အဆက်မပြတ်တိုးတက်လာတဲ့ နည်းပညာများနဲ့အတူ လုပ်ငန်းခွင်လုပ်ဆောင်ချက်များ သတ်မှတ်ချက်များ လုပ်ငန်းစဥ်များဟာ အင်တာနက်ပေါ်ကနေပဲ အကုန်လုံးနီးပါး ပြုလုပ်နေကြပါပြီ အဲ့အပြင် အခုကာလမှာ Covid 19 ကပ်ရောဂါဆိုးကြီးလည်းရှိနေတာကြောင့် အားလုံးနီးပါးဟာ လူတစ်ဦးနဲ့တစ်ဦး တတ်နိုင်သမျှ အနည်းဆုံး ထိတွေ့ဆက်ဆံနေကြပါတယ် ထို့အတူ လုပ်ငန်းခွင်မှာလည်း တစ်ဦးနဲ့တစ်ဦး တတ်နိုင်သမျှ အထိအတွေ့နည်းအောင် စီစဥ်လာကြပါတယ် ဒီလိုအချိန်မှာ လုပ်ငန်းခွင်ကလူသာမက အလုပ်လျှောက်ရာမှာလည်း များသောအားဖြင့် Mail သို့မဟုတ် Social Media ကနေသာ အလုပ်လျှောက်ကြပါတယ် ဒီလို လူချင်းတွေ့လျှောက်ရတာမဟုတ်တဲ့အခါ အလုပ်ရှင်ပထမဆုံးကြည့်တာက ကိုယ့်ရဲ့ CV form ပါ CV form က ကိုယ့်ရဲ့ first impression ပါပဲ ကိုယ်ပို့လိုက်တဲ့ CV က မသပ်မရပ် အချက်အလက်မပြည့်မစုံဖြစ်နေမယ်ဆိုရင် အလုပ်ရှင်က ဒီ CV ကို သိပ်အာရုံစိုက်နေမှာ မဟုတ်ပါဘူး ဒီလို မဖြစ်ရအောင် အလုပ်လျှောက်ရာမှာ CV Form ကအရမ်းအရေးကြီးပါတယ်
ပထမဆုံးအနေနဲ့ အလုပ်ခေါ်စာကို သေချာဖတ်ပါ အလုပ်ခေါ်စာထဲက Keyword တွေကို သေချာဂရုတစိုက်ဖတ်ရှူသင့်ပါတယ် ဒါမှသာ အလုပ်ရှင်ကဘာကိုလိုချင်တယ် ဘယ်လိုတာ၀န်တွေကို ပေးချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းနားလည်မှာပါ

CV form ကို စာရွက်ပေါ်မှာလက်ရေးနဲ့ ရေးတာထက် Decoument တစ်ခုလောက် ဖန်တီးထားတာက ပိုကောင်းပါတယ် ကိုယ့်အနေနဲ့လည်း လွယ်လွယ်ကူကူ သိမ်းထားနိုင်ပြီး ကြိုက်တဲ့အချိန် print ပြန်ထုတ်လို့လည်းရတာကြောင့်ဖြစ်ပါတယ်
အခြေခံအားဖြင့် ကိုယ့်ရဲ့ ကိုယ်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စုံစုံလင်လင် ထည့်သွင်းပေးဖို့လိုအပ်ပါတယ် ကိုယ့်ကိုဆက်သွယ်ရမဲ့ ဖုန်းနံပါတ် Mail address ကိုယ့်ရဲ့လိပ်စာ အသက်စတဲ့ အချက်အလက်တွေကို သေချာစစ်ဆေးပါ ကိုယ်အတွေ့အကြုံရှိတဲ့ အလုပ်အကိုင် ဘယ်လုပ်ငန်းခွင်တွေမှာ ဘယ်လိုတာဝန်ယူရတယ်ဆိုတာကို တိုတိုတုတ်တုတ်နဲ့ ရှင်းရှင်းလင်းလင်း ရေးသားပါ ဒီနေရာမှာ သတိပြုရမှာက ကိုယ်လျှောက်မဲ့ position နဲ့ပတ်သတ်တာတွေကိုပဲ ရေးသင့်ပါတယ် မဆိုင်တဲ့ အတွေ့အကြုံတွေကိုရေးနေရင် စာရှည်ပြီးလိုရင်းမရောက်ဖြစ်ပါလိမ့်မယ် ကိုယ်လျှောက်မဲ့ position မှာအတွေ့အကြုံမရှိဘူးဆိုရင် ကိုယ်ကဒီ position နဲ့ပတ်သက်ပြီး လေ့လာနေကြောင်းကို ရေးသင့်ပါတယ်
