြောနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူကိုယ်သူ ကာကွယ်ဖို့အတွက် အမြဲတော့ သေနတ်ဆောင်ထားလေ့ရှိပါတယ်။ တစ်ညမှာတော့ သူဟာ ညနက်တဲ့ထိ သရဲကား ထိုင်ကြည့်နေခဲ့မိပါတယ်။ ဇာတ်လမ်းပြီးသွားတဲ့နောက်မှာတော့ သူဟာ အိပ်ဖို့ဦးတည်ကာ အိပ်ခန်းထဲသွားခဲ့ပါတယ်။

တစ်ရေးနိုးလာတဲ့အချိန်မှာတော့ သူဟာ တစ်ခုခုကို သတိထားမိလိုက်ပါတယ်။ ဒီဟာက ပုံမှန်မဟုတ်ဘူးဆိုတာကိုလည်း သူသိနေခဲ့ပါတယ်။ ဘာကြောင့်ဆို လရောင်နဲ့ ဒီအရာကြီးကို မြင်နေရလို့ပါ။ သူမြင်ရတာကတော့ သူရဲ့ခြေရင်းကနေ မျက်လုံးကြီး နှစ်လုံးနဲ့ စိုက်ကြည့်နေတာပဲဖြစ်ပါတယ်။ ဘာမှမကြောက်တဲ့ ဒီအဖိုးကြီးဟာ ခုချိန်မှာတော့ ကြောက်လန့်နေပြီ ဖြစ်ပါတယ်။ အဲ့နောက်သူလည်း ကြောက်ကြောက်နဲ့ ဖြေးညှင်းစွာ အနီးနားက သူအမြဲဆောင်ထားလေ့ရှိတဲ့ သေနတ်ကုိယူဖို့ လက်ကို စတင်ရွေ့လျားလိုက်ပါတယ်။ ကံကောင်းစွာပဲ သူ့ရဲ့လက်က သေနတ်စီ ရောက်ခဲ့ပါတယ်။ အဲ့နောက်သူလည်း နှောင့်နှေးမနေတော့ပဲ သေနတ်ကိုဆွဲယူကာ သရဲလို့ထင်ရတဲ့ ထိုအရာကို သေနတ်နဲ့ အပီပစ်လိုက်ပါတော့တယ်။

အဲ့ချိန်မှာတော့ အဖိုးကြီးက ကျယ်လောင်စွာပဲ ထအော်ခဲ့မိပါတယ်။ အကြောင်းကတော့ သူကိုစိုက်ကြည့်နေတယ်လို့ ထင်ရတဲ့ ဒီအရာတွေက သူရဲ့ ခြေမကြီးတွေပဲဖြစ်နေလို့ပါပဲ။ ညကကြည့်ခဲ့တဲ့ သရဲကားကြောင့် မထင်မရှားလရောက် မြင်ချင်တာတွေမြင်ပြီး အဖြစ်ဆိုးနဲ့ ကြုံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကို မြင်ခဲ့တာကတော့ အခန်းထဲမှာ ပုန်းနေတဲ့ သူခိုးဖြစ်သူပါပဲ။ သူခိုးကလည်းမနက်ကျ ဘာမှမကြောက်တဲ့ ဒီအဖိုးကြီးရဲ့အဖြစ်ကိုလိုက်ပြောမိလို့ သူခိုးမှန်းသိကာ အဖမ်းခံလိုက်ရပါတယ်။ သင်လည်း ညနက်တဲ့ထိ သရဲကားတွေကြည့်ရင် သူလို့မျိုးတော့ မဖြစ်ပါစေနဲ့။ ညနက်မှာဆို ကုတင်းအောက်တွေဘာတွေလည်း စစ်ကြည့်ဖို့မမေ့ပါနဲ့။

