ဥတုရာသီ(၄)ခု ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေထဲမှာ တောင်ကိုရီးယားနိုင်ငံကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အောက်တိုဘာလရဲ့ တတိယရက်သတ္တပတ်ကအစပြီး နိုဝင်ဘာလရဲ့ ပထမအပတ်အထိက ဆောင်းဦးကာလ စတင်ပြောင်းလဲခါစ အချိန်လည်းဖြစ်ပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးနဲ့တောင်တန်းကြီးတွေပေါ်က သစ်ပင်၊ သစ်အုပ်များဟာ ဟိုနေရာတစ်စု၊ ဒီနေရာတစ်စု အရောင်ပြောင်းတဲ့ အခါသမယဖြစ်တာကြောင့် လာရောက်လည်ပတ်သူများအတွက် ထူးခြားတဲ့အချိန်တစ်ခုလည်းဖြစ်ပြန်ပါတယ်။
ခရီးသွားရတာကို နှစ်သက်ပြီး အလှပတွေကို မှတ်တမ်းတင် ခံစားချင်သူများအတွက် ဂယောင်ဂီဒို ဂွမ်ဂျူးမြို့နယ်မှာရှိတဲ့ တောရွာကလေးက မဖြစ်မနေသွားရမယ့် နေရာတစ်ခုဆိုတာ အသေချာပါပဲ။ ဒီနေရာလေးက ကိုရီးယားရဲ့ အလှပဆုံးစာရင်းဝင်နေရာတစ်ခုလို့ ပြောရလောက်အောင် လှပတဲ့နေရာလေးတစ်ခုပါ။ တောရွာကလေးရဲ့ ဆောင်းဦးရာသီရှုခင်းအလှကို Mono-Railလဲ စီးပြီးလည်း ခံစားလို့ရပါသေးတယ်။ ဒီလိုလှပလွန်းလှတဲ့ တောရွာကလေးက ပုံရိပ်တွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source : Asia People Myanmar