မိဘနှစ်ပါးရဲ့ အတင်းအကြပ်စေခိုင်းမှုကြောင့် ၁၀ ပတ်ကြာအစာမစားပဲ ဥပုသ်စောင့်ရာမှ သေဆုံးသွားရတဲ့ ၁၃ နှစ်ရွယ် ကလေးမလေး

//s9.kh1.co/cb/cbf86e832d3dad872d5e7bf31446a98946980696.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

၁၀ ပတ်ကြာ ဘာသာရေးအတွက် အစာရှောင်ဥပုသ်စောင့်မှုအပြီး ၁၃နှစ်အရွယ် ကလေးမလေး သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသွားတဲ့ ၁၃ နှစ်အရွယ်အိန္ဒိယကလေးမရဲ့ မိဘနှစ်ဦးဟာ သမီးသေဆုံးမှုနဲ့ ဆက်စပ်ပြီး တရားစွဲဆိုခံခဲ့ရပါတယ်။ "မိဘနှစ်ပါးဖြစ်တဲ့ Laxmi Chand နဲ့ Manshi Samdariya တို့မှာ လူသတ်မှုနဲ့ မကင်းတဲ့အတွက် လူငယ်တရားစီရင်ရေး အက်ဥပဒေ ကျူးလွန်သူစာရင်းမှာ မှတ်တမ်းတင်ထားကြောင်း" ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘီဘီစီသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

https://s9.kh1.co/__image/w=640,h=524,q=100/15/155ad6f051679435d0541c2dd9b93f19b2592bbe.jpg

ကလေးမဟာ မိသားစုထံ ကံကောင်းခြင်းယူဆောင်ဖို့ အစာရှောင်ဥပုသ်စောင့်ခဲ့တာလို့ Times of India သတင်းအရ သိရပါတယ်။ "သူမ ဖခင်ရဲ့ ဆရာက ဒီမိသားစုကို ၆၈ ရက် ဥပုသ်စောင့်အစာရှောင်ရင် စီးပွားဖြစ်ထွန်းမယ်လို့ အကြံပြုခဲ့ကြောင်း" ကလေးငယ်များ အခွင့်အရေးတက်ကြွလှုပ်ရှားသူ Achyut က ဘီဘီစီဟိန္ဒီအစီအစဉ်ကို ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=640,h=960,q=100/3a/3a21dbbc2acde47d7eedd2fb03c9fa08e9be12ec.jpg

Aradhana Samdariya ဟာ အိန္ဒိနိုင်ငံတောင်ပိုင်း Hyderabad မြို့အခြေစိုက် ချမ်းသာတဲ့ လက်ဝတ်ရတနာဆိုင်ရှင်ရဲ့ သမီးဖြစ်ပါတယ်။ ဒီမိသားစုဟာ အဲဒီအရပ်ဒေသရဲ့ လူနည်းစုကိုးကွယ်တဲ့ဘာသာ Jain ဘာသာကို ယုံကြည်လက်ခံသူတွေ ဖြစ်ပါတယ်။ မိဘတွေကတော့ ကလေးကို အတင်းအကြပ် အစာမရှောင်ခိုင်းကြောင်း၊ သူမကိုယ်ပိုင် သဘောဆန္ဒအရရောက်လာပြီး အခွင့်တောင်းခဲ့တာဖြစ်ကြောင်း ငြင်းဆိုထားပါတယ်။

https://s9.kh1.co/__image/w=620,h=352,q=100/c9/c948c5e14559b5e7d3bca5c30277b86874151855.jpg

"၅၁ ရက်ကြာပြီးနောက် သူမကို အစာရှောင်တာ ရပ်ဖို့ ပြောခဲ့ပေမယ့် သူမ လက်မလျှော့ခဲ့ပါဘူး။ သူမဆန္ဒအလျောက် အစာရှောင်ခြင်းဖြစ်ကြောင်း၊ သူမကို ဘယ်သူမှ အတင်းမတိုက်တွန်းကြောင်း" ဖခင်ဖြစ်သူ Manshi က ဆိုပါတယ်။ တစ်မျိုးသားလုံးအနေနဲ့ ဒီလို အစဉ်အလာမျိုးကို ကျင့်သုံးမနေသင့်တော့ကြောင်း Rao က ပြောဆိုခဲ့ပါတယ်။ ဘာသာရေးအမြောက်အများမှာ အစာရှောင်မှု ကျင့်သုံးနေပေမယ့် ခုလိုသေရလောက်အောင် အချိန်ကြာမြင့်စွာ အစာရှောင်ခြင်းအမှုက Jain ဘာသာရေးရဲ့လက်ခံထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/df/df3f3657943c32363de7ac43c6c39e2d29d2b1de.jpg

သတင်း အရင်းအမြစ်Time Of India

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T