ပီရူးကမိန်းကလေးတစ်ဦးဟာ ငါးနှစ်သမီးအရွယ်လေးနဲ့ ကလေးမွေးဖွားပြီးနောက် အငယ်ဆုံးမိခင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Andes ရှိ Ticrapo ရွာမှ Lina Medina ဟာ မေလ 14၊ 1939 တွင် သဘာဝအတိုင်း မွေးဖွားရန်အတွက် သူမရဲ့ တင်ပါးဆုံရိုးဟာ သေးငယ်လွန်းသဖြင့် ခွဲစိတ်ခန်းမှ ကလေးမွေးဖွားခဲ့ရပါတယ်။ သည်းထိတ်ရင်ဖိုစရာဇာတ်လမ်းကို သူမရဲ့ ဆေးမှတ်တမ်းများမှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့ရပါတယ်။ Lina ဟာ သူမရဲ့ ဇာတ်လမ်းကို ပြောပြရန် ငွေသားများစွာနဲ့ ကမ်းလှမ်းမှုကို သတင်းထောက်များက အကြိမ်များစွာ တောင်းဆိုခဲ့ေပမယ့်လည်း ငြင်းဆိုခဲ့ဖူးတယ်ဆိုတာ The Sun က ဖော်ပြထားပါတယ်။

ထိုအချိန်တုန်းက ကလေးမလေးဟာ မိခင်ဖြစ်သူ Victoria Losea ထံ ဗိုက်နာကြောင်း ညည်းညူခဲ့ပြီး ဆရာဝန်များက သူမတွင် အကျိတ်ရှိနေတယ်လို့ပဲ ယူဆခဲ့ကြပါတယ်။ တကယ်တော့ သူမဟာ ကိုယ်ဝန် ခုနစ်လရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ ကလေးလေးဟာ ကိုယ်အလေးချိန် 6 ပေါင်နဲ့ ကျန်းမာစွာ မွေးဖွားခဲ့ပြီး သူ့ကို မွေးဖွားခဲ့တဲ့ ဆရာဝန်က Gerardo လို့ အမည်ပေးခဲ့ပါတယ်။ ဆေးပညာရှင်များရဲ့ တွေ့ရှိချက်အရ Lina ကိုယ်၀န်ရရှိတဲ့အကြောင်းအရင်းဟာ အချိန်မတိုင်မှီ အပျိုဖော်၀င်စဖြစ်နေတဲ့ အခြေအနေကြောင့် ဖြစ်တယ်လို့ သိရှိရပါတယ်။ သူမရဲ့ ရင်သားဟာ လေးနှစ်သမီးအရွယ်မှာ အပြည့်အဝနီးပါး ဖွံ့ဖြိုးလာခဲ့ပြီး ရာသီလာချိန်ဟာလည်း (၃) နှစ်သမီးအရွယ်နဲ့ စတင်ဖြစ်ပွားခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပြပါတယ်။

ဒါပေမယ့်လည်း ပီရူးနိုင်ငံမှ ဆေးဘက်ဆိုင်ရာ အစီရင်ခံစာတစ်ခုတွင် ကလေးရဲ့ ရာသီစက်ဝန်းကို ရှစ်လသမီးအရွယ်နဲ့ စတင်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ Gerardo ရဲ့ဖခင်ကဘယ်သူမှန်းမသိေပမယ့် Lina ရဲ့ဖခင်ဖြစ်သူ ပန်းထိမ်ဆရာ Tiburelo Medina ဟာ Lina ကို အဓမ္မပြုကျင့်ပြီး ကိုယ်၀န်ရရှိစေတဲ့ သံသယရှိမှုကြောင့် အဖမ်းခံလိုက်ရပါတယ်။ နောက်ပိုင်းမှာေတာ့ အထောက်အထားမရှိလို့ ပြန်လွှတ်ပေးခဲ့ပါတယ်။ လေ့လာမှုများအရ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခံရသူ ငယ်ရွယ်သူများဟာ အပျိုဖော်ဝင်ချိန်မတိုင်မီ ပိုမိုခံစားရနိုင်ခြေ ပိုများကြောင်း ဖော်ပြထားပါတယ်။ အသက်လေးနှစ်အရွယ်နဲ့ Lina လေးဟာ ကလေးရဲ့ဖခင်အကြောင်း မေးမြန်းတဲ့အခါမှာ “တိကျသောအဖြေများ” မပေးနိုင်ခဲ့ဘဲ သူမဟာ ငယ်ရွယ်တာကြောင့် မသိနိုင်ေတာ့ကြောင်း ဆရာဝန်များကို တောင်းဆိုခဲ့ပါတယ်။


သမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့ကြောင်းကို ဖခင်ဖြစ်သူက ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့တယ်လို့ The Teal Mango က ဖော်ပြထားပါတယ်။ Lina ရဲ့ဝမ်းကွဲအစ်ကိုဟာ သူမအား အဓမ္မပြုကျင့်တယ်လို့ သံသယရှိေပမယ့်လည်း သက်သေမရှိတာကြောင့် ရဲများက သူ့ကိုစွဲချက်မတင်နိုင်ပါ။ Gerardo မွေးဖွားပြီး နှစ်နှစ်အကြာတွင် Lina ကို Columbia တက္ကသိုလ်မှ ကလေးအထူးကု Paul Koask မှ အကဲဖြတ်ခဲ့ပြီး သူမရဲ့ ဉာဏ်ရည်ဉာဏ်သွေးဟာ သာမန်ထက်သာလွန်ပြီး သူမရဲ့ကလေးအား "လုံး၀ ပုံမှန်" ပဲဆိုပြီး ဖော်ပြခဲ့ပါတယ်။ "သူမက ကလေးကို ညီလေးတစ်ယောက်လို တွေးပြီး ကျန်တဲ့ မိသားစုတွေလည်း ဒီလိုပဲတွေးကြပါတယ် " လို့ ရေးသားခဲ့ပါတယ်။






