YUFL တက္ကသိုလ် က Queen လေးတစ်ဦးဖြစ်တဲ့ ဟန်နီနွေဦးဟာဆိုရင် သီချင်း MTV တွေပါ ပါဝင်သရုပ်ဆောင်နေတဲ့မော်ဒယ်သရုပ်ဆောင်လေးတစ်ဦးလည်းဖြစ်ပါတယ်။ သူမက ချစ်စရာကောင်းတဲ့ အပြင် ဖော်ဖော်ရွေရွေနေတတ်တဲ့ အပြုမူလေးတွေကြောင့် ဆယ်ကျော်သက်ပရိတ်သတ်လေးတွေရဲ့ ချစ်မဝတဲ့ မော်ဒယ်သရုပ်ဆောင်လေးတစ်ဦးလည်းဖြစ်ပါတယ်။
![Photo Credit : Honey Nway Oo Facebook's Acc](https://s9.kh1.co/__image/w=650,h=976,q=100/aa/aa67c4c891f1a312c19121f1d5dc68c12b31ec36.jpeg)
![Photo Credit : Honey Nway Oo Facebook's Acc](https://s9.kh1.co/__image/w=650,h=867,q=100/19/19764f0d5bb9b1e28a9c14ad8a021c1a72cb07eb.jpeg)
ဟန်နီနွေဦးကတော့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ထပ်တူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ ဒါ့အပြင်သူမရဲ့ လူမှုကွန်ယက်ကနေလည်း မြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကို ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့သလို အရေးကြီးလိုက်နာသင့်တဲ့ သတင်းအချက်အလက်တွေကိုလည်း ဝေမျှပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဟန်နီနွေဦးကတော့ ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက ပြည်သူအားလုံးစတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာလမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ပြည်သူတွေနဲ့အတူအားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။
![Photo Credit : Honey Nway Oo Facebook's Acc](https://s9.kh1.co/__image/w=650,h=488,q=100/00/009a564972e09776ef7b1c086b319576d51b2b14.jpeg)
![Photo Credit : Honey Nway Oo Facebook's Acc](https://s9.kh1.co/__image/w=650,h=488,q=100/cb/cbde503b4ce8334c9e72f47c21474a7271f50b8b.jpeg)
အခက်အခဲတွေကြားက သွေးမအေးသွားဘဲ ရဲရင့်စွာလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ဟန်နီနွေဦး ရဲ့ ခိုင်မာပြတ်သားတဲ့စိတ်ထားတွေနဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ပရိသတ်တွေအားလုံးက သဘောကျနေကြတာ ဖြစ်ပါတယ်..။
![Photo Credit : Honey Nway Oo Facebook's Acc](https://s9.kh1.co/__image/w=650,h=867,q=100/24/247f94c284b02e8771bc5082dfb144a5852fbc0c.jpeg)
![Photo Credit : Honey Nway Oo Facebook's Acc](https://s9.kh1.co/__image/w=650,h=867,q=100/f3/f39c77e90f015f8902baf0877bb94b47a118f129.jpeg)
