အင်းစိန်အကျဉ်းထောင်ကသူငယ်ချင်းပေးလိုက်တဲ့ ဦးထုပ်အနီလေးကို အမေရိကန်နိုင်ငံပြန်ရောက်တဲ့အထိ ဝတ်ဆင်ခဲ့တဲ့ သတင်းထောက် Danny Fenster

//s9.kh1.co/eb/eb377e25a3ff0a783b3ebab1e950663dc374e705.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

အင်းစိန်အကျဉ်းထောင်ကသူငယ်ချင်းပေးလိုက်တဲ့ ဦးထုပ်အနီလေးကို အမေရိကန်နိုင်ငံပြန်ရောက်တဲ့အထိ ဝတ်ဆင်ခဲ့တဲ့ သတင်းထောက် Danny Fenster

အမေရိကန်သတင်းထောက် Danny Fenster ဟာ မြန်မာနိုင်ငံက အကျဉ်းထောင်တစ်ခုဖြစ်တဲ့ အင်းစိန်အကျဉ်းထောင်မှာ ၆ လနီးပါး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီးမှ ပြည်နှင်ဒဏ်နဲ့ပြန်လည်လွတ်မြောက်ခဲ့တဲ့သူ ဖြစ်ပါတယ်။Danny Fenster ဟာ အကျဉ်းထောင်မှာ နေထိုင်စဉ်ကာလတွေမှာ စိတ်တွေပင်ပန်းဆင်းရဲလွန်းလို့ ရူးမတတ်တောင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အကျဉ်းထောင်ထဲမှာ ၆ လ ကြာနေထိုင်ခဲ့ရတဲ့ Danny Fenster ဟာ ထောင်တွင်းသူငယ်ချင်းတွေလည်း ရရှိခဲ့ပါတယ်။

Google
Google
Google
Google
Google
Google

Danny Fenster ဟာ သူပြန်လည်လွတ်မြောက်ခဲ့တဲ့နေ့မှာ ဦးထုပ်အနီလေးကို မချွတ်တမ်းတောက်လျှောက်ဝတ်ဆင်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အထွက် အမေရိကန်နိုင်ငံရောက်တဲ့အထိ ဦးထုပ်အနီလေးကို လုံးဝမချွတ်ခဲ့ပါဘူး။ Danny Fenster တန်ဖိုးထား ဝတ်ဆင်ခဲ့တဲ့ ဦးထုပ်အနီလေးကလည်း သူ့အကြောင်းနဲ့သူရှိလို့ နေပါတယ်။

Google
Google
Google
Google

အကြောင်းကတော့ အဲဒီ ဦးထုပ်အနီလေးဟာ အင်းစိန်ထောင်မှာ အကျဉ်းကျနေစဉ်ကာလတွေမှာ Danny Fenster အတွက် ထောင်တွင်းသူငယ်ချင်းဖြစ်သူမှ လက်ဆောင်ပေးထားတာလေးလို့ သိရပါတယ်။ ဒါကြောင့် Danny Fenster ဟာ အကျဉ်းထောင်ထဲမှ ဦးထုပ်အနီလေး လက်ဆောင်ပေးခဲ့တဲ့ သူငယ်ချင်းဖြစ်သူနဲ့ မြန်မာပြည်မှာ ကျန်ခဲ့တဲ့လုပ်ဖော်ကိုင်ဖက်များကို အောက်မေ့သတိရကြောင်း ပြသတဲ့အနေနဲ့ ဦးထုပ်အနီလေးကို လုံးဝ မချွတ်တမ်း ဝတ်ဆင်ထားခဲ့တာလို့ သိရပါတယ်။

Google
Google

အမေရိကန် သတင်းသမား Danny Fenster ကို နိုဝင်ဘာလ ၁၁ ရက်နေ့တုန်းက တရားရုံးမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ၊ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ၁၇(၁)၊ လူဝင်မှုဥပဒေပုဒ်မ၁၃(၁) အမှု၃ခုအတွက် ထောင်ဒဏ်၁၁နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၅ရက်နေ့မှာတော့ Danny Fenster ကို လွတ်ငြိမ်းဖြင့်ပြန်လွှတ်ပေးလိုက်ပြီး တစ်ခါတည်းပြည်နှင်ဒဏ်ပါ ပေးခဲ့တာပဲဖြစ်ပါတယ်။

Source - Sayar Nay Thway 

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T