မီးလောင်မှုဖြစ်ပွားစဉ် ရိုက်ကူးခဲ့တဲ့ ပုံတွေထဲက မီးလျှံများကြားထဲမှာ မတ်တပ်ရပ်နေတဲ့ ထူးထူးဆန်းဆန်း ကောင်မလေး

//s9.kh1.co/4f/4fc6b9cd9600dc89524c4bfc9b26fa866d8da717.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-နို-၂၀၂၁ ၁၁am · လွန်ခဲ့သော ၄ နှစ် က

.

ခုဖော်ပြမယ့် ဖြစ်ရပ်လေးကတော့ လန်ဒန်မှာဖြစ်ပွားခဲ့တဲ့ ထူးထူးဆန်းဆန်း ဖြစ်ရပ်လေးတစ်ခု ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့မှာ ရှယော့ရှိုင်းယားက ဝမ်းမြို့တော်ခမ်းမမှာ အကြီးအကျယ်မီးလောင်ခဲ့ပါတယ်။ ဒီမီးလောင်မှုကို ဓာတ်ပုံဆရာ တိုနီအိုရဟလီက အမိအရ မှတ်တမ်းဓာတ်ပုံရိုက်ယူခဲ့သလို သူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေထဲက တစ်ပုံကြောင့် အံ့အားသင့်သွားခဲ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုရင် သူရိုက်ခဲ့တဲ့ပုံတွေထဲက တစ်ပုံမှာ မီးတောက်မီးလျှံတွေကြားမှာရပ်နေတဲ့ ကလေးမလေးတစ်ယောက်ကို တွေ့ခဲ့ရတာကြောင့် ပဲဖြစ်ပါတယ်။

1995 Photo
1995 Photo

ဒါ့ကြောင့် ဓာတ်ပုံဆရာဟာ ဒီကလေးမလေး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာသိရဖို့အတွကိ ဒီမီးလောင်မှုကို မျက်မြင်တွေ့ခဲ့ရတဲ့ မီးသတ်သမားတွေနဲ့ လူတွေကိုလိုက်လံမေးမြန်းခဲ့ပေမယ့် ဘယ်သူမှမသိရှိကြပါဘူး။ အသေအပျောက်စာရင်းက သေဆုံးကလေးစာရင်းကိုစစ်ခဲ့ပေမယ့်လည်း ဒီကလေးမရဲ့စာရင်းကို မတွေ့ရှိခဲ့ပါဘူး။ ဒ့ါကြောင့် ဒီကလေးမလေးဟာ သူ့အတွက် ပဟေဋိတစ်ခုလိုဖြစ်နေခဲ့ပြီး သူရိုက်ခဲ့တဲ့ ဓာတ်ပုံက နာမည်ကြီးလာတဲ့အခါမှာတော့ ဒီဓာတ်ပုံဟာအစစ်ဟုတ်မဟုတ် ဓာတ်ပုံပညာရှင်တွေက ဝိုင်းဝန်းစစ်ဆေးခဲ့ပေမယ့်လည်း အဖြေကတော့ ဓာတ်ပုံအစစ်လို့သာထွက်ခဲ့ပါတယ်။

1995 Photo
1995 Photo

အဲ့ဒီနောက် အားလုံးကစိတ်ဝင်စားလာကြပြီး ဝိုင်းဝန်းစစ်ဆေးတဲ့အခါမှာတော့ ဒီအဆောက်အအုံကြီး မတည်ဆောက်ခင်က ဒီနေရာမှာ မီးအကြီးအကျယ်လောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းကို သိခဲ့ရပါတယ်။ ဒီဖြစ်ရပ်ရဲ့ အစက ၁၆၂၂ ခုနှစ်တုန်းက အသက် ၁၄ နှစ်သာရှိသေးတဲ့ ဂျိမ်းချန်း (Jane Churm) ဆိုတဲ့ ကလေးမလေးဟာ သူမပြုတ်ကျခဲ့တဲ့ ဖယောင်းတိုင်ကြောင့် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး သူမကိုယ်တိုင်လည်း သေဆုံးခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/38/3823471d650650d67b72b5fe359bad0f6734b54c.jpg

ကလေးမလေးရဲပုံနဲ့ ဓာတ်ပုံဆရာရိုက်ထားတဲ့ပုံထဲက ကလေးမလေးရဲ့ မျက်နှာကိုတိုက်ကြည့်တဲ့အခါမှာလည်း တစ်ပုံတည်းတူနေတာကြောင့် ဒီကလေးမလေးဟာ သေဆုံးပြီး မကျွတ်လွတ်သေးမှန်း အားလုံးကသိခဲ့ကြပါတယ်။ တချို့တွေ‌ေပြာတာကတော့ ယနေ့တိုင် ကလေးမလေးဟာ ဒီအဆောက်အအုံကို လာရောက်တဲ့သူတိုင်းကို ခြောက်လန့်လေ့ရှိကြောင်း ပြောလျက်ရှိပါတယ်။ ၁၉၉၅ ခုနှစ် မီးလောင်မှု မဖြစ်ခင် သူမကို ၁၉၂၂ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ ပုံထဲမှာလည်း တွေ့ရှိခဲ့ရပါ‌ေသးတယ်။

1922 Photo
1922 Photo
1922 Photo
1922 Photo
https://s9.kh1.co/__image/w=280,h=210,q=100/be/beeab150a89f337467d571e3efd5a54c8b81d110.jpg

သတင်း အရင်းအမြစ် Metro

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T