ငါးတစ်ကောင်ဆိုပေမယ့်လည်း Vampire Fish လို့ခေါ်ရလောက်တဲ့ထိ ကြမ်းတမ်းလွန်းလှတဲ့ ပင်လယ်ရေအောက်က မကောင်းဆိုးဝါးကြီး

//s9.kh1.co/d7/d7af91f6e4967c3afeda5e369a9fda877f569c57.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၄ နှစ် က

.

ခုဖော်ပြမယ့် အကြောင်းကတော့ Vampire Fish လို့ လူသိများတဲ့ ငါးအကြောင်းပဲဖြစ်ပါတယ်။ ငါးရဲ့ အမည်ကိုကြားလိုက်ရကတည်းက ကြောက်မက်ဖွယ်ဖြစ်ပြီး အားပြင်းတဲ့ အသားစားငါးမျိုးဖြစ်တယ်ဆိုတာ သိရှိရမှာပါ။ အဲ့အပြင် ဒီငါးရဲ့ခန္ဓာကိုယ် တစ်ဝက်မျှရှိတဲ့ ငါးများကို အငမ်းမရ အားရပါးရ စားနိုင်ကြပါတယ်။ ဒီငါးတွေဟာ ၄ ပေခန့်မျှသာ ရှည်လျားပေမယ့်လည်း အသားစားငါးတွေကိုတောင် စားနိုင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/dd/ddf1d14c8e6427f7c5d0fc6053ba1c01b2bb9af3.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/7b/7bc21fdb4dc76519775cae7ef1a18f0f34bc2ff6.jpg

အလွန်ကြမ်းတမ်းတဲ့ ၀မ်းဗို်က်နီဆိုတဲ့ အသားစားငါးတွေကိုတောင် စားနိုင်တဲ့ငါးတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီငါးတွေအရမ်းကို ကြမ်းတမ်း သန်စွမ်းနေကြတာပါ။ ဒါကြောင့်ပဲ ဒီငါးတွေရဲ့ ကြမ်းကြုတ်လွန်းတာကို ကိုယ်စားပြုပြီး Vampire Fish ခေါ် သွေးစုတ်ငါး လို့ခေါ်ကြပါတယ်။ ငါးတွေရဲ့ အောက်မေးရိုးက အစွယ်နှစ်ချောင်းဟာ ၆ လက်မ လောက်တောင်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=436,q=100/32/32115d8053a5e39f51521258ff01d81f91a6d472.jpg
https://s9.kh1.co/__image/w=650,h=434,q=100/30/304656580c5663f0c5fd1f9da43e9b279320bd6c.jpg

ဒီအစွယ်တွေကတော့ သူတို့အစာရှာဖွေရာမှာ သားကောင်းကို အစွယ်နဲ့တစ်ချက်ထဲထိုးပြီး အဆုံးသတ်ကြပါတယ်။ သူတို့ရဲ့ အပေါ်မေးရိုးပေါ်မှာ အပေါက်များရှိနေပြီး ဒီအပေါက်တွေဟာ ရန်သူနဲ့တိုက်ခိုက်ချိန်မှာတော့ သူတို့ခန္ဓာကိုယ်ထဲ ထိုးမသွင်းနိုင်အောင် ဟန်တားထားနိုင်သလိုဖြစ်ပါတယ်။ သူရဲ့ဒီလိုပုံစံဟာ သွေးစုပ်ဖုတ်ကောင်နဲ့တူပြီး သန်မာမှုကလည်း အပေါ်မှာဖော်ပြထားသလို ကြမ်းတမ်းတာကြောင့် Vampire Fish ဆိုတဲ့နာမည်နဲ့ လိုက်ဖက်ပါပေတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/b3/b33a0ab4be75b12947b5e54474e10d1ae0c89d86.jpg
https://s9.kh1.co/__image/w=650,h=910,q=100/7a/7a532b4106dc0856d7bb13ef292d326c0385a276.jpg

သတင်း အရင်းအမြစ် Wildlife

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T