အာဖရိကမှာ စိန်ရှာဖို့အတွက် တောထဲသွားရင်း ပန်တိုင်းရောက်မှ နွယ်ပင်စားတာခံလိုက်ရတဲ့ လူတစ်စု

//s9.kh1.co/a6/a67889c545bda43bcab980756ff468402b9fc8c4.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-နို-၂၀၂၁ ၃pm · လွန်ခဲ့သော ၄ နှစ် က

.

နွယ်ငန်း (သို့မဟုတ်) အသားစားနွယ်ပင်တွေဟာ တောတောင်ထူထပ်တဲ့နေရာများမှာ ပေါက်ရောက်ပြီး သက်ရှိသတ္တဝါများကို ရစ်ပတ်စားသုံးတက်ကြပါတယ်။ ဒီနွယ်ပင်တွေရဲဲ့ လက်တံတွေဟာ ရေဘဝဲလက်တံတွေကဲ့သို့ လှုပ်ရွပြီး ရှင်သန်နိုင်တာက ထူးခြားလွန်းပါတယ်။ သတ္တဝါတွေကို ရစ်ပတ်စားသုံးရခြင်းအကြောင်းမှာ နွယ်ငန်းပင်တွေအတွက် လိုအပ်တဲ့ ဩဇာဓာတ်များဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်အပြင် နိုက်ထရိုဂျင်ဓာတ်လည်း အရေးတကြီး လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=600,h=546,q=100/0c/0c2851c79d9751cda05a641372847cf08913c79d.webp
https://s9.kh1.co/__image/w=512,h=360,q=100/38/389457542d2170eeec72c10efb94de2c9305982e.jpg

အခြားအပင်တွေရဲ့ ခြေရင်းမှာ ပေါက်နေတာကြောင့် အစာရေစာ အလုံအလောက်ရရှိရန် မလွယ်ပါဘူး။ ဒါ့ကြောင့် သူတို့ရဲ့ အစာအာဟာရအတွက် အနားကိုရောက်လာတဲ့ ပိုးမွှားတွေကို ဖမ်းယူစားသောက်ပြီး နိုက်ထရိုဂျင်ဓာတ်ကို ထုတ်ယူကြပါတယ်။ နွယ်ငန်းပင်တွေမှာ ဆင်နှာမောင်းနဲ့တူတဲ့ တင်တီကယ်အမျှင်များရှိပြီး မိမိတို့အနားကို သက်ရှိသတ္တဝါများရောက်လာပါက တွန့်လိမ် ရစ်ပတ်ပြီး အပင်ခြေရင်းသို့ ဆွဲယူတတ်ပါတယ်။ အရစ်ပတ်ခံရတဲ့ သတ္တဝါဟာ ရုန်းကန်တွန်းလှန်နိုင်ခြင်း မရှိပါက အပင်ခြေရင်းမှာပဲ သေကြေပျက်စီးရပါတယ်။ နွယ်ရှင်တွေနဲ့ပတ်သက်ပြီး လူတွေပြောကြတဲ့ ဇာတ်လမ်းတစ်ခုကိုလည်းဖော်ပြလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=355,q=100/a4/a44bc73e812ea572d53b3da0a276e6f4d3e277da.webp
https://s9.kh1.co/__image/w=380,h=240,q=100/05/052af66b1318434cb30fb6e5ddb7aa2173733542.jpg

၁၁ရာစုလောက်တုန်းက အာဖရိကတိုက်မှာ ရှေးဟောင်းစိန်တံုးရှာဖွေဖို့ ထွက်ရှိလာတဲ့ လူအုပ်တစ်စုဟာ မိမိတို့ရဲ့ ပန်တိုင်းရောက်မှပဲ နွယ်ရှင်တွေရဲ့တိုက်ခိုက်မှုကြောင့် အကုန်အသက်ပျောက်ကုန်ပါတယ်။ ရှာဖေွရေးအုပ်စုရဲ့ အတင်းအကြပ်စေခိုင်းမှုကြောင့် လမ်းပြလုပ်ပေးရတဲ့ ဒေသခံလူတွေလည်း စည်းမျဉ်းဖောက်ဖျက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ စိန်တုံးကြီးကိုခိုးဖို့ရည်ရွယ်ချက်နဲ့ နောက်ကနေလိုက်လာတဲ့ ကလေးလေးဟာလည်း စိန်တုံးကြီးကို လိုချင်ပေမယ့် အသက်တော့ မဆုံးရှုံးချင်လို့ ပြန်ပြေးလာခဲ့ပြီး နေရာအတိအကျကိုတော့ ဘယ်တော့မှ မပြောပြခဲ့ပါဘူး။ နွယ်ငန်း အပင်ငယ်မျိုးကို မြန်မာပြည်မှာလည်းတွေ့နိုင်ပြီး အာဖရိကမှာတော့ လူနဲ့တကွ သတ္တဝါကြီးများကိုတောင် ဖမ်းယူစားသောက်နိုင်တဲ့ နွယ်ငန်းပင်ကြီးများပင် ရှိပါတယ်။ သေချာတာတစ်ခုကတော့ အကောင်ကြီးတွေကိုစားနိုင်လောက်တဲ့ထိ ကြီးမားလှတဲ့ နွယ်ပင်တွေကိုတော့ တွေ့ရှိဖို့ မဖြစ်နိုင်ပါဘူး။ ဘာလို့ဆို ဘယ်သူမှ သူတို့ရှိတဲ့နေရာကိုအတိအကျ မသိလို့ပါ။

https://s9.kh1.co/__image/w=600,h=856,q=100/13/13ceefd7a5fa34fd5076042ffa8d518c09686c83.webp
https://s9.kh1.co/__image/w=271,h=300,q=100/56/56340f943c17aa06d7def9bfcdabda13c854ccfa.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T