လက်ရှိအခြေအနေတွေအရ ရှောင်တိမ်းနေရရပြီး တောထဲကို ရောက်ရှိနေတဲ့ ဟန်နီနွေဦးဟာ မြို့ပေါ်မှာရှိနေတဲ့ပြည်သူတွေကို တောင်းဆိုချက်တစ်ခု ပြောလာပါတယ်။
ဟန်နီနွေဦးက " ❗️တော်လှန်ရေးရဲ့ အင်အားဟာ ပြည်သူအားလုံးဆီမှာ ရှိတယ်။
အခုဆိုရင် တောထဲတွေမှာ လူငယ်တွေ၊ ပြည်သူတွေဟာ စစ်ကောင်စီကို အနိုင်တိုက်ဖို့ ယုံကြည်ချက်ကိုယ်စီနဲ့ပြင်ဆင်နေကြပါတယ်။ တချို့နေရာတွေမှာလည်း စစ်ကောင်စီကို တိုက်ပြီး တိုက်ပွဲတွေဝင်နေကြပါပြီ ။
![Photo Credit : Honey Nway Oo Facebook's Acc](https://s9.kh1.co/__image/w=650,h=867,q=100/94/94e3d16550d980c01b128bc271f4d14240bf83cd.jpeg)
![Photo Credit : Honey Nway Oo Facebook's Acc](https://s9.kh1.co/__image/w=650,h=867,q=100/b6/b67763b60b93b89c711d32c9ae23865ccffa2404.jpeg)
မြို့ပေါ်ကပြည်သူတွေအနေနဲ့လဲ အခုချိန်အထိသွေးမအေးကြဘဲနဲ့ ရတဲ့နည်းနဲ့ စစ်ကောင်စီကို တော်လှန်နေတုန်းပဲလို့ ကျနော် ယုံကြည်ပါတယ်။ ပြည်သူတရပ်လုံးညီညီညာညာလုပ်နိုင်ကြမယ့် တော်လှန်ရေးပုံစံတွေကိုလည်းကျောင်းသားသမဂ္ဂတွေ၊ တော်လှန်ရေးအင်အားစုတွေက အမြဲတိုက်တွန်းနှိုးဆော်နေတာလည်း တွေ့ရပါတယ်။အဲဒီတော့ မြို့တွေပေါ်မှာရှိနေတဲ့ ပြည်သူတွေအနေနဲ့ CDM လှုပ်ရှားမှုကို မမေ့ထားဖို့၊ မီတာမဆောင်ဖို့၊ အခွန်မဆောင်ဖို့၊ စစ်ကောင်စီရဲ့ ထုတ်ကုန်များကို သပိတ်မှောက်ဖို့၊ စစ်ကောင်စီရဲ့ အမိန့်၊ ညွှန်ကြားချက်မှန်သမျှကို မလိုက်နာဖို့၊ ကျောင်းမတက်ဖို့၊ ဆန္ဒပြနေတဲ့လူငယ်များကို အားပေးထောက်ခံကြဖို့၊ ပူးပေါင်းပါဝင်ကြဖို့ စတဲ့နည်းလမ်းတွေနဲ့ တော်လှန်ရေးမှာ ဆက်လက်ပါဝင်ပေးကြဖို့ လိုအပ်ပါတယ်။
ဒါ့ကြောင့် တောထဲကရဲဘော်တွေနဲ့ တသားတည်းရှိကြောင်းကို မြို့ပေါ်မှာ စစ်ကောင်စီကိုလုံးဝအုပ်ချုပ်ခွင့်မပေးခြင်းဖြင့် ပြသပေးကြပါရန် တိုက်တွန်းအပ်ပါတယ်ခဗျ။" ဆိုပြီး သူမရဲ့ လှုမှုကွန်ယက်ကနေ တောထဲက ရဲဘော်တွေနဲ့ တစ်သားတည်းရှိကြောင်း မြို့ပေါ်ကပြည်သူတွေ ပြနိုင်တဲ့ နည်းလမ်းလေး ပြောပြလာတာပဲ ဖြစ်ပါတယ်။
![Photo Credit : Honey Nway Oo Facebook's Acc](https://s9.kh1.co/__image/w=650,h=974,q=100/59/591d67c29ea0a6ddcb16321d72ec459035d5a0ee.jpeg)
![https://s9.kh1.co/__image/w=650,h=968,q=100/de/de34c7b3293eafaa5e37b29b8c8579933c531191.jpeg](https://s9.kh1.co/__image/w=650,h=968,q=100/de/de34c7b3293eafaa5e37b29b8c8579933c531191.jpeg)
![Photo Credit : Honey Nway Oo Facebook's Acc](https://s9.kh1.co/__image/w=650,h=338,q=100/65/653608acfee14c44d74d6c562488c6974a61aa12.jpeg)
Photo Credit : Honey Nway Oo Facebook's Acc