နောက်တစ်ခုကတော့ ကိုယ့်ရဲ့ skill တွေအကြောင်းပါ ဒါကအရေးကြီးပါတယ် ကိုယ့် skill တွေနဲ့ အလုပ်ခေါ်စာက လိုအပ်ချက်တွေ ကိုက်ညီမူရှိမှ အလုပ်ရှင်ဖက်က ကိုယ့်ကို ဆက်သွယ်လာမှာပါ ကိုယ့်မှာရှိတဲ့ skill တွေကို တစ်ခုချင်းစီ သေသေချာချာ ဖော်ပြပါ နောက်လုပ်ငန်းအတွေ့အကြုံတွေကို ဖော်ပြပါ ကိုယ်လျှောက်မဲ့ ရာထူးနဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံတွေကိုပြတာကတော့ အကောင်းဆုံးပဲဖြစ်ပါတယ် ဘယ် company မှာ ဘယ်လိုရာထူးနဲ့ ဘာတာဝန်တွေယူရလဲဆိုတာကို အချက်အလက် အစုံအလင်ရေးပါ သီးသန့်တာဝန်ယူခဲ့ရတဲ့ project တွေရှိရင်လည်းဖော်ပြပေးပါ ဒီလိုမှ သင်ဟာ ဘယ်အပိုင်းမှာ ဘယ်လောက်ကျွမ်းကျင်ကြောင်း အလုပ်ရှင်ကနားလည်နိုင်မှာဖြစ်ပါတယ် ပြီးရင်သင့်ရဲ့ ပညာရေးနဲ့ လက်ဝယ်ရှိတဲ့ certificate တွေကို ဖော်ပြပေးပါ

ပညာရေးအပိုင်းမှာတော့ အရင်အောင်မြင်ခဲ့ပြီးသား အတန်းပညာများနဲ့ လက်ရှိတက်ရောက်နေတဲ့ အတန်းများကို ဖော်ပြပါ ရှိပြီးသား certificate များကိုထည့်သွင်းပါ ဒါဆိုရင်တော့ အချက်အလက်ပြည့်စုံတဲ့ CV Form တစ်ခုကို ဖန်တီးလို့ပြီးပါပြီ Browser တစ်ခုကနေ Software တွေသုံးပြီး ကိုယ့် CV form ကိုသပ်သပ်ရပ်ရပ်နဲ့ အချိန်တိုအတွင်းဖန်တီးလို့ရနေပါပြီ
နောက်ထပ် CV Form ရေးရာမှာ သတိပြုရမဲ့ အချက်တွေကတော့ Font ကို တခြား font တွေမသုံးသင့်ပါဘူး emoji တွေလည်း လုံး၀မထည့်သင့်သလို အလုပ်ရှင်ကို တိုက်ရိုက်စကားပြောတဲ့ အသုံးအနှုန်းတွေကိုလည်း ရှောင်ရှားရပါမယ် အချက်အလက်တွေကိုသာ ဦးစားပေးဖော်ပြပါ အရောင်ရွေးရာမှာလည်း အပြာရောင် ခဲရောင်တွေနဲ့ CV Form Template တွေကိုသာ ဦးစားပေးရွေးချယ်သင့်ပါတယ် ကြည့်ရတာ အမြင်ရှင်းနေစေဖို့ စာလုံးစာတန်းတွေကြားမှာလည်း space ကို သင့်တော်သလို ချထားပါ ဒီလိုသာဆိုရင်တော့ သင့်တော်ကောင်းမွန်တဲ့ CV Form တစ်ခုရမှာဖြစ်ပြီး လျှောက်လွှာတွေအများကြီးကြားထဲမှာ ကိုယ့် CV Form ဟာ ပိုပြီး အာရုံစိုက်ခံရမှာပါ