နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံ Dili International Film Festival မှာ ထပ်မံဆုရရှိခဲ့တဲ့ အူဝဲနဲ့ ပိုင်ဖြိုးသုတို့ပါဝင်သရုပ်ဆောင်ထားတဲ့ “What Happened to the Wolf?”ရုပ်ရှင်ဇာတ်ကား

//s9.kh1.co/1f/1f9d27e36413aac38ca9d340b67925a1a6b221bc.jpg
အနုပညာရှင်များ

 ၂၂-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

လူကသာ အဖမ်းဆီးခံနေရတာ အနုပညာကတော့ ကမ္ဘာမှာပါအောင်မြင်နေကြတာ ...

သရုပ်ဆောင်အိန္ဒြာကျော်ဇင် နဲ့ ပိုင်ဖြိုးသုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “What Happened to the Wolf?” ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာသေးမီက ဂျာမနီကရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တာလည်းဖြစ်ပါတယ်။  နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံ  Dili International Film Festival မှာလည်း BEST NARRATIVE FEATURE AWARD ကို ထပ်မံဆွတ်ခူး ရရှိခဲ့တာဘဲဖြစ်ပါတယ်။

Photo Credit : Dili International Film Festival
Photo Credit : Dili International Film Festival

ဒီကားဟာ ဂျာမနီနိုင်ငံ Oldenburg International Film Festival ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ နှစ်ဦးစလုံးဟာ ရုပ်ရှင်ပွဲတော်ရဲ့ သရုပ်ဆောင်ထူးချွန်ဆုတစ်ခုအတွက် ဆန်ကာတင်စာရင်းမှာလည်း ပါဝင်နေခဲ့ပြီး အိန္ဒြာကျော်ဇင်က Seymour Cassel Award for Best Performance ဆု ဆွတ်ခူးရရှိထားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Oldenburg International Film Festival
Photo Credit : Oldenburg International Film Festival
Photo Credit : Original Uploader  
Photo Credit : Original Uploader  

ဒီကားကိုတော့ ဒါရိုက်တာ ဏကြီးက ရိုက်ကူးပြီး အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့နဲ့အတူ အမျိုးသားသရုပ်ဆောင် တွေဖြစ်ကြတဲ့ လွင်မိုး၊ အောင်မြင့်မြတ်တို့က ပါဝင်ထားကြကာ ကျော်ထက်အောင်၊ ထူးသာ၊ သီရိစိုး၊ အားကိုးရာ တို့က ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားကြပါတယ်။

Photo Credit : Original Uploader  
Photo Credit : Original Uploader  

လက်ရှိကာလ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းမှုနဲ့အတူ အနုပညာလှုပ်ရှားမှုတွေလည်း ရပ်တန့်သွားခဲ့ရသလို နွေဦးတော်လှန်ရေးမှာ ပြည်သူ့ ဘက်တော်သားတွေအနေနဲ့ အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်ခဲ့ကြသူတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေနဲ့ ပိုမိုဆိုးရွားလာနေခဲ့တာပါ။

Photo Credit : Original Uploader  
Photo Credit : Original Uploader  
Photo Credit : Original Uploader  
Photo Credit : Original Uploader  

ဒီကားထဲမှာပါဝင်တဲ့ သရုပ်ဆောင်မင်းသမီး အိန္ဒြာကျော်ဇင် က ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ပြေတီဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါအပြင် သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးတို့ကိုလည်း စစ်ကောင်စီက နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားလို့ အနုပညာဇနီးမောင်နှံ ၂ ဦးစလုံး ထွက်ပြေးတိမ်းရှောင် နေရတာဖြစ်ပါတယ်။

Photo Credit : Original Uploader  
Photo Credit : Original Uploader  
Photo Credit : Original Uploader  
Photo Credit : Original Uploader  

အောက်တိုဘာလ ၁၈ ရက်နေ့က ပုဒ်မ (၅၀၅ က)နဲ့ အမှုဖွင့်ခံရတဲ့ အနုပညာရှင်တချို့ကို အမှုပိတ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပေမဲ့ အကျဉ်းကျခံနေရတဲ့ ထင်ရှားတဲ့အနုပညာရှင်တွေဖြစ်ကြတဲ့ အကယ်ဒီ လူမင်း၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်၊ ပိုပို၊ ဝင်းမင်းသန်း စတဲ့သူတွေ မပါလာသေးပါဘူး။

Source: Original Uploader  

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T